PBye (4)

2.1K 391 41
                                    

ကစားကွင်း၏​လေထုထဲ၌ အာတာပူစီရနံ့ချိုချို​လေး​တွေနှင့် ပြည့်နှက်​နေသည်။

က​လေး​တွေက သူတို့မိခင်လက်​တွေကိုဆွဲလျက် သကြားလုံး​တွေကို လက်ထဲဆုပ်၍ ​ပျော်ရွှင်​နေကြသလို သက်တူရွယ်တူ သူငယ်ချင်းအုပ်စု​တွေက ​ဘေးချင်းကပ်​လျှောက်လျက် ​ပျော်​ပျော်ရွှင်ရွှင် ရယ်​​မော​နေကြသည်။ စုံတွဲ​တွေဟာလည်း ကြည်ကြည်နူးနူး ပူးကပ်​နေကြလျက် အချို့ဆိုလျှင် ​ဘေးနားတွင်ဘယ်သူမှမရှိသ​ယောင် နမ်းသူကနမ်း ၊ နားရွက်​လေးကို တို့သူကတို့နှင့်...

​လောကကြီးတစ်ခုလုံးက အချိန်​ကောင်းရ​နေပုံ​ပေါ်၏။ ကျွမ်းရိပိုင်တစ်​ယောက်တည်းကသာ အ​နွေးထည်ထူထူအိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထည့်၍ ငူတူတူ ငိုင်တိုင်တိုင်ဖြင့် ခုံတည်းရှည်​ပေါ် ထိုင်​နေမိသည်။

ခပ်လှမ်းလှမ်းက ချားရဟတ်ကို သူ​ငေးကြည့်​နေရင်း Pine​ပြောလိုက်သည့်စကား​တွေက သူ့အာရုံထဲ၌ ​ဝေ့ပတ်သွားလာ​နေ၏။

ဘာလို့ ​နောက်ထပ် ဟန်မ​ဆောင်ချင်​တော့တာလဲ? အစတုန်းက ဟန်ပြသက်သက်ဆိုရင်​တောင် ​နောက်ပိုင်းကျ လုပ်ရိုးလုပ်စဥ်ဖြစ်လာတာပဲ မဟုတ်ဘူးလား? ပြီး​​တော့ သူတို့နှစ်​ယောက် ပုခုံးဖက်ရိုက်ထားတဲ့ဓါတ်ပုံကို ​နောက်ခံဓါတ်ပုံအဖြစ်ထားတာကလည်း တကယ့်သူငယ်ချင်းအရင်းကြီး​တွေ လုပ်တတ်တာမျိုး​လေ။

အခုလက်ရှိ ကျွမ်းရိပိုင် စိတ်ထဲက​နေ ဘယ်လိုပဲပြန်​ပြော​နေပါ​စေ—ကျန်းယွီစုန့်​ရှေ့တွင် သူရပ်​နေချိန်မှာ​တော့ တစ်ခွန်းမှ ပြန်မ​ပြောနိုင်ပါ​ချေ။

ကျန်းယွီစုန့် ​ဒေါသထွက်​နေတာလား သူ​တွေးကြည့်မိ၏။ သူအကြာကြီးစဥ်းစားကြည့်​ပေမယ့်...အရင်တုန်းက ကျွန်းယွီစုန့် သူ့အ​ပေါ် ​​ဒေါသထွက်တာမျိုး မရှိဖူးတဲ့ပုံပဲ။ တစ်ခါတစ်​လေ ​ရှောင်ပိုင် အပူကပ်လွန်းလို့ သူစိတ်ရှုပ်လာပြီဆို မျက်​မှောင်သာကျုံ့သွားတတ်ပြီး အမြန်ဆုံး ပုံမှန်ပြန်ဖြစ်သွားသည်ချည်းသာ။

ပြီး​တော့...သူ့ကို ကျန်းယွီစုန့် ​ဒေါသထွက်စရာအ​ကြောင်းကလည်း ရှိမှမရှိတာ ဟုတ်တယ်မလား?

||Complete|| I Can Do It [MM Translation]Where stories live. Discover now