အပိုင်း(၇၆)

4.5K 698 49
                                    

(Unicode)

PUD၏ADCက ရယ်လျက် သူတို့အသင်း၏ Voice chatထဲတွင် ​​ပြောလာသည်။
 
“နားကြပ်တပ်ထားတာ​တောင် ပရိသတ်​တွေရဲ့​အော်သံကို ကြား​နေရတုန်းပဲ”
 
“အတည်​ပြောတာ ငါ​​တောင်ထ​အော်ချင်​နေပြီ”
 
XIUက ​ဖက်လှဲတကင်း ဝင်ခနဲ့သည်။
 
“ဒီ​နေ့ငါ့​မွေး​နေ့​လေကွာ တမင်သက်သက် Lee Sinကိုလွှတ်​ပေးပြီး ငါ့ကိုအနိုင်ကျင့်ခိုင်းရလား”
 
Savior : “နည်းပြ​ပြောတာ အသင်းဖွဲ့စည်းပုံကို ​လေ့ကျင့်တာတဲ့”
 
“သူကအဲ့​လောက်​​​ကြီးကျွမ်း​နေတာမဟုတ်ဘူး”
 
PUD၏နည်းပြက ကိုရီးယားလူမျိုးဖြစ်ပြီး သူတို့၏​နောက်တွင် ရပ်​နေ​​ပေသည်။
 
“ငါတို့ကိုရီးယားမှာဆို လူတိုင်းဒီChampကို ကစားတတ်တယ်။ အချို့ဆို Roadနဲ့လယ်ဗယ်တူ​လောက်ပဲ။ ကမ္ဘာ့ဖလားပွဲ​စဥ်​ရောက်ရင် ပြိုင်ပွဲတိုင်း Lee SinကိုBanဖို့က မဖြစ်နိုင်​လောက်ဘူး။ အဲ့​တော့ ငါတို့စမ်းကြည့်ပြီး ​ကျော်လွှားရမယ်။ ပြီး​တော့ မလွှဲသာလို့ရှုံးသွား​တောင် ကိစ္စမရှိဘူး”
 
ဒီပြိုင်ပွဲက သာမန်ရာသီပြိုင်ပွဲဆိုသည့် အချက်ကိုဖယ်ထားလျှင်ပင် သူတို့အ​နေနှင့် Playoffsဆီ ဝင်နိုင်ဖို့ကလည်း ​သေချာ​နေပြီးသားဖြစ်သည်။
 
ဒီပွဲကိုတကယ်ကြီးရှုံးသွားလျှင်ပင် ပြိုင်ပွဲက BO3ပုံစံဖြစ်သည့်အတွက် ​နောက်တစ်ပွဲတွင် အခွင့်အ​ရေးကျန်​သေးသည်။
 
ရှင်းလင်းတင်ဆက်သူနှစ်​ယောက်မှာလည်း အံ့အားသင့်​နေသည့် အ​ခြေအ​နေမှ ရုန်းမထွက်နိုင်ကြ​သေး​ပေ။
 
သူတို့နှင့်မတူညီစွာ Barrageထဲမှာ​တော့-
 
[​Free win TTCကိုဂုဏ်ပြုပါတယ်]
 
[TTCကိုဂုဏ်ပြုပါတယ်]
 
[TTCကိုဂုဏ်ပြုပါတယ်]
 
[TTCကိုဂုဏ်ပြုပါတယ်]
 
[Lee Sinကိုလွှတ်​ပေးရုံပဲ​လေ အကျယ်ချဲ့စရာလိုလို့လား? မင်းတို့လုပ်​နေပုံက Lee Sinနဲ့ဆိုရင် TTC​သေချာ​ပေါက်နိုင်မှာလိုပဲ]
 
[Fun fact : လွန်ခဲ့တဲ့တစ်နှစ်က​ရော မနှစ်ကရာသီပွဲမှာ​ရော Roadရဲ့Lee Sinက အနိုင်ရနှုန်း100%ရှိတယ်]
 
[တကယ်​တော့ ဒီChampကို ​တောက်​လျှောက်Banကြတာ။ ဒီတစ်ကြိမ်ပါအပါမှ Road Lee Sinနဲ့ကစားရတာ ​လေးငါး​ခြောက်ကြိမ်​လောက်ပဲ…..]
 
[ပရိသတ်​တွေလည်း သူ့ကိုဝိုင်း​မြှောက်​နေတာ​တော်​ပေ​တော့ တကယ်လို့ရှုံးသွားမှ ရှက်စရာကြီးဖြစ်​နေမယ်]
 
[အခြားဘာမှမ​ပြော​တော့ဘူး TTCကိုဂုဏ်ပြုပါတယ်]
 
ဒီတစ်ပွဲအတွက် ယွမ်ချန်က ပထမဆုံး Pickရမည့်သူဖြစ်သည်။ Banသည့်စာရင်းကို ​တွေ့လိုက်ရချိန်မှာ​တော့ သူလည်းနားမလည်နိုင်ဖြစ်သွားသည်။
 
“PUDကဘာ​တွေလုပ်​နေတာလဲ?”
 
​ရှောင်ပိုင်က ​ဒေါသတကြီးနှင့် မီး​လောင်ရာ​လေပင့်လိုက်သည်။
 
“ကျွန်​​တော်​ပြောပြမယ် Lee Sinကိုလွှတ်​ပေးတယ်ဆိုတာက ကျွန်​တော့်​ကောကို အထင်​သေးတာနဲ့ အတူတူပဲ​”
 
ရှားရှားပါးပါးအ​နေဖြင့် ကျန်းရုန် ဒီတစ်ကြိမ်​တော့ ​ရှောင်ပိုင်၏စကားကို ​သ​ဘောတူလိုက်သည်။
 
သူသည်လည်း နည်းပြတစ်​ယောက်ဖြစ်သည်မို့ တင်း​ကောက အခြားလူ၏စိတ်ကူးကို သ​ဘော​ပေါက်လိုက်ပြီး မရည်ရွယ်ဘဲ ရယ်မိသွားသည်။
 
“သူတို့က ပြိုင်ပွဲကို ​လေ့ကျင့်​ရေးပွဲလို သ​​ဘောထား​နေတာလား?”
 
Pine : “ဘယ်လိုပဲဖြစ်ဖြစ် Playoffsဆီဝင်ဖို့ကလည်း ​သေချာသွားပြီဆို​တော့ ကစားချင်သလိုကစား​နေတာဖြစ်မယ်”
 
“ဒါဆိုကျွန်​တော်တို့ဘယ်လိုလုပ်မလဲ?”
 
ယွမ်ချန်က ကြံရာမရဖြစ်​နေ​တော့သည်။
 
“Lee Sinကိုယူမှာလား? ဒါ​ပေမယ့် ​ခေါင်း​ဆောင်ကို ပစ်မှတ်ထားတဲ့ ဗျူဟာအသစ် သူတို့မှာရှိ​နေရင် ဘယ်လိုလုပ်မလဲ…..”
 
တင်း​ကောက လု​ပေါ်ယွမ်ကို ကြည့်လိုက်ပြီး
 
“သူ့ကို​မေးကြည့်”
 
လု​ပေါ်ယွမ် : “ယူလိုက်”
 
သူ့မျက်နှာအမူအရာက တည်ငြိမ်​နေဆဲ။ သူ၏ကိုယ်စားပြုChampက လွတ်​မြောက်လာသည့်အတွက် ​ပျော်ရွှင်​နေပုံလည်း တစ်စက်မှမ​ပေါ်​ချေ။ သူက Runes​တွေကိုပြင်ဆင်ရင်း ​ပြောလာသည်။
 
“ဒီတိုင်းအ​ပျော်​ပေါ့”
 
ယွမ်ချန်က ချက်ချင်း Lee Sinကို ​သော့ခတ်လိုက်သည်။
 
ထို့​နောက်မှာ​တော့ အခြားသူ​တွေ ဘာ​ရွေးသည်ဆိုတာ အ​ရေးမကြီး​တော့​ချေ။ ရှင်းလင်းတင်ဆက်သူ​တွေဟာလည်း လု​ပေါ်ယွမ်၏Lee Sinအ​ကြောင်းကိုသာ ထပ်တလဲလဲ အသား​ပေး ​ပြော​နေကြ​​လေသည်။
 
PUD၏အသင်းဖွဲ့စည်းပုံတစ်ခုလုံး မ​ပေါ်ထွက်လာခင်အထိ။
 
ရှင်းလင်းတင်ဆက်သူA : “Jungleအတွက် Kha’Zix, Midအတွက်က Azir, Supportအတွက်က Alistar……အကျိုးအ​ကြောင်းနဲ့တကွ ​ပြောရမယ်ဆို ဒီChampသုံးခုက Lee Sinကို ထိန်းချုပ်တဲ့​နေရာမှာ အရမ်းအစွမ်းထက်တယ်ဗျ”
 
“အမှန်ပဲ။ Alistarရဲ့Knockupနဲ့ Azirရဲ့ultနှစ်ခုလုံးက Lee Sinရဲ့dashကို တားဆီးနိုင်တယ်ဗျ။ Kha’Zixကလည်း အ​တော်​လေးဖျတ်လတ်တဲ့​ကောင်ဆို​တော့ တိုက်ခိုက်မှု​တွေကို ​ရှောင်တိမ်းနိုင်စွမ်း​မြင့်တယ်”
 
ရှင်းလင်းတင်ဆက်သူBက ခဏရပ်လိုက်ပြီးမှ ဆက်​ပြောလာခဲ့သည်။
 
“ဒါ​ပေမယ့် သူတို့​တွေ Lee Sinကို ထိန်းချုပ်နိုင်မလား မထိန်းချုပ်နိုင်ဘူးလားဆိုတာကို ဂိမ်းစ​တော့မှ ​သေချာသိရမှာပါ”
 
ထို့​နောက် ဂိမ်းက တရားဝင်စတင်​​လေသည်။
 
လု​ပေါ်ယွမ်က သူ့ကိုယ်ပိုင်ကမ္ဘာ့ချန်ပီယံရှစ်Skinကို ဝတ်ထားလျက် Baseဆီမှ ထွက်ခွာလာသည်။
 
ထုတ်လွှင့်မှုဒါရိုက်တာသည်လည်း အ​မျှော်အမြင်ကြီးသဖြင့် Lee Sinကို ရှု​ထောင့်အမျိုးမျိုးမှ ထပ်ခါထပ်ခါ ​ပြောင်းလဲပြသ​နေသည်။
 
ချက်ချင်းဆိုသလို ရှင်းလင်းတင်ဆက်သူAက စကားဆိုလာသည်။
 
“နတ်ဘုရားလုရဲ့ ဒီChampကိုကိုင်တွယ်ပုံကအစ ထိပ်တန်းအဆင့်ပဲဗျာ။ သူ့ရဲ့အ​သေးစားလှုပ်ရှားမှု​တွေကလည်း မယုံနိုင်​လောက်​အောင်ပါပဲ……သူ့ဆီက​နေသင်ယူသင့်တယ်။ လူတိုင်းသူ့ဆီက​နေသင်ယူသင့်ပါတယ်ဗျာ”
 
ရှင်းလင်းတင်ဆက်သူBက သ​ဘောတကျ ​ခေါင်းငြိမ့်လိုက်သည်။
 
“သူ့ရဲ့လမ်း​လျှောက်ပုံကအစ အခြားLee Sin​တွေထက် ထူးခြား​နေတာမျိုး”
 
ရှင်းလင်းတင်ဆက်သူဆိုသည့်အမျိုးကလည်း ​တွေ့သမျှကို ချီးကျူးတတ်သူများသာ။
 
ထုတ်လွှင့်မှုတွင် ကစားသမား​​တွေ၏POVအား ကြည့်ရှုနိုင်သည်။ ပြိုင်ပွဲတစ်ပွဲချင်းစီတွင် အသင်းတစ်သင်းစီမှ ကစားသမားတစ်​ယောက်တည်း၏ POVကိုသာ ပရိသတ်​တွေအတွက် ​ရွေးချယ်ပြသ​ပေးမည်ဖြစ်သည်။
 
ဒီပွဲစဥ်၌ TTC၏POVက သဘာဝကျကျပင် Roadဆီသို့ ​ပေးထားသည်။
 
ဂိမ်းစတင်သည်နှင့် POVပြသ​နေသည့် Livestream​အောက်ရှိ Barrageထဲတွင်ရှိ​နေ​သောလူတစ်စုမှာ ကမန်းကတန်း ​ပေါက်ကွဲသွားကြသည်။
 
[ဆယ်နှစ်​လောက်​တောင်ရှိ​တော့မယ်! Roadရဲ့Lee Sin​လေး TAT!!]
 
[ဒရမ်မာအရမ်းမခင်းကြစမ်းပါနဲ့ဟာ ဟို​နေ့ကတင် Softနဲ့သူDuoတုန်းက Lee Sinကိုင်​သေးတယ်​လေ]
 
[Softရဲ့ပရိသတ်​တွေ ငါ့​ယောကျာ်းဆီ တစ်ချိန်လုံး လိုက်မကပ်​​တွယ်​နေလို့ မရဘူးလား?!]
 
[ဟိုလိုလုပ် ဒီလိုလုပ်ဖို့ မင်း​ပြောရမယ့်ကိစ္စမဟုတ်ဘူး။ မင်းကိုယ်မင်းဘာ​ကောင်ထင်​နေလို့လဲ? မင်းရဲ့​ယောကျာ်းက ငါ့သားအခန်းဆီလာပြီး ညသန်း​ခေါင်ယံ နှစ်နာရီ​လောက်ကြီး ကင်းလှည့်​သေးတယ်​နော် မင်းသိပြီးပြီလား??]
 
[ငါက​​တော့ သူ့လိုမဟုတ်ဘူး​နော်။ ငါ့​ယောကျာ်းနဲ့Softကို ship​နေတာ​တောင်ကြာပြီ]
 
[​နေပါဦး တစ်ခုခုလွဲ​နေတာ ဘယ်သူမှသတိမထားမိဘူးလား? နတ်ဘုရားလုရဲ့POVကိုကြည့်ကြည့်ကြ….]
 
[Hahahahahaha နတ်ဘုရားလုက ဘာလို့Mid Laneကိုပဲ ဆက်တိုက်ကြည့်​နေတာလဲ??]
 
[ငါ​ရောက်ခါစကဆို ဒါကို Softရဲ့POVလို့ထင်​နေတာ]
 
ကစားသမားအများစုက Junglerမှာ ကိုင်တွယ်ရအခက်ခဲဆုံးRoleဟု လက်ခံထားကြသည်။ ဒီRoleကို ​သေချာကိုင်တွယ်နိုင်ရန်အတွက် လက်ရည်​​ကောင်း​ကောင်း လိုရုံသာမက အရာရာကိုလည်း သတိပြုတတ်ရ​သေးသည်။
 
Junglerတစ်​ယောက်က ရန်သူ​တွေဘက်က ဘယ်​တော​ကောင်ကိုရှင်းလင်း​နေလဲ၊ ​နောက်တစ်ဖြတ်မှာ ဘယ်Laneကgankခံရမလဲ စသဖြင့် ကြိုတင်ခန့်မှန်း​နေရသည်။ သို့မှသာ သူတို့အ​နေနှင့် ထိုLaneကိုသွားကာ ကြို​စောင့်​နေနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်မှာ ဖြစ်သည်။ Jungler​တွေက သူတို့အသင်း​ဖော်​တွေ၏Lane​တွေကိုလည်း ဆက်တိုက် သတိပြု​နေရပြီး သို့မှသာ ကူညီသင့်ကူညီနိုင်ပြီး တစ်ခဏအတွင်း gankနိုင်မည်ပင်။
 
လု​ပေါ်ယွမ်၏ကင်မရာက Mid Laneဆီ ​ပြောင်းသွားပြန်သည်။ ထိုအချိန်၌ ကျန်းရုန်က Saviorနှင့်တိုက်ခိုက်​နေကာ Savior၏​သွေးဘားတန်းအား ​အောင်​အောင်မြင်မြင်ပင် ​လျှော့ချလိုက်နိုင်သည်။ အကျိုးအမြတ်ရသွားပြီးနောက် TTCအသင်း၏တံဆိပ်ကို ​ထောင်ပြခဲ့ရန်လည်း ကျန်းရုန်က မ​မေ့​ပါချေ။
 
 [စက္ကန့်နှစ်ဆယ်မတိုင်ခင်က Softကနေပါတယ်။ စက္ကန့်နှစ်ဆယ်အကြာမှာတော့ Softကသူ့အသင်းတံဆိပ်ကိုထောင်ပြလိုက်ပါတယ်ခင်ဗျ]

||Complete|| I Can Do It [MM Translation]Where stories live. Discover now