အပိုင်း(၉၆)

4.4K 669 29
                                    

(Unicode)

တင်း​ကောဆီမှ မက်​ဆေ့​တွေဟာ ​တောင်ပြိုသလို တစ်ဟုန်ထိုး ​ရောက်လာ​​​နေလျက်။ ​နောက်ဆုံးမှာ​တော့ တင်း​ကောတစ်​ယောက် သူ့ခံစားချက်​တွေကို မက်​ဆေ့ချ်က​နေတစ်ဆင့် မပို့နိုင်​တော့ဘဲ လု​ပေါ်ယွမ်ဆီ တိုက်ရိုက်သာ ဖုန်းခေါ်လာ​​​တော့သည်။
 
လု​ပေါ်ယွမ်က ​တော​ကောင်တစ်ချို့ကိုရှင်းလိုက်ပြီး BaseဆီRecallကာ ဖုန်းကိုင်လိုက်သည်။
 
“အင်း
 
“Merch​တွေ​ကြော်ငြာ​ပေး​နေတာ။ ပရိသတ်​တွေလည်း ​တော်​တော်​လေး တုံ့ပြန်ချက်​ကောင်းတယ်
 
“ကားချင်းတိုက်မိတာနဲ့ စကား​လေးနည်းနည်း​ပြောရုံပါ….ဒီ​နေ့လည်ပြန်လာမှာလား? ​ပြော​တော့ တစ်ည​နေမယ်ဆို? သ​ဘောပဲ ၊ ​လမ်းခရီးမှာဂရုစိုက်ဦး”
 
သူ့အသံက တည်ငြိမ်​အေး​ဆေး​နေသည်မှာ တစ်ဖက်လူက ‘ဒီ​နေ့ ​ပေကျင်းမှာ​ ​ကောင်းကင်ကြီးက ကြည်လင်​နေတာပဲ ၊ မင်းကို​တောင်သတိရတယ်’ ဟု ​ပြော​နေသည့်အတိုင်း။ တကယ်က​တော့ တင်း​ကော၏စကားတစ်​ကြောင်းတိုင်းမှာ ‘ငလူး’က အနည်းဆုံး သုံးခွန်းပါ​လေသည်။
 
[hahahahaha တင်း​ကောရဲ့အသံကျယ်လိုက်တာများ စပီကာမဖွင့်ဘဲနဲ့​တောင် ကြား​နေရတယ်]
 
[ဘုရားတရားမလို့ တင်း​ကောကြည့်​နေတာ Softရဲ့Livestreamမဟုတ်လို့​ပေါ့ ၊ မဟုတ်ရင်​တော့ ​သူ​ရေးထားတဲ့စာ​တွေမြင်ပြီး ​​ဒေါသထွက်လွန်းလို့ ရှန့်ဟိုင်ကို ​လေယာဥ်ပျံကြီးစီးပြီး ချက်ချင်းထပြန်လာ​လောက်တယ်]
 
[နတ်ဘုရားလုက ဒီလို​ပြော​ပေးမယ်လို့ ထင်​တောင်မထင်ထားဘူး….အရင်တုန်းက တစ်ခါမှမဆဲဖူးတဲ့သူ​လေ]
 
[ဟိုတစ်​ခေါက်က အင်တာဗျူးသူက​ရော…..?]
 
[အဲ့ဒီတုန်းက အလွန်ဆုံးမှ မ​ကျေနပ်တာထုတ်​ပြောတဲ့အဆင့်ပဲ​လေ ဆဲတယ်လို့ဘယ်​ခေါ်မလဲ။ ဒါ​ပေမယ့်….အဲဒီတစ်​ခေါက် အင်တာဗျူးတဲ့​ကောင်က Softကိုဦးတည်ပြီး​လျှောက်​မွှေလို့ သူထုတ်​ပြောတာ​နော် ၊ အခုလည်း RishကSoftကို​လှောင်​နေလို့။ ဒါကြီးက….]
 
[မဟုတ်​သေးပါဘူး ၊ ဟို​စောက်ရူးက LPLကိုတစ်ချိန်လုံး​​လှောင်​နေလို့ မဟုတ်ဘူးလား?]
 
[မ​ပြောကြပါနဲ့​တော့ ၊ အားလုံးငါ့သား​ရှောင်ရှာပိရဲ့အပြစ်​တွေပါ ၊ နတ်ဘုရားလုကို ဒီ​လောက်မွှန်သွား​အောင် ညှို့ယူထားတဲ့ ​စော်​လေး!]
 
(T/N : တကယ်ကို မိန်းက​​လေးအသုံးအနှုန်းသုံးထားတာပါ)
 
[ခုဏတုန်းက ငါ့​ရှေ့တည့်တည့်မှာ တစ်​ယောက်က HTကမိုက်လိုက်တာလို့ လာ​ပြော​နေတာနဲ့ အဲ့တစ်​ယောက် ​ဆေးရုံပါတက်သွားရ​အောင် အ​သေတီး​ပေးလိုက်တယ် ၊ ငါမှန်တယ်မလား ညီအစ်ကိုတို့?]
 
[HTအသင်းက LPLကိုကြိတ်အထင်​သေး​နေတာ အမှန်ပဲ ၊ အသင်းရဲ့ဝန်ထမ်း​တွေကလည်း မထူးမခြားနား။ Masterဆို အင်တာဗျူး​တွေ​ရှေ့မှာ​တောင် ဒဲ့​လှောင်တတ်​သေးတာ။ ဒီလိုအသင်းမျိုးကို အခုထိကြိုက်​နေ​သေးတဲ့လူ​တွေက​တော့ ​ခေါင်း​ချောင်​နေတာပဲ​နေမယ်]
 
LPLဆီ လု​ပေါ်ယွမ် ပထမဆုံးဝင်လာသည့်အချိန်ကတည်းက အခြားကစားသမားကို ​ပေါ်တင်ကြီး လှောင်​ပြောင်ခဲ့ခြင်းမျိုး မရှိ​ပေ။ သူ့အရွယ်​ကောင်းမှာတုန်းက ဒီလိုကိစ္စမျိုးကိုလုပ်ဖို့ မတန်သလိုခံစားခဲ့ရပြီး အခုချိန်မှာ​တော့ သူ့အတွက်က မလိုအပ်​ချေ။ (*ဘယ်သူကမှသူ့ကိုမ​လှောင်ရဲ​တော့လို့ သူကလည်း​လှောင်စရာမလိုဘူး)
 
သို့ဖြစ်ရာ Saviorပြန်​ပေးသည့်ဘာသာပြန်ကို XIUကြားလိုက်စဥ် သူ့မှာ ​မေးခွန်းနှစ်ခုကို ဆက်တိုက်​မေးမိသွားသည်။ “သူတကယ်အဲ့လို​ပြောတာလား?” ၊ “အမှိုက်ဆိုတာဘာလဲမသိဘဲနဲ့ ငါ့ကိုတလွဲ​တွေဘာသာပြန်​ပေး​နေတာမလား?” ပင်။ ပြီး​နောက် သူ့မှာ အလန့်တကြားဖြင့် ဒုတိယတာဝါ​ဘေးတွင်ရပ်ကာ စာရိုက်မိ​တော့သည်…
 
[XIUXIUXIU : ညီကို​ရေ?]
 
အမှန်တိုင်း​ပြောရလျှင် Rishစကား​တွေကိုကြား​တော့ XIUလည်း​ဒေါသထွက်​ပေမယ့် သူ့အသင်းက ကိုရီးယား​ရွှေ့​ပြောင်းကစားသမား​တွေနှင့် ပြည့်နှက်​နေရာ ‘ကိုရီးယားအသင်း’ဟု ပြင်းပြင်းထန်ထန် အဆဲခံထားရသည့်အသင်းဖြစ်​နေသည်မို့ သူ့အတွက်က ခံနိုင်ရည်ရှိ​နေ​ချေပြီ။ ထပ်​ပြောရမည်ဆို ​​သောက်ရူးတစ်​ကောင်ကို စကားရိုင်းရိုင်း​ပြန်ပြောလိုက်လျှင် Anti​တွေအတွက် ​ပြောစရာတစ်ကွက်ပိုသွား​မည်ဖြစ်ကာ ပြစ်ဒဏ်ဆိုသည့်ဟင်းပွဲကြီးကိုပင် စား​ကောင်းစားရဦးမည်။ ဘယ်ရှု​ထောင့်ကကြည့်ကြည့် ကိုယ့်ဘက်ကအရှုံးချည်းသာပင်။
 
လု​ပေါ်ယွမ်က XIU၏မက်​​ဆေ့ကိုဖတ်လိုက်ပြီး တစ်စုံတစ်ရာကို​ပြောမည်ကြံလိုက်စဥ် Rishက ​ပေါက်ပန်း​လေးဆယ်​တွေ ​ပြောလာပြန်သည်။
 
[Rish : ​ကောင်း​သော​နေ့လည်ခင်းပါ ​ဟျောင်း ၊ သူများကိုဆဲစရာမလိုပါဘူး]
 
အခြားပြိုင်ပွဲလိဂ်​တွေအနက် လု​ပေါ်ယွမ်ကသာ LPLမှ နာမည်အကြီးဆုံးကစားသမား ဖြစ်သည်။ အရင်ကိုရီးယားကိုသွားပြိုင်ခဲ့စဥ်က ကိုရီးယား၏ထိပ်တန်းအသင်းများ၏ အိမ်ကွင်းမှာပင် လု​ပေါ်ယွမ်အတွက် ပရိသတ်များ၏Bannarအများစုကို မြင်နိုင်​သေးသည်။
 
သည့်အပြင် နှစ်စဥ်ဆက်တိုက် ‘အ​ကောင်းဆုံးJungler’ ဆိုသည့် ​ခေါင်းစဥ်ကို သူပဲရရှိခဲ့ရာ LCKမှာပင် လု​​ပေါ်ယွမ်က စီနီယာပုံရိပ်ကို အလွယ်တကူပင် ဖန်တီးထားနိုင်ခဲ့သည်။
 
သို့​သော် လွန်ခဲ့သည့်နှစ်တွင် Rishက LCK၏အ​တော်ဆုံးအသင်းဖြစ်သည့် HT၏တရားဝင်ကစားသမားဖြစ်လာကာ သူက Saviorထက် တစ်နှစ်သာကြီးသည်။ သို့ဖြစ်ရာ သူ့ကိုယ်သူ အလွန်အမင်း ​ကျေနပ်​နေ​ပေသည်။
 
[Rish : ​ဟျောင်း မင်းတို့အသင်းရဲ့Mid Lanerအ​ဟောင်းက အလုပ်ပြုတ်သွားပြီလား?]
 
[Rish : အသင်းဘက်က Mid Laner​ကောင်း​ကောင်းတစ်​ယောက် ထပ်မရှာ​ပေးနိုင်​သေး​တော့ ​ဟျောင်းတို့အသင်းအတွက် နှ​မြောစရာပဲ​ပေါ့ ၊  အခုလက်ရှိ ​​ဟျောင်းတို့အသင်းရဲ့ Mid Lanerက သိပ်မ​ကောင်းဘူးမလား]
 
 [Rish : ကျွန်​တော့်စကား​တွေက ​ဟျောင်းကိုမ​ပျော်မရွှင်ဖြစ်သွား​စေတယ်ဆိုရင် ကျွန်​တော်စိတ်မ​ကောင်းပါဘူး။ ​ဟျောင်း ဒီ​နှစ်​ရော MSIကို​ရောက်နိုင်ပါ့မလားဟင်? လူချင်း​တွေ့ပြီး​တောင်းပန်ချင်လို့ပါ]
 
[Savior : ​​​​​သောက်​ရေးမပါတဲ့ ​​​​သောက်​ပေါ​လေး ၊ ကိုယ့်ထက်အကြီးစီနီယာ​တွေနဲ့ ဂိမ်း​ဆော့​နေရင်းတန်းလန်းကြီး လာ​လေ​ပေါ​နေရ​အောင် မင်းတို့အသင်းက စီနီယာ​တွေကို​လေးစားတတ်ရမယ်လို့ သင်မ​ပေးထားဘူးလား?—XIUပို့ခိုင်းလို့ပါ ​ဟျောင်း]
 
XIU၏မက်​ဆေ့ကပဲ Rishကိုအသိစိတ်ဝင်သွား​စေသလား ၊ HTမန်​နေဂျာ​​​ကြောင့်ပဲ Rishတစ်​ယောက် အသက်ထွက်သွားသလား မ​ပြောတတ် ၊ စကား​ပြော​နေရာမှ ရပ်တန့်သွား​​လေသည်။
 
“ဘာ​တွေလုပ်​နေတာလဲ?”
 
လု​ပေါ်ယွမ်၏အသံက ကျန်းရုန်အား သူ့အ​တွေးနွံထဲမှ ပြန်ဆွဲထုတ်လာသည်။
 
“ကိုယ့်ကို​ချောင်းပစ်မလို့လား?”
 
Barrageထဲမှဘာသာပြန်​တွေကိုဖတ်နိုင်ဖို့ ကျန်းရုန်က Raptorစခန်း​ဘေးနားမှ ချုံပုတ်နားတွင် ခဏကြာသည်အထိ ရပ်​နေမိခြင်းပင်။
 
(T/N : ဂိမ်းထဲတွင် တစ်​နေရာထဲ၌ အကြာကြီးရပ်​နေလျှင် စခန်းချ​နေသည်ဟု​ခေါ်ပြီး တစ်စုံတစ်​ယောက်ကို​ချောင်းပစ်ခြင်း ဖြစ်သည်။)
 
ထိုခဏ၌ လု​ပေါ်ယွမ်၏Nocturneက သူ့အ​ရှေ့တည့်တည့်တွင် ရပ်​နေ​ပေသည်။
 
“မဟုတ်ဘူး ဘာသာပြန်​တွေဖတ်​နေလို့”
 
ကျန်းရုန် သူရိုက်ထားသမျှစာလုံး​တွေကို ပြန်ဖျက်လိုက်ပြီး ​မောက်စ်ကို​ရွှေ့လိုက်၏။
 
“​ခေါင်း​ဆောင်က ကိုရီးယားလိုတတ်တာလား?”
 
“နည်းနည်းပါးပါးပါ”
 
“ဘာကို “နည်းနည်းပါးပါး” ရမှာလဲ…”
 
ယွမ်ချန်က တစ်ခုကိုပြန်သတိရသွားပြီး
 
“ငါတို့ချန်ပီယံရှစ်ရတဲ့နှစ်က ကိုရီးယားမှာသွားပြိုင်ရတာ​လေ။ အဲဒီတုန်းက ဖု​ကောကလည်း ငါတို့မရီးဆီက ဖိအား​တွေတအားခံစား​နေရတာနဲ့ ငါတို့မှာ ဘတ်ဂျက်လည်းနည်းနည်းပြတ်​နေတာ။ ကိုရီးယားမှာ စကားပြန်​တွေကလည်း တစ်​ယောက်ကို အနည်းဆုံး အသင်း​ခြောက်သင်း​လောက်ကို တာဝန်ယူထားရ​တော့ သူတို့မှာလည်း လက်ကိုမလည်ဘူး။ ​ရှောင်ပိုင်နဲ့ငါဆို ‘ထမင်းစားရ​အောင်’ တို့ ၊ ‘မိုက်လိုက်တာ’ တို့ ၊ ‘မင်းက​သောက်ရူးလား’ တို့ကို ​​ခြေဟန်လက်ဟန်နဲ့ချည်း ချ​​ရတာပဲ။ ​ခေါင်း​ဆောင်လည်းစကား​ပြော​ရော အလို​လေး! သူ့ကိုရီးယားလယ်ဗယ်က အဆင့်​100လောက်မှာရှိတယ်”
 
“ဝါး အဲဒီအချိန်တုန်းကဆို ငါ့​ကောက ကိုရီးယားကားထဲက ​လျှောက်ထွက်လာသလိုပဲ”
 
​ရှောင်ပိုင်ကလည်း ချက်ချင်း ဝင်​ပြောသည်။
 
“ဟိုဘာလဲ ​ဆော့တို့ ပတ်ခ်တို့ အဲဒီမင်းသား​တွေ တစ်​ယောက်မှ ငါ့​ကောကိုမမှီဘူး”
 
ကျန်းရုန် ပြန်​တွေးကြည့်လိုက်၏။ သူတို့တွေ ကမ္ဘာ့ဖလားရတဲ့နှစ်က လု​​ပေါ်ယွမ် ၁၈နှစ်​လောက်ပဲရှိ​သေးတာမလား?
 
“သူတို့​ပြောတဲ့​ပေါက်ကရ​တွေကို နား​ထောင်မ​နေနဲ့”
 
လု​ပေါ်ယွမ်က ​ပေါ့​ပေါ့ပါးပါးပင် ဆိုလာခဲ့သည်။
 
“သွားရ​အောင်”
 
ကျန်းရုန်က သူ့​နောက်က​နေလိုက်လာပြီး
 
“ဘယ်သွားမှာလဲ?”
 
“အရင်ဆုံး အပြာ​ရောင်Buffယူရ​အောင်”
 
လု​ပေါ်ယွမ်က ​မြေပုံအ​သေး​လေးကို စစ်​ဆေးကြည့်လိုက်ပြီး​နောက် ရန်သူ့​တောထဲကို ​အိမ်အ​ဟောင်းဆီပြန်သလို ဝင်သွား​လေသည်။
 
“ပြီးမှ ​အောက်လမ်းဆီသွားမယ်”
 
တို့ဖူးမှာ​တော့ အခုလက်ရှိ​နွေဦးရာသီပွဲစဥ်တစ်ခုလုံးကို ဆန့်ကျင်​နေမိသလို ခံစား​နေရရှာသည်။
 
ရာသီ၏ပထမဆုံးပွဲစဥ်မှာဆိုလျှင် သူ့ကိုယ်စားပြုချန်ပီယံကို ဆွဲထုတ်လာခဲ့​သော်ငြား ​ခေါင်းမ​ဖော်နိုင်​အောင် အမြစ်ဖြုတ်ခြင်းသာ ခံလိုက်ရသည်။ ထိုအချက်​ကြောင့် သူ့မှာပြန်အဖက်မဆည်နိုင်ကာ သူကစား​နေချိန်တိုင်း တစ်စုံတစ်ခုက လွဲ​ချော်​နေခဲ့၏။ အဆုံးမှာ​တော့ ပွဲစဥ်တစ်​လျှောက်လုံး တစ်ပွဲသာနိုင်ခဲ့ပြီး Playoffsအား နှုတ်ဆက်ခဲ့ရသည်။
 
အခုဆို သူ့မှာ Rankပွဲ​မှာတောင် ​အေး​အေး​ဆေး​ဆေး မကစားရဘူး!
 
သူ့မှာ ADCမရသည့်အပြင် စနစ်က အလိုအ​လျောက် Support​နေရာဆီ ဖြည့်​ပေးလိုက်သည်။ အဲ့သည်​လောက်နှင့်တင် မလုံ​လောက်​သေးဘဲ သူ့ပါတနာဖြစ်သူADCက အခုအချိန်ထိ ပါးစပ်က​နေ စကားအ​ကောင်းတစ်ခွန်းမှ မထွက်ဖူး​သေးသည့် ကိုရီးယားက​သောက်ရူးပင် ဖြစ်​နေ​သေးသည်။ အကယ်၍ အသင်းမန်​နေဂျာကသာ တို့ဖူးကို အနီ​ရောင်အဆင့် အကြီးအကျယ် သတိ​ပေးမထားရင် AFKပြီး ဂိမ်းထဲကထွက်ပစ်လိုက်တာ ကြာလှ​နေပြီ!
 
တို့ဖူး ​ခေါင်း​မော့လျက် သူ့ရမှတ်ကိုစစ်ကြည့်လိုက်​တော့ 0/4/4 ဖြစ်​နေသည်။
 
ပြီး​နောက် ရမှတ်ဇယားကိုဖွင့်ပြီး Rish၏ရမှတ်ကို ကြည့်လိုက်​တော့ Dravenက 1/8/3 ။
 
ပွဲစကတည်းက Rishက တစ်ဖက်အသင်း၏ Mid Lanerနှင့် Junglerကို ​စော်ကားထားသလို ဆန့်ကျင်ဘက်​အောက်လမ်းသွား​တွေက Summoner Riftဗားရှင်း မာ​ကျောက်ပွဲစဥ်ကြီးကို ချက်ချင်းလက်ငင်း ပြင်ဆင်လိုက်ကြ​တော့သည်။ သူတို့​တွေ လမ်းဆီ​ရောက်သည်နှင့် တစ်ဖက်မှလူ​လေး​ယောက်က သူတို့အား အသင့်​စောင့်​နေကြသည်။ တို့ဖူးတို့အသင်းမှ Junglerကလည်း ကြုံရာကျပန်းကစားသမားဖြစ်သဖြင့် ရန်သူ့အသင်းဘက်က Gankသည့်အချိန်တိုင်း ​အောင်မြင်​လေသည်။ ​နောက်ဆုံးမှာ​တော့ တို့ဖူးတို့အသင်းမှာ တာဝါ​တွေကိုလက်လွှတ်ပြီး ထွက်​​ပြေးရ​တော့သည်။
 
သူ့မှာ ရာသီပွဲစဥ်၏ပထမဆုံးပွဲကို ပြန်​ရောက်သွားသလို ဝိုးတဝါး ခံစားလိုက်ရ၏။ သူ့ဦး​နှောက်တစ်ခုလုံးမှာ Zedက သူ့ကိုလိုက်ဖမ်း​နေသည့် မြင်ကွင်းများနှင့်သာ ပြည့်​နေ​တော့သည်။
 
​နောက်ထပ်အ​သေးစားတိုက်ပွဲတစ်ခု၌ အကြမ်းပတမ်း အသတ်ခံရပြီး​နောက် သူ့အ​လောင်း​ပေါ် တက်က​နေသူကို တို့ဖူးမှာ စိုက်ကြည့်​နေရုံသာ တတ်နိုင်သည်။ ​နောက်ဆုံးမှာ​တော့ သူသည်းမခံနိုင်​တော့ဘဲ ဖင်းယင်းဖြင့် ​ဒေါသတကြီး စာရိုက်လိုက်၏။
 
[doufugg : မင်းတက်က​နေတာ လူမှား​နေတယ်ဟ! ညာဘက်က​ကောင်ကမှ ဟို​သောက်ရူးRish! မင်း​​မေလူး!!!]
 
တို့ဖူး၏အ​လောင်း​ပေါ် အိုင်ကွန်တစ်ခုကိုပြရင်း တက်က​နေသည့် ကျန်းရုန်မှာ တစ်စက္ကန့်​လောက် ရပ်တန့်သွားသည်။
 
[softsndd : အို့ ​ဆောရီး]
 
တို့ဖူးတို့အသင်းမှ အသင်းသားတစ်​ယောက်က အရှုံး​ပေးလိုက်ဖို့ကို ငြင်းဆန်​နေဆဲ။ ခက်ခက်ခဲခဲဖြင့် တစ်ဖက်အသင်းမှ သူတို့၏အ​ခြေစိုက်စခန်းကို ဖြိုဖျက်​နေသည်အထိ ရှင်သန်ပြီး​နောက် ပင့်သက်​မောကြီးရှိုက်လိုက်ပြီး တုန်တုန်ယင်ယင်လက်ဖြင့် သူ့စီးကရက်ကို ထုတ်ယူလိုက်သည်။
 
ဂိမ်းထဲမှာ​တော့ ကျန်းရုန်က စကား​ပြောလာပြီး မက်​ဆေ့အများအပြားကို တစ်ဆက်တည်း ပို့​လာ​နေသည်။ ကျန်းရုန် Rishအားဆဲ​နေခြင်းဖြစ်မည်ဟု တို့ဖူးအတွက် ခန့်မှန်း​နေစရာပင် မလိုပါ​​ချေ။
 
စီးကရက်ကို နှုတ်ခမ်းမှာခဲရင်း တို့ဖူး BarrageထဲမှWFတို့ ဘာသာပြန်​ပေးမည်ကို ​စောင့်​နေလိုက်သည်။
 
[softsndd : MSIကို​စောင့်​နေလိုက် ​သောက်ရူး]
 
တို့ဖူး ​ဆေးလိပ်​ငွေ့​တွေကို ရှိုက်သွင်းလိုက်ရင်း ရုတ်တရက်ဆိုသလို ​​လျော့သွားသည့်အမှတ်​တွေက အ​ရေးမကြီး​တော့သလို ခံစားလိုက်ရသည်။
 
[softsndd : မင်းအ​ဖေငါ မင်းရဲ့တရားဝင်အသင်းသားဆိုတဲ့​နေရာက​နေ  လာကန်ချ​​​ပေးလှည့်မယ်]
 
တို့ဖူး ခံစားချက်​​ကောင်းစွာဖြင့် လှစ်ခနဲ ပြုံးလိုက်၏။
 
​ဆေးလိပ်​ငွေ့​တွေကို မှုတ်ထုတ်လိုက်ပြီး သူ့Streamထဲမှ ပရိသတ်အုပ်စုကို ​ပြောလိုက်သည်။
 
“မင်းတို့သိလား ဒီ​ကောင်က တစ်ခါတစ်​လေ​တော့လည်း မှန်တာ​တွေ​ပြောတတ်သား…”

||Complete|| I Can Do It [MM Translation]Where stories live. Discover now