အပိုင်း(၆)

5.2K 782 56
                                    

(Unicode)

Roadကိုလိုက်အတုခိုး​နေတာလား?

လု​ပေါ်ယွမ်၏လက်​တွေက ကီးဘုတ်​ပေါ်တွင် ဆက်ရှိ​နေဆဲ။ အ​တော်ကြာရပ်တန့်​နေပြီးမှသာ စာစရိုက်လိုက်သည်။

[သုံး​လောကရဲ့ပြိုင်ဘက်ကင်း Q-ge : ဟုတ်​လောက်မယ်]

[ငါကစား​တာသာကြည့်​လိုက် : အို့]

[ငါကစားတာသာကြည့်​လိုက် : ဒါဆို လက်​ဆောင်​တွေက​ရောမှားပို့မိတာလား?]

[ငါကစားတာသာကြည့်​လိုက် : ကျွန်​တော်ပိုက်ဆံပြန်​ပေးနိုင်ပါတယ်]

Soft၏အ​ကြောင်း​ပြောသည့်နေ့က ​ရှောင်ပိုင်​ပြောခဲ့ဖူးသည်ကို လု​ပေါ်ယွမ် အမှတ်ရလိုက်သည်။ ​Softက ငွေနှင့်ပတ်သတ်လာလျှင် အရမ်း​​လောဘကြီးပြီး သူ့ကိုလက်​ဆောင်​ပေးသည့် မည်သူ့ကိုမဆို မည်မျှရမ်းကားသည့်IDဖြစ်ဖြစ် ဖတ်ပြတတ်သည်ဟုဆိုကာ ​ရှောင်ပိုင်က သ​ရော်ခဲ့​​​လေသည်။

[​သုံး​လောကရဲ့ပြိုင်ဘက်ကင်း Q-ge : မလိုပါဘူး]

ကျန်းရုန် ​နောက်ထပ်​မေးခွန်းတစ်ခုကို စာရိုက်လိုက်ပြီးမှ သူတို့​ပြောထားသည်များကို ကြည့်မိပြီး သူ့ကိုယ်သူ အ​တော်​လေးစိတ်​ချောက်ချား​နေသည်ဟု ခံစားလိုက်ရသည်​ကြောင့် ရေးပြီးသားစကားလုံး​တွေကို ပြန်ဖျက်လိုက်​တော့သည်။

[ငါကစား​တာသာကြည့်​လိုက် : အသံကြားရလား?]

ကစားသမားအချင်းချင်း ဆက်သွယ်ရအဆင်​ပြေ​စေရန် LOL၌ အသံနှင့်စကား​ပြောစနစ်ပါရှိသည်။ လု​ပေါ်ယွမ် တစ်ချက်ကြည့်လိုက်​တော့ Soft၏မိုက်ခ်သင်္ကေတက တစ်ဖျက်ဖျက်လက်​နေ​လေသည်။

သူနားကြပ်​ကိုပြောင်းတပ်ပြီးသည်နှင့် တစ်ဖက်လူ၏ စာရိုက်​သံကို ကြားလိုက်ရသည်။ အ​တော်​လေးကိုဆူညံ​နေသည်။

[သုံး​လောကရဲ့ပြိုင်ဘက်ကင်း Q-ge : ကြားရတယ်]

"အသံတအားကျယ်​နေလား? အခု​လေးမှ livestreamလွှင့်ပြီးတာဆို​တော့ အသံပြန်ညှိဖို့အရမ်းပျင်း​နေလို့"

Softဘက်မှ​ပြောလာခြင်းပင်။

လု​ပေါ်ယွမ် ထို​ကောင်​လေး၏ သူများကိုဆဲဆို​ဝေဖန်​နေချိန်​ပြောသည့်အသံနှင့် ပုံမှန်စကား​ပြော​နေချိန် အသံကွာခြားချက်ကို သတိပြုမိလိုက်သည်။ အပြစ်တင်​ဝေဖန်​နေချိန်၌ သူ့အသံက​​ ပိုပိုပြီးဒေါသထွက်လာ​အောင်ဆွ​ပေးနိုင်သည့်အပြင် ​လှောင်​ပြောင်​သ​ရော်သည့်ပုံစံဖြစ်​သော်လည်း သူပုံမှန်စကား​ပြောချိန်မှာ​တော့ သူ့အသံက နား​​ထောင်​ကောင်း​ပေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now