အပိုင်း(၁၁၈)

2.5K 378 63
                                    

ကျန်းရုန် အိပ်ရာပေါ်မှောက်လျက်သား အေးခဲသွား၏။ စခရင်ပေါ်မှ သူ့ကာရိုက်တာကို ရန်သူဘက်က Jungler နှင့် Mid Laner နှစ်ယောက်ပေါင်းပြီး သမနေသည်ကိုပင် သူမတုံ့ပြန်နိုင်တော့။

သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ နင်ပေါ်မြို့ကို အသွားတုန်းက လုပေါ်ယွမ်၏ ဆံပင်တိုတို အရောင်ဆိုးထားသည့်ချစ်သူက ဒီStreamerကောင်မလေးများလား ဒါမှမဟုတ် ဟိုတင်ဆက်သူမိန်းကလေးများလား ဟု အင်တာနက်သုံးစွဲသူတွေ၏ ဆွေးနွေးပွဲကို ကြည့်နေရင်း သူ့နောက်ဆုံးဖုန်းအားလက်ကျန်က ကုန်သွားခြင်းပင်။ သူ့မှာ ဒေါသထွက်လွန်းလို့ ကားပြတင်းပေါက်ချပြီး မျက်နှာပင်တောင့်သွားသည်အထိ အတော်ကြာ လေတိုက်ခံခဲ့ရ‌သေးသည်။

အင်တာဗျူးဗီဒီယိုကို တည့်ရှဲလ်ချပြီး "လျှောက်ခန့်မှန်းမနေကြနဲ့ အဲ့တာမင်းတို့အဖေ" ဟု ကပ်ပရှင်တပ်ချင်စိတ်တို့က တစ်ဖွားဖွား။

ကျန်းရုန်က သူလုပ်လိုက်သည့် အပြုအမူ၏နောက်ဆက်တွဲကို ဘယ်တော့မှမစဉ်းစားဘဲ ထင်ရာစိုင်းသည့် လူမျိုး။ ဥပမာပြောပြရရင် လုပေါ်ယွမ်က အသင်းကိုCarryနိုင်ဖို့ အကောင်းဆုံးကြိုးစားနေစဉ် Kanကတော့ အစာ‌ကျွေးနိုင်ဖို့ အကောင်းဆုံးကြိုးစားနေလေရာ ချက်ချင်း သူက ပြိုင်ပွဲကိုလိမ်ကစားနေသည့် Kanကို တည့်သရော်လိုက်သည်။

သူပြောလိုက်တဲ့စကားကြောင့် ပရိသတ်တွေ သူ့ကိုဝိုင်းဆဲကြတော့မယ်ဆိုတာ သူမသိဘဲနေမလား?

သူက ဂရုမစိုက်ရုံ။ မင်းတို့ဘက်က ကြိုက်သလောက် ဆဲ ၊ ငါကလည်း ကြိုက်သလောက် လှောင်မယ် ဆိုတာမျိုး။

လုပေါ်ယွမ်နှင့် သက်ဆိုင်လာတော့မှသာ ကျန်းရုန်မှာ ရှားရှားပါးပါး မြိုသိပ်ထားတတ်လာသည်။

လုပေါ်ယွမ်က ထိပ်ဆုံးတွင် အမြဲရှိလာသူဖြစ်ပြီး ရုတ်တရက် သူက သူ့အသင်းထဲကတစ်ယောက်နှင့် တွဲနေပြီး သူ့ချစ်သူကလည်း ယောကျာ်းတစ်ယောက်ဆိုတာသာ ထုတ်ဖော်ခံလိုက်ရရင်....နောက်ဆက်တွဲကို ကျန်းရုန် တွေးတောင်မတွေးရဲပေ။

ဂိမ်းထဲမှ သူ့အသင်းသားတွေ ပို့လာသည့် '?'တွေကိုကြည့်ရင်း ကျန်းရုန် စိတ်တိုတိုနှင့် တွေးလိုက်မိသည်။ ကိုယ့်ရည်းစားနဲ့ ဒီတိုင်းလေးအိပ်နေရတာ ဘယ်လောက်‌တောင်ကောင်းလဲ? ဘာကိစ္စ မင်းက ဂိမ်းသွားဆော့ရတာတုန်း....

||Complete|| I Can Do It [MM Translation]Where stories live. Discover now