အပိုင်း(၁၂)

4.8K 733 62
                                    

အဲ့ဒီ​ခေါင်းပြာ​လေးက!တကယ်​တော့အ​​မွေးတောင်စုံ​အောင်မ​ပေါက်​သေးတဲ့​ကောင်စုတ်​လေးပဲ!

ကျန်းရုန် ဖုန်းမျက်နှာပြင်ကိုလက်နှင့်​တောက်လိုက်ပြီး စာလုံးများကိုဖိကြည့်လိုက်သည်။

TTC°Road,Follow 71,Follower 5.81M.
Weibo Verified:TTC Esports Club Pro Player.

သူ​​ထွက်လိုက်ပြီး ​နောက်တစ်​ခေါက်ထပ်ဝင်ကြည့်လိုက်မိပြန်သည်။

ထိုကဲ့သို့ငါး​ခေါက်​လောက် ဝင်လိုက်ထွက်လိုက်လုပ်ပြီးချိန်တွင်​တော့ တစ်စုံတစ်ခုက​ပြောင်းလဲသွားသည်။Road၏Following​​အ​ရေအတွက်က 71က​နေ72သို့​တိုးသွားပြီး စခရင်ညာဘက်​ထောင့်စွန်းက "Followထားပြီး"ဟူ​သော​နေရာတွင် "အချင်းချင်းFollowထားပြီး"ဟု​ပြောင်းလဲသွား၏။

ကျန်းရုန်: "......"

ထိုမှတ်ချက်၏​အောက်တွင် ​နောက်ထပ်ပရိတ်သတ်​တွေရဲ့ပြန်စာ​တွေကလည်း အခု၅၀ပင်​ကျော်​နေပြီ။

[နတ်ဘုရားလု​ရေ ​တောင်းပန်ပါတယ်​ဗျ ကျွန်​တော်ကဒီတိုင်းအာ​ချောင်လိုက်ရုံပါ အခုချက်ချင်းပဲအဲ့livestream replayကို screenshotသွားရိုက်လိုက်ပါ့မယ်]

[အမ်? ငါတကယ်ကြီးRoadကိုStreamerတစ်​ယောက်ရဲ့ cmt boxမှာမြင်လိုက်ရတာလား???]

[ငါအရင်က​တော့ဘာလို့ဆိုတာနားမလည်ခဲ့​ပေမယ့် အဲ့​စောက်ပိန်းStreamer​လေး like​ပေးထားတဲ့အထဲ အားလုံးနီးပါးကRoadရဲ့post​တွေချည်းပဲ]

[​သူပထမဆုံးfollowခဲ့တဲ့သူကလည်းRoadပဲ!]

ကျန်းရုန်အလင်းအလျင်နဲ့အိပ်ရာထဲက​​နေထ​ပြေးပြီး ကွန်ပျူတာကိုဖွင့်ကာ ထိုlivestream replayကိုဖျက်ပစ်လိုက်သည်။လှုပ်ရှားသွားတဲ့အပြုအမူ​တွေအားလုံးက တည့်တိုးဆန်ပြီးကျွမ်းကျင်သည်။

သူကသူ့ရဲ့ဂိမ်း​ဆော့သည့်ထိုင်ခုံ​ပေါ်မှာ ​ခြေချိတ်ထိုင်​နေပြီး သူ့လက်​ချောင်းထိပ်က​လေး​တွေကို တစ်တိတိကိုက်​နေကာ Roadရဲ့မက်​ဆေ့ချ်အ​ပေါ်စိုးရိမ်​နေခဲ့၏။

ဆယ်မိနစ်​လောက်ချီတုံချတုံဖြစ်​နေပြီးမှ ​နောက်ဆုံးတွင်ငို​နေသည့်emoticon​လေးနှင့်စာပြန်လိုက်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now