အပိုင်း(၅၁)

4.9K 755 72
                                    


(Unicode)

ဒီ​နေ့က မင်းရဲ့၁၈နှစ်ပြည့်​မွေးနေ့ဆို​တော့ မင်းသ​ဘောကျတာမှန်သမျှ လုပ်ခွင့်ပြုတယ်

Champရွေးချယ်ရန်အချိန်က ပြည့်တော့မည်ဖြစ်သည့်အတွက် နောက်ဆုံးမှာတော့ လုပေါ်ယွမ်က Champတစ်ကောင်ကို ကြုံရာကျပန်း ရွေးချယ်လိုက်ရသည်။ သူ့လေသံက​တော့ ပုံမှန်အတိုင်း။ “အဲ့လိုဖြစ်လောက်တယ်”

“….” ကျန်းရုန်က သူ့မျက်နှာကို ကာထားဆဲဖြစ်ပေမယ့် လက်ချောင်းတွေကို နည်းနည်းဟလိုက်ပြီး barrageကိုချောင်းကြည့်လိုက်၏။

Barrageတစ်ခုလုံးက “hahaha”တွေဖြင့် ပြည့်နှက်နေကာ ကြည့်ရင်းကြည့်ရင်းနဲ့ သူ့မှာအဲ့ဒီစာလုံးကိုပင် မမှတ်မိချင်တော့။

ပုံမှန်အားဖြင့် ကျန်းရုန်က တစ်ယောက်ယောက်ကို “ကောကော”မဆိုထားနှင့်၊ “ကော”ဟုပင် ဘယ်တော့မှခေါ်လေ့မရှိပေ။ လုပေါ်ယွမ်ဘက်က တိတ်ဆိတ်သွားခဲ့သည့် ထိုစက္ကန့်အနည်းငယ်အတောအတွင်း သူ့မှာ ရှောင်ပိုင့်စားပွဲခုံအောက်က ကြွေပြားအက်ကြောင်းထဲကို တိုးလျှိုးဝင်သွားနိုင်ရန်ပင် ပြင်းပြင်းပြပြ ဆုတောင်းမိတော့သည်။

ကျန်းရုန် မှုန်မှိုင်းစွာနဲ့ ခွက်ထဲမှရေအေးတစ်ဝက်လောက်ကို မော့ချလိုက်ပြီး ဂိမ်းထဲကိုအာရုံပြန်စိုက်လိုက်၏။

လုပေါ်ယွမ် ရွေးချယ်ထားသည့်Champကို မြင်လိုက်ရသည့်ခဏ ကျန်းရုန်မှာ နားမလည်နိုင်ဖြစ်သွားတော့သည်။ “Amumuနဲ့ကစားမှာလား?”

Amumuဆိုသည်က Champတွေအားလုံးထဲက အမေ့ခံလေးဖြစ်သည်။ ပြိုင်ပွဲတွေမှာ ကစားဖို့မပြောနှင့်၊ ပုံမှန်Rankပွဲတွေမှာပင် သူ့ကိုကစားကြသည်မှာ အလွန်တရာရှားလေသည်။ လူနည်းစုသာ ကစားကြတာဖြစ်သည်။

ဒီလိုဆက်ဆံခံရတာလည်း Amumu၏ပုံစံနှင့် ကိုက်ညီသည်ပင်။ Amumuဆိုသည်က Skillတွေသုံးနေစဥ်အတွင်းပင် ငိုနေသောChampဖြစ်ကာ သူ့ရဲ့ကိုယ်ပိုင်ဒိုင်ယာလေ့ာသည်ပင် “ငါ့ကိုမရွေးလောက်ဘူးထင်နေတာ” ဖြစ်​လေသည်။

လုပေါ်ယွမ်မှာ အချိန်စေ့ခါနီးဖြစ်တာကြောင့် ကြုံရာကောက်ရွေးလိုက်သည်ဟုလည်း မပြောချင်​ပေ။ မျက်​တောင်တစ်မှိတ်အတွင်းမှာပဲ Amumuရဲ့runesတွေကို ပြင်ဆင်လို့ပြီးသွား၏။ “အွန်း ကိုယ်တို့ဆွေးနွေးထားတဲ့ ဗျူဟာအသစ်ကို လေ့ကျင့်မလားလို့”

||Complete|| I Can Do It [MM Translation]Where stories live. Discover now