Extra (2)

2.6K 332 22
                                    

နိုဝင်ဘာလ ၃ရက်​နေ့ ၂၀၂၁ခုနစ်တွင် ယခင်နှစ်ကအတိုင်း ကမ္ဘာ့ဖလားပွဲစဥ် အကြိုဗိုလ်လုပွဲအား ရှန်ဟိုင်း အ​ရှေ့တိုင်းအားကစားစင်တာတွင် ကျင်းပ​သည်။

တရုတ်နိုင်ငံက ၂နှစ်ဆက်တိုက် ကမ္ဘာ့ဖလားပွဲစဥ်ကို တာဝန်ယူကျင်းပရသည်ဖြစ်ရာ LPLပရိသတ်​တွေမှာ အလွန်တရာ ​ကျေနပ်​နေကြသည်။ အားကစားရုံထဲမှာ ​အော်ဟစ်အား​ပေးသံက ​သော​သောညံလျက် အတိတ်တုန်းက ကျင်းပဖူးခဲ့သမျှ အကြိုဗိုလ်လုပွဲတိုင်းထက် စွဲမက်ဖွယ်​ကောင်း​နေ​​တော့သည်။

ဒီည​နေခင်းကို ပရိသတ်​တွေက 'LPLအတွက်အိပ်​​ရေးပျက်မယ့်ည' ဟု တင်စား​နေကြ၏။ အ​ကြောင်းရင်းက​တော့ ဗိုလ်လုပွဲအတွက် ​နေရာဦးမည့် အသင်းနှစ်သင်းက တရုတ်နယ်​မြေက ဖြစ်​နေ၍ပင်။ အသင်းနှစ်သင်းလုံးက ညီတူညီမျှ အ​ရေးကြီးကြသည်။ ဘယ်အသင်းက ရှုံးရှုံးနိုင်နိုင် နာကျင်ရမည်ချည်းသာ။

ယှဥ်ပြိုင်ရမည့်အသင်း​တွေက​တော့ ဒီနှစ်​နွေရာသီပွဲစဥ်မှ ချန်ပီယံအသင်းဖြစ်သည့် LPL၏ပထမမျိုး​စေ့ TTCနှင့် LPL၏ဒုတိယမျိုး​စေ့ တစ်နှစ်တာလုံးတွင် အမှတ်အများဆုံးရရှိထားသည့် PUDတို့ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်မှ ​​လူအ​ပြောင်းအလဲကာလအတွင်း LPL၏ အင်အားကြီးအသင်းနှစ်သင်းလုံးက ကစားသမား အလှည့်အ​ပြောင်း​တွေ ကြုံ​တွေခဲ့ရ​ပေမယ့် နှစ်ဝက်​လောက် အတူတူကြိုးစားခဲ့ပြီး​နောက်မှာ​တော့ အသင်းသား​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်​နိုင်စွမ်း အလွန်အမင်း ကောင်းမွန်လာ​ချေပြီ။ တကယ်တမ်း LPLပရိသတ်​တွေက ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဥ်မှာ ဒီအသင်းနှစ်သင်း ဆုံ​တွေ့နိုင်ဖို့ ​မျှော်လင့်ထားကြ​ပေမယ့် ကံမ​ကောင်းစွာနှင့်ပင် ပြိုင်ပွဲဇယားရလဒ်က အလွန်တရာ စိတ်ပျက်စရာကောင်း​နေ​သည်။ အဆုံးမှာ​တော့ အနည်းဆုံး ဗိုလ်လုပွဲဆီ တစ်သင်း​ရောက်​သေးတာပဲဟု ​တွေးကာ သူတို့ကိုယ်သူတို့ နှစ်သိမ့်​နေရသည်။

ည(၁၁)နာရီ၌ အားကစားရုံတစ်ဝိုက်တွင် လမ်းသွားလမ်းလာ​တွေက အ​နွေးထည်ထူထူဝတ်လျက် အလျင်စလို သွားလာ​နေကြသည်။ သို့​ပေမယ့် အားကစားရုံထဲရှိ ​လေထုမှာ​တော့ ဆိုင်းဘုတ်​တွေ​မြှောက်လျက် အသားကုန်​အော်ဟစ်​နေကြသည့် ပရိသတ်​တွေ​ကြောင့် တင်းမာကာ အသက်ဝင်လျက် ရှိ​နေသည်။ 'TTC' နှင့် 'PUD' ဟု ​အော်ဟစ်​နေကြသံ​တွေက တစ်ဖက်နှင့်တစ်ဖက် ​ရောယှက်​နေပြီး ဘယ်အသင်းကို အား​ပေးသူပိုများလည်း ​​ပြောမရပါ​ချေ။ ရှင်းလင်းတင်ဆက်သူသုံး​ယောက်သည်လည်း အသံ​တွေအက်​နေကြပြီဖြစ်ပြီး စိတ်လှုပ်ရှားမှု​ကြောင့် ​သွေးဆူလျက် မျက်နှာ​တွေပါ ရဲတွတ်​နေကြသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now