အပိုင်း(၁၀၃)

3.4K 612 88
                                    

(Unicode)

နား​နေခန်းထဲ၌ လူ​တွေ ရှင်းလင်းသွားသည်။ လု​ပေါ်ယွမ်က​တော့ ဆိုဖာ​ပေါ်မှီလျက် ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်​နေ​ပေသည်။

အသင်းနှစ်သင်းလုံးက စင်​ပေါ်တက်လာပြီး​ ကင်မရာကလည်း ကစားသမားတစ်​ယောက်ချင်းစီတိုင်းကို အနီးကပ်ရိုက်ကူးပြ​နေသည်​။ ​နောက်ဆုံးရိုက်ချက်က​တော့ ကျန်းရုန်ဖြစ်သည်။

ကျန်းရုန်၏​ရှေ့ဆံပင်​တွေက ​ရေစို​နေလျက် နဖူးပြင်တွင် ကပ်​နေ​သေးသည်။ ​နေရာတွင်ထိုင်လိုက်ပြီး​နောက် သူက မျက်နှာ​သေနှင့်ပင် ​​ခေါင်းငုံ့ကာ ပစ္စည်း​တွေကို စတင်စစ်​ဆေး​နေသည်။ ပြိုင်ခဲ့ရသမျှ ပွဲစဥ်​တွေ​ကြောင့် ဒီလုပ်ငန်းစဥ်ကို သူအရမ်းရင်းနှီး​နေ​ချေပြီ။

ကျန်းရုန်၏ စင်​ပေါ်မတက်ခင် တစ်မိနစ်​လောက်အလိုအတွင်း သန့်စင်ခန်းဆီ တစ်ဟုန်ထိုး​ပြေးသွားပုံကို လု​ပေါ်ယွမ် ပြန်မြင်​ယောင်မိ​တော့ မတတ်သာဘဲ သူရယ်ချင်လာ​တော့သည်။

သို့ရာတွင် သူ့ကိုအနီးကပ်ရိုက်ကူး​နေသည့် ကင်မရာကရှိ​သေးသည်​ကြောင့် နှုတ်ခမ်း​မြင့်တက်သွားရုံသာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ထိန်းထားရသည်။

ဒီ​နေ့အတွက် ရှင်းလင်းတင်ဆက်သူ​နေရာတွင် တာဝန်ယူထားသူများက ထုံးစံအတိုင်း မျက်နှာ​ဟောင်းများသာ။ ရှင်းလင်းတင်ဆက်သူ​တွေအဖို့ အသက်ကန့်သတ်ချက်မရှိသဖြင့် လူအ​ပြောင်းအလဲနှုန်းက ခရုထက်ပင် ​နှေး​သေးသည်။ လူသစ်​တွေခမျာလည်း အမှား​သေး​သေး​လေးတွေကိုပင် ဆက်တိုက်အပြစ်တင်ခံ​နေရပြီး အ​ရေးကြီးပြိုင်ပွဲ​တွေဆိုသည်နှင့် ရှင်းလင်းတင်ဆက်သူအ​ဟောင်း​တွေကိုသာ လွှတ်ကြ​တော့သည်။

"ရှင်းလင်းတင်ဆက်သူ​တွေ အခု​နေ ဘာ​တွေ​ပြော​နေကြမယ်ဆိုတာ နားကြပ်တပ်ထားရင်း​တောင် ခန့်မှန်းနိုင်တယ်" ​ရှောင်ပိုင်က ​ချောင်းဟမ့်လိုက်ပြီး အသံကို တတ်နိုင်သ​လောက် နှိမ့်လိုက်သည်။ "အကြိုဗိုလ်လုပွဲမှာ Roadရဲ့ပျက်ကွက်မှုက TTCအတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ပါတယ်ခင်မျာ။ ဒါ​ပေမယ့် စိတ်မပူကြပါနဲ့။ ဒီတစ်ကြိမ်​တော့ Moonက ​ပြောင်​မြောက်တဲ့ကစားကွက်​တွေနဲ့ သူ့အင်အားကို အသင်းဆီ ဖြန့်​ဝေ​ပေးနိုင်မယ်ဆိုတာ ကျွန်​တော်ယုံကြည်ပါတယ်...."

||Complete|| I Can Do It [MM Translation]Where stories live. Discover now