အပိုင်း(၈၁)

4.6K 749 86
                                    

(Unicode)

ကျန်းရုန် ကားပေါ်ရောက်တော့ လုပေါ်ယွမ်က မျက်လုံးမှိတ်လျက် အနားယူနေသည်။

ကျန်းရုန်လည်း လက်တစ်ဖက်နှင့် ကားပြတင်းပေါက်ကို ထိန်းကိုင်လိုက်ပြီး အတွင်းဘက်မှခုံဆီ ဖြေးဖြေးချင်း တိုးဝင်လိုက်သည်။ သူ ခြေထောက်တစ်ဖက်ကို ခွကျော်လိုက်ချိန် လုပေါ်ယွမ်ကလည်း ခြေထောက်ကိုကားလိုက်သည်ကြောင့် နှစ်ယောက်သား ခြေသလုံးချင်း ထိမိကုန်ကြသည်။

လုပေါ်ယွမ်က မျက်လုံးဖွင့်ကာ သူ့ကိုကြည့်လာသည်။

ကားက ခုံတန်းသုံးတန်းပါပြီး နေရာဘယ်လောက်ကျယ်သည်ဆိုဆို အရွယ်ရောက်ပြီးသား ယောကျာ်းနှစ်ယောက်အဖို့တော့ အနည်းငယ် ကျပ်တည်းနေဆဲ ဖြစ်သည်။

ကျန်းရုန်က ငုံ့ကြည့်လိုက်ပြီး

"....ကျွန်တော့်ကြောင့်နိုးသွားတာလား?"

လုပေါ်ယွမ်က ကျန်းရုန်ဆောင်းထားသည့်ဦးထုပ်ကို ကြည့်လိုက်သည်။ ဒီဦးထုပ်က TTC၏ယူနီဖောင်းနှင့် ပါလာသည့်တစ်ခုဖြစ်ပြီး အသင်းတံဆိပ်ကိုလည်း ဦးထုပ်ပေါ်တွင် ရိုက်နှိပ်ထားသည်။ တစ်ခုတည်းသောအရာက လုပေါ်ယွမ်၏လက်မှတ် ပါမနေခြင်းသာ။

လုပေါ်ယွမ် ခြေထောက်ကိုဖယ်ပေးလိုက်သည်။

"ကိုယ်အိပ်နေတာမဟုတ်ဘူး"

ဒီနေ့ပြိုင်ပွဲက အစောကြီးပြီးသွားသည့်အတွက် သူတို့Baseဆီပြန်ရောက်သည့်အချိန် အန်တီမှာ ညစာပင်မချက်ရသေး။ ပြီးခဲ့သည့်အပတ်က သူတို့တွေရှုံးခဲ့သည်မို့ ရှောင်ပိုင်မှာ တစ်ပတ်လုံး အောင့်အီးထားရပြီး Livestream မလွှင့်ဖြစ်ပေ။ ထို့ကြောင့် လေ့ကျင့်ရေးခန်းထဲတွင် နေရာယူပြီးသည်နှင့် စတင် Livestreamလွှင့်တော့သည်။

"မင်းတို့အားလုံးကိုအရမ်းလွမ်းနေတာ!

"ဒီနေ့ပြိုင်ပွဲဘယ်လိုနေလဲ? ငါ့ရဲ့Flashပစ်မယ့်နေရာကို ကြိုတင်ခန့်မှန်းလိုက်တဲ့အကွက် အရမ်းမိုက်တယ်မလား?

"ပြီးခဲ့အပတ်ကဘာလို့မStreamတာလဲ....ဘယ်လိုထင်လို့လဲ? ငါ့မှာ ငါတို့Mid Lanerလို ခံနိုင်ရည်မျိုးမှမရှိတာ"

||Complete|| I Can Do It [MM Translation]Where stories live. Discover now