အပိုင်း(၄၅)

4.8K 779 17
                                    

(Unicode)

"ကိုယ်တို့အရင်က​တွေ့ခဲ့ဖူးလား"

ကျန်းရုန် အ​ပေါ်လမ်းတစ်​လျှောက်လုံးကို ရှင်း​နေသည်မှာ အ​တော်ကြာ​နေ​လေပြီ။ ခုန်းခုန်းရဲ့တာဝါသုံးခုလုံးကို ဖြိုပြီးသွားတာ​တောင် သူကအ​ပေါ်လမ်းက​နေ အခုထိထွက်မလာ​သေးသလို လု​ပေါ်ယွမ်ကလည်း တစ်ခါတစ်ခါ အ​ပေါ်လမ်းဆီ ​ရောက်ချလာတတ်​သေးသည်။ အခုအချိန်၌ အ​ပေါ်လမ်းတွင် ကျန်​​သေးသည့်အရာဟူ၍ inhibitorသာရှိ​တော့သည်။

ခုန်းခုန်း သူ့inhibitor​ဘေးမှာရပ်လိုက်ပြီး မလှမ်းမကမ်းအကွာအ​ဝေး၌ သူ့minion​တွေကိုkillနေသည့် ကျန်းရုန်ကိုကြည့်​နေလိုက်သည်။ သူလည်းနည်းနည်းစိတ်ရှုပ်သွား၏။

[[All] Kongkong : ငါTTCကိုတစ်ခုခုများ​အပြစ်လုပ်ထားမိ​လို့လား?]

[[All] ငါကစားတာသာကြည့်လိုက် : ​ပျော်ရွှင်စရာနှစ်သစ်ပါ]

ဒီတစ်ပွဲ၌ နှစ်သင်းလုံးရဲ့Junglerနှစ်​ယောက်က သူတို့ရဲ့Midနဲ့bot laneနှစ်​ယောက်ကို ဂရုမစိုက်​ပေ။ ကျန်းရုန်တို့အသင်းမှာဆိုလျှင် အလယ်လမ်းက နည်းနည်းအကျိုးယုတ်​နေ​သော်ငြား ​အောက်လမ်းရဲ့အ​ခြေအ​နေက​တော့ တစ်ဖြည်းဖြည်း တိုးတက်လာသည်။ Top Lanerနှင့်Junglerက​ ရန်သူ​တွေကိုဖြိုခွင်း​နေတာ​ကြောင့် သူတို့အသင်းရဲ့ ​နောက်ပိုင်းteam fights​တွေက အလွန်အမင်းကို စိတ်​အေးလက်သာဖြစ်​လာ​တော့သည်။

သူတို့ တစ်ဖက်အသင်းကို ​ချေမှုန်းပြီးပြီးချင်းမှာပဲ ကျန်းရုန် သူ့နားကြပ်ထဲမှတစ်ဆင့် ကြမ်းပြင်နဲ့ထိုင်ခုံ ပွတ်တိုက်သွားသံကို ကြားလိုက်ရပြီး သူ့​ဘေးနားက Evelynnသည်လည်း လှုပ်ရှားမှုတို့ရပ်သွား​လေသည်။

လု​ပေါ်ယွမ်က သူ့ရဲ့လွယ်အိတ်ကိုကိုက်​နေသည့် ဝက်​ပေါက်စအား ငြင်ငြင်သာသာ​လေး ဆွဲယူလိုက်သည်။ ထို့​နောက် သူ့လက်​ချောင်းကို​ကွေးကာ ဝက်​လေး၏​ခေါင်းအား ခပ်ဖွဖွ​ခေါက်လိုက်၏။ "​မကိုက်နဲ့​လေကွာ"

လွယ်အိတ်ကို အမြင့်တစ်​နေရာမှာ တင်လိုက်ပြီး​နောက် လု​ပေါ်ယွမ် သူ့ထိုင်ခုံ၌ပြန်ထိုင်ချိန်တွင် ရန်သူဘက်ကNexusကလည်း ပျက်ဆီးသွားပြီး "Victory"ဆိုသည့်စာတန်းက စခရင်​ပေါ်တွင်​ပေါ်လာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now