အပိုင်း(၁၂၃)

2.3K 387 2
                                    

အပိုင်း(၁၂၃)
 
||ငါကတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက Fountainထဲမှာ မင်းဘယ်လိုထိုင်နေခဲ့ရတယ်ဆိုတာတောင် မေ့သွားပြီ||
 
ဘာသာပြန်သူက ကျန်းရုန်၏စကားတွေကို တစ်ထပ်တည်းနီးပါး ဘာသာပြန်ပေးပြီးနောက် ကိုရီးယားပရိသတ်တွေက မကျေနပ်ကြောင်း ဖော်ပြလာကြသည်။ အချို့ရောယှက်နေသည့် အသံတွေကတော့ အထူးတလည် TTCကို အားပေးရန်လာသည့် တရုတ်ပရိသတ်တွေပင်။
 
ကံကောင်းစွာဖြင့် ဒီနေ့ပြိုင်ပွဲက အဖွဲ့လိုက်အဆင့်သာမို့ တရုတ်ပရိသတ်တွေက အများကြီးမရှိပေ။ မဟုတ်ပါက ပရိသတ်ထဲမှ သဘောထားတွေအရ ရန်ပွဲတွေမဖြစ်သွားဘူးဆိုပါက ယုံကြည်ရန်ခက်လိမ့်မည်။
 
ကျန်းရုန်က ကိုယ်ကိုမတ်မတ်ရပ်နေဆဲ။ အင်တာဗျူးသူဘက်က စွံ့အစွာ တောင်တွေးမြောက်တွေးဖြစ်နေချိန် သူက ခေါင်းစောင့်ကြည့်လာပြီး မျက်ခုံးပင့်လိုက်ပုံက “မေးစရာမရှိတော့ဘူးလား?”ဟုပင် မေးနေသယောင်။
 
ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြသည်က ပရိသတ်တွေတင်သာ မကဘဲ စင်နောက်ဘက်ရှိ နားနေခန်းတွေထဲမှာလည်း အတော်လေး အသက်ဝင်နေကြသည်။
 
HT၏နားနေခန်းထဲ၌။
 
ဘာသာပြန်ကို နားထောင်ပြီးနောက် Rishမှာ လွှတ်ခနဲ ဆဲမိတော့မလိုပင် ဖြစ်သွားသည်။ ကံမကောင်းစွာဖြင့် သူ့ပါးစပ်ထဲမှ “အာ ငါ--“ဟု ထွက်ရုံရှိသေး သူတို့Top Lanerက အေးစက်စက် လှမ်းကြည့်လာသည်။ စီနီယာတွေအပေါ် လေးစားသည့်အနေဖြင့် Rishက အလိုလို ပါးစပ်ပိတ်သွားပြီး တစ်ခဏလောက်ကြာသွားမှ သူတို့ရှေ့တွင် ကင်မရာတွေရှိနေကြောင်း သူသဘောပေါက်တော့သည်။
 
ကိုရီးယားတွင် ဘယ်သူကမှ အတိအလင်း ထုတ်ပြောချင်းမျိုး မရှိပေမယ့် အသင်းအများစု၌ ထုတ်ပြောစရာမလိုဘဲ ဂုဏ်အဆင့်ဆင့်ရှိသည်။ ဝါရင့်အသင်းသားတွေက လူသစ်တွေကို သူတို့၏ဂျူနီယာအဖြစ် သတ်မှတ်ကြပေသည်။
 
Rishက မကြာသေးခင်ကမှ ဒုတိယအသင်းကနေ ရာထူးတိုးခံထားသူဖြစ်ရာ အခြားလူတွေရှေ့မှာသာ သူက အထိန်းအကွပ်မဲ့ရဲသည်။ အသင်းထဲမှာတော့ သူ့စီနီယာတွေ နည်းနည်းလေး မပျော်ဘူးဆိုပါက သူဘာတစ်ခုမှမပြောရဲတော့။
 
အပေါ်လမ်းသွားက ဆိုဖာကို မှီချလိုက်ပြီး နှုတ်ခမ်းကို မဲ့လိုက်သည်။ “အာ ဒါကျတော့ LPLဘက်က မယဥ်ကျေးရာကျတယ်မလား?”
 
“ဒီပုတ်ထဲကဒီပဲလေ” Junglerက တစ်ခုခုကို အမှတ်ရသွားပုံပေါ်ပြီး နှာမှုတ်လိုက်သည်။ “ငါတို့အသင်းကနေ ဖြုတ်လိုက်တဲ့လူသစ်က LPLကအသင်းတစ်ခုထဲ ဝင်သွားတယ်မလား? ငါကြားတာတော့ အဲ့အသင်းထဲ သူရောက်သွားတော့ အုပ်ချုပ်ရေးပိုင်းရော အားလုံးကို သူက ကွပ်ကဲနေတယ်ဆိုပဲ”
 
Rishက ချက်ချင်း ဝင်ပြောသည်။ “အင်း ဟုတ်တယ် ဟျောင်း။ LPLဆိုတာ အဲ့လိုမျိုးပဲ။ သူတို့မှာက ကိုယ်ပိုင်ကစားသမားတွေ သိပ်မရှိဘူး။ မဟုတ်ရင် ဘာဖြစ်လို့ ကျွန်တော်တို့လိဂ်ဆီ နှစ်တိုင်းလာပြီး လူရှာနေမှာလဲ?”
 
ဖောက်
 
Masterက ကော်ဖီဘူးကို အသံကျယ်ကျယ်ဖြင့် ဖွင့်ဖောက်လိုက်ပြီး ဆိုဖာပေါ်ကနေ ထရပ်လိုက်ရာ အားလုံး ငြိမ်ကျသွားတော့သည်။
 
“ဘယ်သွားမလို့လဲ?” နည်းပြက သူ့ကို လှမ်းမေးလိုက်ခြင်း။
 
“သွားတွေ့စရာရှိလို့ နောက်ကလိုက်မလာနဲ့” ပြောပြီးနောက် Masterက လှည့်ထွက်သွားသည်။
 
တစ်ဖက်ရှိ TTC၏နားနေခန်းထဲမှာတော့--
 
ရှောင်ပိုင်၏ စိတ်ခံစားချက်တွေမှာ ကျန်းရုန် စကားတစ်ခွန်းပြောတိုင်း နိမ့်သွားလိုက် မြင့်သွားလိုက်။ သူမထိန်းနိုင်တော့ဘဲ ရေရွတ်မိလေသည်။
 
“ကြမ်းချက်
 
“သေရော
 
“ငိုး?!”
 
အဆုံးမှာတော့ သူသည်းမခံနိုင်တော့ဘဲ ဆွေ့ခနဲ ထရပ်လိုက်ကာ အံ့သြတကြီး ပြောလိုက်မိသည်။ “ဒါမျိုးပြောလို့ရပါ့မလား?!”
 
ယွမ်ချန်သည်လည်း ကျန်းရုန်၏စကားတွေကြောင့် ထိတ်လန့်သွား၏။ ခဏလောက် အံ့အားသင့်နေပြီးမှ သူပြောလိုက်သည်။ “ထားလိုက်တော့….ဒါက အခုဆို လုပ်ရိုးလုပ်စဥ်ပါ ဖြစ်နေပြီ။ သူစင်ပေါ်မတက်ခင်ကတည်းက ငါက စိတ်ပိုင်းဆိုင်ရာကို ကြိုပြင်ဆင်ထားပြီးသား”
 
“ကျွန်တော်ရောပဲလေ!” ရှောင်ပိုင်က ပြောလာသည်။ “ဒါပေမယ့် ဒါကြီးက မှန်းထားတာထက်တောင် လွန်နေပြီ! ကျွန်တော်တို့နဲ့ HTနဲ့ BO1နှစ်ပွဲတောင် ပြိုင်ရဦးမှာ။ ဒီလိုပြောလိုက်တော့ တစ်ပွဲလောက်ရှုံးတာနဲ့ အထုတ်အပိုးတွေသိမ်းပြီး မြေကြီးအောက်မှာ နေမှပဲရတော့မယ်!”
 
Pineက တည်တည်ငြိမ်ငြိမ်သာ ပြောလာသည်။ “ဒါဆို ပြိုင်ပွဲအားလုံးကို နိုင်အောင်ကစားရုံပေါ့”
 
“?” ရှောင်ပိုင်မှာ အေးခဲသွားလျက် သူ့ကို ငုံ့ကြည့်မိသွားသည်။
 
Pineမှာ သူspawn campခံနေရသည့် gifကို ပြန်သတိရလိုက်သည်နှင့် ပြီးခဲ့သည့်နှစ် အားကစားရုံမှ ထွက်ခွာခဲ့ရစဥ်က သူခံစားခဲ့ရသည့် ဒေါသတွေနှင့် မတတ်သာမှုတို့က အလုံးအရင်း ပြန်လည်ဝင်ရောက်လာတော့သည်။
 
“ရှုံးမယ့်အကြောင်းကို တစ်ခါမှမစဥ်းစားဖူးဘူး” သူက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး ဆိုဖာပေါ် မှီချလိုက်သည်။ “သူပြောသွားသမျှက ငါပြောချင်နေတာတွေပဲ”
 
ရှောင်ပိုင်က တစ်စုံတစ်ခုကို ပြန်သတိရသွားပြီး ခဏအကြာ တိတ်တိတ်လေး ဆိုဖာပေါ် ပြန်ထိုင်ချလိုက်သည်။
 
တင်းကောကတော့ ကျန်းရုန် စင်ပေါ်မတက်ခင်ကတည်းက အဆိုးရွားဆုံးမြင်ကွင်းကိုပင် ကြိုတင်ပြင်ဆင်ပြီးသွားချေပြီ။ TVပေါ်တွင် အင်တာဗျူးက ပြီးဆုံးသွားသည်နှင့် သူကလက်ကိုဝေ့ယမ်းလိုက်ပြီး “တော်ပြီ။ ပစ္စည်းတွေသိမ်းကြ။ ပြန်ပြီးလေ့ကျင့်ဖို့လုပ်ရအောင်”
 
ယွမ်ချန်က သူ့လွယ်အိတ်ကို ဇစ်ဖွင့်လိုက်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ “ခေါင်းဆောင် အိမ်သာသွားတာ အရမ်းကြာနေပြီမဟုတ်ဘူးလား?”
 
ပြိုင်ပွဲအတွက် သုံးသပ်ချက် ပြီးဆုံးသွားကတည်းက လုပေါ်ယွမ်က သူတို့နှင့်အတူ နားနေခန်းဆီ ပြန်မလိုက်လာပေ။
 
ရှောင်ပိုင်က သက်ပြင်းချလိုက်ပြီး “ကျွန်တော့်ကောက အိမ်သာသွားတယ်လို့ ဘယ်သူပြောလဲ?”
 
လုပေါ်ယွမ်၏ဖုန်းထဲမှာ ပေါက်ကွဲသွားချေပြီ။
 
ကျန်းရုန်က ကမ္ဘာအနှံ့ Livestreamထဲ ဗုံးတစ်လုံး ပစ်ချလိုက်ခြင်းပင်။ အခြားလူတွေမှာ သူ့ကိုလေးစားကြောင်း နှစ်ကိုယ်ကြား မဖော်ပြနိုင်ကြသည့်အတွက် သူ့ကောင်လေးကိုသာ သွားရှာကြလေသည်။
 
သူ့ဆီရောက်လာသည့် သီးသန့်မက်ဆေ့တွေကတော့ အများကြီးမရှိပေမယ့် ပရော်ဖက်ရှင်နယ် ကစားသမားဂရုထဲမှာတော့ ပွက်လောရိုက်သွားခဲ့သည်။ လေ့ကျင့်ရေးပွဲတွေ စီစဥ်ရန်သာ အသုံးပြုသည့် ဂရုချက်မှာ အခုလက်ရှိ၌ အသစ်ဝင်ထားသည့် မက်ဆေ့အရေးအတွက်က အစောင်ရေ၉၉ခုကျော်။
 
လုပေါ်ယွမ်က စင်အနောက်ဘက်ဝင်ပေါက်ဘေးရှိ နံရံကို မှီလျက် ရပ်နေကာ ဦးထုပ်လျှာကို ငိုက်စိုက်ကျအောင် ဆွဲချထားလေရာ သူ့မျက်နှာတစ်ခုလုံးကို ဖုံးကွယ်လုနီးပါး။ အခုချိန်မှာ ကိုရီးယားကို ရောက်နေသည်ဆိုပေမယ့် ဝန်ထမ်းအများစုကို အာရုံဆွဲဆောင်နိုင်ဆဲ။ သူ့ဘေးမှဖြတ်သွားသူတိုင်းက သူ့ကိုခိုးကြည့်သွားကြကာ လက်မှတ်လာတောင်းကြသူတွေပင် ရှိသည်။
 
မဖတ်ရသေးသည့်မက်ဆေ့တွေကို သူကြည့်နေစဥ် သူ့အနောက်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။
 
“ဟျောင်း”
 
ကိုရီးယားလိုပြောလာခြင်း။
 
လုပေါ်ယွမ်က XIU၏မက်ဆေ့ကို အရင်ဆုံး စာပြန်လိုက်ပြီးမှ အေးအေးဆေးဆေးပင် လှည့်ကြည့်လိုက်သည်။
 
Masterက ကော်ဖီဘူးတစ်ဘူးကိုကိုင်လျက် သူ့နောက်တွင် ရပ်နေသည်။ လုပေါ်ယွမ် မျက်နှာချင်းဆိုင်နေသည့် ရှုထောင့်ကို လိုက်ကြည့်လိုက်ပြီး တံခါးအပြင်ဘက်ကို ကြည့်လိုက်တော့ အင်တာဗျူးနေရာသို့သွားသည့် ဦးတည်ရာပင်။
 
“ဟျောင်းနဲ့Softရဲ့သတင်းတွေကို ကြားမိတယ်။ အမှန်ပဲလား?” Masterက မျက်ခုံးပင့်ထားလျက် “ဟျောင်းက တကယ်အနားယူတော့မှာလား? အသင်းသားနဲ့တွဲနေတယ်ဆိုတော့?”
 
LCKထဲမှာပင် Masterဘက်က “ဟျောင်း”ဟု ခေါ်တတ်သူ သိပ်မရှိပေ။ LPLဘက်မှာဆို ပိုဆိုးသည်။ Master စတင်ပြိုင်ကတည်းက LPLမှ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်တည်းကိုသာ စကားပြောတတ်ပြီး အဲ့ဒီတစ်ယောက်က လုပေါ်ယွမ်ပင်။
 
လုပေါ်ယွမ် ကမ္ဘာ့ဖလားရသည့်နှစ်က သူက Masterကို တက်နင်းသွားကာ ဗိုလ်စွဲသွားခြင်းပင်။
 
နှစ်ယောက်လုံးက တစ်နှစ်တည်းမှာပဲ ကမ္ဘာ့ဖလားအတွက် ပထမဆုံးအကြိမ် ပြိုင်ဖူးခြင်းလည်း ဖြစ်သည်။ တစ်ယောက်က ချန်ပီယံဖြစ်လာပြီး တစ်ယောက်ကတော့ ထိပ်ဆုံးရှစ်သင်းထဲတွင် အဆုံးသတ်သွားသည်။
 
နောက်ပိုင်းတွင် Masterက တစ်ဖြည်းဖြည်း တိုးတက်လာပြီး HT၏အချက်အချာ ဖြစ်လာခဲ့သည်။ လုပေါ်ယွမ်သည်လည်း ထိပ်ဆုံးတွင် နေရာယူထားဆဲဖြစ်ကာ TTCကား ပြိုင်ဘက်အသင်းကို တစ်ဆက်တည်း Jungleချန်ပီယံသုံးခုကို Banအောင်လုပ်နိုင်သည့် အသင်းတစ်သင်း ဖြစ်နေဆဲ။
 
ပြီးတော့ လူအနည်းစုသာ သိထားသည့် လျှို့ဝှက်ချက်တစ်ခုလည်း ရှိသည်။ လုပေါ်ယွမ်ကသာ LCKအသင်းတစ်သင်းထံမှ သူတို့ဆီပါဝင်ရန် ဖိတ်ခေါ်ခံရဖူးသည့် တစ်ဦးတည်းသော ကစားသမား ဖြစ်ပြီး ထိုအသင်းက HTမှလွဲ၍ အခြားအသင်းဖြစ်ရန်မရှိ။
 
ထိုအချိန်တုန်းက ပြောင်းရွှေ့ကစားသမားတွေနှင့် သက်ဆိုင်သည့် စည်းမျဥ်းတွေက ကြေငြာပြီးရုံရှိသေးသည်။ ပြည်တွင်းရှိ Esportsလောကက LCK၏နောက်တွင် နောက်ကောက်ကျကျန်နေခဲ့ပြီး လုပေါ်ယွမ်၏လစာက သူတို့နိုင်ငံတွင်းမှာ မြင့်သည်ဟု ဆိုနိုင်ပေမယ့် အခုခေတ်အရတော့ ဘာမှမဟုတ်ပေ။ HTဘက်မှ သူ့ကိုပေးလာသည့် လစာက ထိုအချိန်တုန်းကတောင် အတော်လေးမြင့်သည်။
 
သို့သော် လုပေါ်ယွမ်က ခပ်ပြတ်ပြတ် ငြင်းခဲ့သည့်အတွက် ဒီကိစ္စက ပေါက်ကြားသွားခြင်း မရှိ။
 
လုပေါ်ယွမ်က Masterကို တစ်ချက်ကြည့်လိုက်ပြီး ကိုရီးယားဘာသာနှင့် ကျွမ်းကျွမ်းကျင်ကျင် ပြန်ပြောလာသည်။ “မင်းအကြောင်းမပါဘူး”
 
Masterက ကော်ဖီကို ငုံ့သောက်လိုက်ပြီး “ဒါပေမယ့် ဟျောင်း ၊ ဟျောင်းရဲ့အကြိုက်ကလည်း ထူးဆန်းလိုက်တာ။ မိုက်ရိုင်းတဲ့သူမျိုးကို ကြိုက်တာလား?”
 
“ယဥ်ကျေးစရာမလိုတဲ့သူတွေဆိုတာရှိတယ်” လုပေါ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး “ဥပမာ မင်းနဲ့ မင်းအသင်းကကောင်တွေပေါ့”
 
Masterက နှာမှုတ်လိုက်ပြီး “ဟျောင်း အနည်းဆုံးတော့ မင်းကို ဟျောင်းလို့ ခေါ်ပေးနေတယ်လေ။ ဒီလိုလုပ်စရာမလိုပါဘူး။ မနှစ်က Fountainထဲမှာ ဟျောင်းမရှိတာ တကယ်နှမြောစရာပဲ”
 
လုပေါ်ယွမ်က အမူအရာပင် ပြောင်းမသွားဘဲ ပြောလာသည်။ “ဟုတ်လား? သနားစရာပဲ ငါကတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက Fountainထဲမှာ မင်းထိုင်နေခဲ့ရတဲ့ပုံစံကိုတောင် မေ့သွားပြီ”
 
ကျန်းရုန်က ကွက်တိဆိုသလို Masterက အံကြိတ်လျက် လုပေါ်ယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေချိန်တွင် အချိန်ကိုက် ပြန်ရောက်လာသည်။
 
လုပေါ်ယွမ်က လှည့်ကြည့်လာတော့ မှုန်ကုပ်ကုပ်မျက်နှာထားနှင့် သူတို့ဆီ လျှောက်လာနေသည့် ကျန်းရုန်ကို တွေ့လိုက်ရသည်။ သူ့ပုံစံက အင်တာဗျူးမှာတုန်းကထက်ပင် ရန်ဖြစ်ရန် အဆင်သင့်ဖြစ်နေသည့် အနေအထား။
 
မျက်ခုံးပင့်သွားလျက် လုပေါ်ယွမ်က သူ့လက်ကို လှမ်းဆွဲလိုက်ရန် ပြင်ပေမယ့် ကျန်းရုန်က သူနှင့်Masterကြားသို့ တန်းတန်းမတ်မတ် လျှောက်ဝင်လာပြီး သူ့ခန္ဓါကိုယ်သေးသေးလေးဖြင့် သူတို့နှစ်ယောက်ကို နေရာခြားလိုက်သည်။
 
ဂျူနီယာကိုမြင်တော့ Masterက အလိုလို သူ့ခံစားချက်တွေကို ပြန်ထိန်းသိမ်းလိုက်သည်။ မျက်နှာသေဖြင့် သူက တစ်ခုခုပြောရန် ပါးစပ်ဟလာစဥ်--
 
ကျန်းရုန်က သူ့ထက်အရင် ပြောလာလေသည်။
 
“….*&^%#%@ရှီးဘား!.....#$”
 
လုပေါ်ယွမ် : “…..”
 
Master : “?”
 
ကျန်းရုန် : “&#.....ကောဂျော့!”
 
ရုတ်တရက် ထွက်ပေါ်လာသည့် ပေါက်ကတ်ကရ ကိုရီးယားစကားတွေကြောင့် သူတို့နှစ်ယောက်ကြောင်အမ်းသွားလေသည်။
 
အရင်ဆုံး သတိပြန်ကပ်သူက လုပေါ်ယွမ်။ သူက ခေါင်းငုံ့ကာ ရယ်တော့သည်။
 
အစကနေအဆုံးအထိ Masterမှာ နှစ်ခွန်းသာ နားလည်လိုက်သည်။
 
တစ်ခွန်းမှလည်း အကောင်းမပါ။
 
လုပေါ်ယွမ် ရယ်နေတာကို မြင်လိုက်သည်နှင့် သူလည်း သတိပြန်ဝင်လာပြီး မည်းမှောင်နေသည့် မျက်နှာနှင့် မေးလာသည်။ “သူဘာပြောတာလဲ? ငါ့ကိုဆဲနေတာလား?”
 
“Master” ဆိုသည့် ခေါ်သံက သူတို့အနောက်ဘက်မှ ထွက်ပေါ်လာသည်။ လုပေါ်ယွမ်က အသံရှိရာဆီ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မင်းအသင်းက လာခေါ်နေပြီ။ ဒီကနေ မြန်မြန်သွားလိုက်တော့။ အခုကစပြီး ပြိုင်ပွဲအပြင်ဘက်မှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောရအောင်”
 
Masterမှာ ဒေါသတကြီး ဖြစ်နေသော်ငြား သူ့အသင်းထဲမှ ဂျူနီယာတစ်ယောက်ရှေ့တွင် ဖြစ်သလို ပြုမူ၍မရချေ။ ကျန်းရုန်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် သူက လှည့်ထွက်သွားသည်။
 
သူထွက်သွားသည်နှင့် ကျန်းရုန်၏ ထောင်ထနေသည့် အမွှေးတို့က ပြန်လည်ပြားကပ်သွားပြီး သူက နောက်ကို လှည့်ကြည့်လာသည်။ လုပေါ်ယွမ်၏ မျက်နှာပေါ်မှ အကြည့်ကိုမြင်တော့ သူက မျက်မှောင်ကျုံ့သွားပြီး မေးလာသည်။ “ဘာတွေအဲ့လောက်ရယ်ရလို့လဲ?”
 
“ဘာမှမဟုတ်ပါဘူး” လုပေါ်ယွမ်က ရပ်သွားပြီး “အဲဒီ…ကိုရီးယားစကားတွေကို ဘယ်သူသင်ပေးတာလဲ?”
 
“Saviorလေ။ သူပြောတာတော့ အဲဒီစကားတွေအားလုံးက ကိုရီးယားလို ဆဲတာတွေချည်းပဲတဲ့” ကျန်းရုန်မှာ တစ်ခဏလောက် ချီတုံချတုံဖြစ်သွားပြီး “….ကျွန်တော်မှားပြောမိတာလား?”
 
လုပေါ်ယွမ်က ပြုံးချင်စိတ်ကို ထိန်းထားရလျက် “မဟုတ်ပါဘူး”
 
တင်းကောက အသင်းက ကားပေါ်ရောက်နေပြီဖြစ်ကြောင်း လှမ်းသတိပေးလာပြီး လုပေါ်ယွမ်နှင့် ကျန်းရုန်ကို ကားပါကင်ဆီ မြန်မြန်လာရန် ဆော်သြနေသည်။
 
ဘတ်စ်ကားဆီသွားနေရင်း ကျန်းရုန်က မထိန်းနိုင်ဘဲ မေးလိုက်မိသည်။ “ခုဏက နှစ်ယောက်သား ဘာတွေပြောနေတာလဲ? အဲဒီသောက်ရူးက ခေါင်းဆောင်ကိုဆဲတာလား?”
 
လုပေါ်ယွမ်က သူတို့စကားဝိုင်းအကြောင်း ကျန်းရုန်ကို အတိုချုပ် ပြန်ပြောပြလိုက်သည်။
 
ကျန်းရုန် : “ပြီးခဲ့တဲ့လေးနှစ် Fountainမှာလား?”
 
“အဲဒီအချိန်တုန်းက ကိုယ်ကငယ်လည်းငယ်သေးတယ် ကမ္ဘာ့ဖလားပွဲမှာ ဝင်ကစားတာလည်း ပထမဆုံးအကြိမ်လေ။ ကိုယ်က အရမ်းစိတ်ကြီးဝင်နေတာ” လုပေါ်ယွမ်က ရယ်လိုက်ပြီး “Playoffsမှာတုန်းက သူ့ကို Fountainထဲပိတ်ထားပြီး အနိုင်ကျင့်ခဲ့တာ”
 
LPLအကြောင်း ပြောရတိုင်း Masterဘက်က လုပေါ်ယွမ်ကို ထည့်ထည့်ပြောတတ်တာ မထူးဆန်းတော့။
 
ကျန်းရုန်က ခေါင်းငြိမ့်လိုက်ပြီး “အဲ့တာကြောင့် LPLကို လေးနှစ်လုံးလုံး သူကအငြှိုးထားနေတာပေါ့”
 
လုပေါ်ယွမ်က မတတ်သာဘဲ ရယ်မိသည်။ “…..ကိုယ့်ကြောင့်ချည်းပဲတော့ မဟုတ်ဘူးလေကွာ။ ပြိုင်ပွဲပြီးတော့ တင်းကောက ကိုယ့်ကို တောင်းပန်ဖို့ ခေါ်သွားသေးတယ်”
 
သူတို့တွေ ဘတ်စ်ကားဆီ ပြန်ရောက်လာသည့်အခါ အခြားသူတွေကလည်း လွန်ခဲ့သည့်လေးနှစ်ကအကြောင်းကို ဆွေးနွေးနေကြသည်။
 
ရှောင်ပိုင် : “ဟုတ်ပြီလေ သူတို့ကို spawn campခိုင်းတာပေါ့။ ရှုံးပြီဆိုတာနဲ့ အချောင်းလိုက်ရပ်ပြီး သမတာခံရမှာ။ သူတို့စိတ်ကြိုက် campခွင့်ရှိတယ်။ ဒါပေမယ့် ပြိုင်ပွဲပြီးသွားတာတောင် ဘာကိစ္စ ဒီဟာကိုပဲသုံးပြီး ထပ်ခါထပ်ခါ လာလှောင်နေရတာလဲ? ပြီးတော့ gifတောင်လုပ်ထားသေးတယ်။ ဘယ်သူက ပြိုင်ပွဲမှာ မနိုင်ဖူးလို့လဲ….မဖြစ်ဘူး။ ကျွန်တော်လည်း ပြီးခဲ့တဲ့လေးနှစ်တုန်းက Masterကို ကျွန်တော်တို့ campနေကြတဲ့ပုံကို လိုင်းပေါ်တင်မှဖြစ်မယ်!”
 
လက်ထောက်နည်းပြ : “အာ…..ဒါက သိပ်မသင့်တော်ဘူး။ ပြဿနာစရှာတဲ့သူက Rishမလား?”
 
ယွမ်ချန်က ခေါင်းခါလိုက်ရင်း “နည်းပြကသိပ်ရိုးလွန်းတယ်” ဆိုသည့် စကားလုံးတွေက သူ့မျက်မှာမှာ အတိုင်းသား။ “Masterရဲ့ ဦးနှောက်ဆေးမခံရဘဲနဲ့ Rishက ဒီလောက် အထိန်းအကွပ်မဲ့ရဲမလား? အသင်းအတွက် ပြဿနာရှာရဲမလား?”
 
“တော်ပြီ” လုပေါ်ယွမ်က သူ့ကိုဖြတ်ပြောလိုက်သည်။ “ကိုယ်မကောင်းဘူးထင်တဲ့အရာကို ဘယ်တော့မှ ကိုယ်လည်းလိုက်မလုပ်နဲ့”
 
တကယ်တမ်း ရှောင်ပိုင်မှာလည်း တစ်ခုခုလုပ်ရန် အစီအစဥ်မရှိ။ သူက ဖုန်းကို ဟိုကြည့်ဒီကြည့်လုပ်ကာ ဒေါသအရ ပြောလိုက်ခြင်းသာ။
 
“သိပါတယ်….ကျွန်တော့်Weibo nfတစ်ခုလုံး ကျန်းရုန်ရဲ့အင်တာဗျူးတွေနဲ့ ပြည့်နေပြီ” သူက ရင်ထဲထိသွားကာ သက်ပြင်းချလိုက်သည်။ “ဒီအင်တာဗျူးလောက်ကို ဗိုလ်လုပွဲက အင်တာဗျူးလို သဘောထားခံနေရတာ”
 
ကျန်းရုန်လည်း သူ့အင်တာဗျူးမှ နောက်ဆုံးစကားတွေက အသင်းကို လူစိတ်ဝင်စားအောင် လုပ်မိပြန်ပြီမှန်း သတိပြုမိသွားသည်။
 
သူပြောခဲ့သမျှကို အတတ်နိုင်ဆုံး သူ့တစ်ယောက်တည်းအမြင်ဖြစ်အောင် ကြိုးစားခဲ့ပေမယ့် TTCအသင်းသားအနေဖြင့် ပြိုင်ပွဲနယ်ပယ်ထဲမှာ သူလုပ်သမျှ ပြောသမျှက သူ့အသင်းနှင့် အသင်းဖော်တွေကို ရောဆွဲချနိုင်သည်မှာ အမှန်တရားတစ်ခု။
 
သူက ပါးပြင်ပေါ် လက်ထောက်လိုက်သည်။ သူတို့ခုံတန်းဘေးမှ တင်းကောဖြတ်သွားတော့ ကျန်းရုန်က လှမ်းခေါ်လိုက်သည်။
 
တင်းကောက ထိုင်ခုံတစ်ခုံ၏နောက်မှီကို ထိန်းကိုင်လိုက်ရင်း ရပ်သွားသည်။ “ဘာဖြစ်လို့လဲ?”
 
“အင်တာဗျူးမှာ ကျွန်တော်ပြောခဲ့တာတွေက” ကျန်းရုန်က ခဏလောက် ရပ်သွားပြီး “ကျွန်တော် အပြစ်ပေးခံရမှာလား?”
 
တင်းကောက အံ့သြစွာ မျက်ခုံးပင့်သွားသည်။ “ဘာလို့အပြစ်ပေးခံရမှာလဲ?”
 
ကျန်းရုန် : “ကျွန်တော် Rishကိုခွေးလို့ခေါ်ပြီး ဆဲလိုက်တယ်လေ”
 
လုပေါ်ယွမ်မှာ အော်ရယ်မိလုနီးပါး။
 
တင်းကောသည်လည်း ကြောင်အမ်းသွားလျက် အကြာကြီးနေတော့မှ ပြောလာသည်။ “အမှန်တိုင်းပြောရရင် မင်းပြောခဲ့တာတွေက နည်းနည်းတော့ အရှက်ခွဲရာရောက်တယ်…..ခွေးကိုလေ”
 
ကျန်းရုန် : “……”
 
တင်းကော : “စောစောကတင် LPLဘက်ကတစ်ယောက် ဖုန်းဆက်လာတယ်။ တရားဝင်အင်တာဗျူးတဲ့အဖွဲ့က ကိုရီးယားဆီ လာနေပြီတဲ့။ MSIတစ်လျှောက်လုံး ငါတို့နောက်ကနေ လိုက်ပေးနေမှာ။ ဆိုလိုချင်တဲ့သဘောက မင်းပြောခဲ့သမျှကို LPLဘက်က ဘယ်လိုမှသဘောမထားဘူးဆိုတာပဲ။ LPLတောင်ဘာမှမလုပ်မှတော့ ငါကဘာဖြစ်လို့အပြစ်ပေးခံရမှာလဲ?
 
“သြော် ဟုတ်သား။ ဖူကောကလည်း ပြိုင်ပွဲစရိတ်ကို တိုးပေးမယ်လို့ မက်ဆေ့ပို့လာတယ်။ သူ့ပိုက်ဆံပမာဏက ငါ့ကို ရောက်လက်စနဲ့ LCKကိုပါ တစ်ခါတည်း ဝယ်စေချင်နေတဲ့ပုံ--သေချာပေါက် ပိုပြောတာနော်။ ဘာပဲဖြစ်ဖြစ် အသင်းပိုင်ရှင်က မင်းပြောသမျှကို ကျေနပ်နေတယ်လို့ ဆိုလိုတာပဲ
 
“Weiboမှာလည်း သိသိသာသာကို Antiတွေလျော့သွားတယ်။ အခြားအသင်းတွေရဲ့ ပရိသတ်တွေကပါ ငါတို့အတွက် ကူဆဲပေးနေကြတာ။ ဒီလိုတွေကြားထဲမှာ မင်းအင်တာဗျူးကလည်း ဘာမှပြဿနာမရှိဘူး။ ပြိုင်ပွဲမှာ ရှုံးမယ်ဆိုရင်တော့ အနေအထားတွေက ပြောင်းလဲသွားမှာ ဆိုပေမယ့်ပေါ့” တင်းကောက တန့်သွားပြီးမှ “ဒါပေမယ့် ဒီတစ်ခေါက် ကိုရီးယားကိုလာကတည်းက သေချာပေါက် နိုင်မယ်လို့ ပြင်ဆင်ပြီး လာခဲ့ကြတာမလား?”
 
“ဒါပေါ့!” ယွမ်ချန်က တင်းကော၏စကားအဆုံးကနေ ဆက်ပြောလာသည်။ “ငါ့လူတို့ အင်တာဗျူးကို ပြန်ပြန်ကြည့်တိုင်း ခံစားချက်က အရမ်းကောင်းတယ်! ဒီရက်ပိုင်းတွေထဲ HTဘက်က LPLကို သရော်တာတွေချည်းပဲ မြင်နေရတာ နောက်ဆုံးတော့ ငါတို့အလှည့်ရောက်လာပြီ!”
 
Pineက ခပ်အေးအေး မေးလာသည်။ “ပြန်မလာခင် ဘာဖြစ်လို့ ဒီထက်များများ ထပ်မဆဲခဲ့တာလဲ?”
 
“….အင်တာဗျူးတဲ့လူက မေးခွန်းဆက်မမေးတော့ဘူးလေ” ကျန်းရုန်၏လေသံက ခံစားချက်တို့မပါ။ “မိုက်ခ်ကိုတောင် ပိတ်ပစ်လိုက်တယ်”
 
အော်ရယ်သံတွေက ဘတ်စ်ကားထဲ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
 
ဘတ်စ်ကားက ဟိုတယ်၏ဝင်ပေါက်ရှေ့တွင် ရပ်သွားသည်။ တင်းကောက သူ့လွယ်အိတ်ကို ကောက်ကိုင်လိုက်ပြီး ရယ်နေတာကို ပြန်ထိန်းသိမ်းလိုက်သည်။ “ဟုတ်ပြီ အားလုံး ပြန်လေ့ကျင့်ရအောင်။ ကျန်းရုန်ရဲ့ကျေးဇူးကြောင့် ဒီနေ့ ငါတို့နဲ့ လေ့ကျင့်ရေးပွဲ စီစဥ်ချင်နေတဲ့အသင်းတွေ အများကြီးပဲ။ ဒီညအချိန်ဇယားကတော့ ပြည့်ကျပ်နေပြီ….ငါတို့နဲ့HTရဲ့ ပထမဆုံးBO1ပွဲက မနက်ဖြန်မှာ။ အားလုံး အလုပ်ကြိုးစားပြီး HTဆီက First Bloodကို ယူရအောင်!”
 
__
 
T/N :
 
ရှီးဘား ကိုတော့ အားလုံးသိမှာပါ။ ကောဂျော့ကတော့ ‘လစ်စမ်း’ ဆိုတဲ့ အဓိပ္ပါယ်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now