အပိုင်း(၈၇)

4.5K 751 82
                                    

(Unicode)

လိ​မ္မော်​ရောင်သကြားလုံး၏အရသာကို မြည်းစမ်းခဲ့သည့်ကျန်းရုန်

TTC၏အသင်းသားတိုင်းရှိ ပစ္စည်းအိတ်ထဲတွင် ရှပ်အင်္ကျီအပိုတစ်ထည်စီ ရှိကြသည်။ သို့မှသာ ပြိုင်ပွဲပြီးပြီးချင်း စားသောက်ဆိုင်တွေမှာ ထွက်စားကြတာမျိုး သို့မဟုတ် အခြားကိစ္စတွေလုပ်ခြင်းမျိုး၌ အဆင်ပြေမည်ပင်။

လုပေါ်ယွမ်နှင့်ကျန်းရုန်တို့နှစ်ယောက်လုံးက အဖြူရောင်လက်တိုအင်္ကျီတွေ ယူလာကြသည်။ အက်ပလီကေးရှင်းမှတစ်ဆင့် သူတို့ခေါ်ထားသည့်ကား၏နောက်ခန်းတွင် သူတို့ထွက်မလာခင် သူတို့လက်ထဲ တင်းကောအတင်းထိုးထည့်ပေးလိုက်သည့် အမည်းရောင်Maskနှစ်ခုကို တပ်ထားရင်း နှစ်ယောက်သား ထိုင်နေကြသည်။

အပြင်ဘက်ရှိအပူချိန်က ပြန်ပူနေပြီဖြစ်သော်လည်း ပိုက်ဆံချွေတာရန်အတွက် အရမ်းပူသည့်နွေရာသီမရောက်ခင်အထိ တက်စီကားတွေက လေအေးပေးစက် မဖွင့်ထားကြပေ။ မီးနီမိသွားချိန်၌ ကားဆရာက မထိန်းနိုင်တော့ဘဲ နောက်ကြည့်မှန်ကနေ သူတို့နှစ်ယောက်ကို လှမ်းကြည့်လာသည်။

ကောင်လေးနှစ်ယောက်လုံးက လုံနေအောင်ဖုံးကွယ်ထားပေမယ့် သူတို့၏မျက်နှာသွင်ပြင်တွေက ထူးခြားမှန်း ခန့်မှန်းရန်မခက်ပေ။ အထူးသဖြင့် ညာဘက်ခြမ်းက ပိုအရပ်ရှည်သည့်တစ်ယောက်က ရင်အုပ်ကျယ်ကျယ် ခြေတံရှည်ရှည်နှင့် ဖြစ်လေသည်။ ကားဆရာ၏အတွေ့အကြုံအရ.....နာမည်ကြီးတွေဖြစ်ပုံရသည်။

တစ်စုံတစ်ခုကတော့ အတော်လေး ထူးဆန်းနေ၏။ သူ့ကားကSUVဖြစ်ပြီး အနောက်ခန်းက အရမ်းကျယ်သည်။ ဆိုလိုသည်က သူတို့နှစ်ယောက်စာအတွက် လုံလောက်ရုံသာမက နေရာပင်ပိုနေသေးသည်။ သို့သော် ထိုကောင်လေးနှစ်ယောက်က ပါလာသမျှအိတ်တွေကို ညာဘက်ခြမ်းထိုင်ခုံဘက်ကို အကုန်ပို့ထားပြီး နှစ်ယောက်သား ဘေးချင်းကပ်လျက် ထိုင်နေသည်။

ပိုအရပ်ရှည်သည့်ကောင်လေးက ရုတ်တရက် သူ့ကိုကြည့်လာသည်ကြောင့် ကားဆရာမှာ အလျင်အမြန် အကြည့်ပြန်လွှဲလိုက်ရသည်။

ကျန်းရုန်ကတော့ ဒီအဖြစ်အပျက်ကို သတိမထားမိလိုက်ပေ။ မနေ့က သူ့Livestreamအတွင်း နောက်ရက်တွေဆက်တိုက် ကိုရီးယားဆာဗာမှာကစားရင်း Livestreamလွှင့်မည်ဟု သူ့WFတွေကို ကတိပေးထားမိသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now