အပိုင်း(၆၄)

4.7K 692 39
                                    


(Unicode)

ကျန်းရုန်၏စိတ်ထဲ အမှောင်ထုကြီး ကြီးစိုးသွားသည်။ စက်ရုပ်ကဲ့သို့ ခပ်တောင့်တောင့်ဖြင့် Champကို Ban၊ Champတစ်ခုကို Pickကာ Runesတွေကို ပြောင်းလဲလိုက်သည်။

ထိုလုပ်ဆောင်ချက်တွေအားလုံးက မှတ်ဥာဏ်ထဲ ရောက်နေပြီးဖြစ်၍သာ ကံကောင်းသည်။
မဟုတ်ပါက Leblancကို Banမိ၊ Teemoကို Pickကာ Summoner Spellအဖြစ် Clarityအား ယူမိလောက်သည်။

လုပေါ်ယွမ်ကတော့ ကျန်းရုန်၏Streamမှ Barrageနှင့် ဆက်ပြီး စကားဖောင်ဖွဲ့နေဆဲ။

"ဘာလို့Livestreamမလွှင့်တာလဲ......အလုပ်များနေလို့။ Soft Streamနေမှတော့ ငါလွှင့်လွှင့်မလွှင့်လွှင့် အတူတူပဲမလား"

[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် မင်းတို့နှစ်ယောက်က လင်လင်စုံတွဲလိုက်လေ!!!]

[ဘာတွေဖြစ်ကုန်တာလဲ? ငါကRရဲ့Fanပေမယ့် တစ်ခုခုထူးဆန်း​နေသလိုကြီး?]

[ရှောင်ရှာပိ အဆင်ပြေရဲ့လား? လက်တွေပဲလှုပ်နေတာ မျက်လုံးကတစ်ချက်မှမရွေ့ဘူး......တစ်ကိုယ်လုံးခဲသွားတာလား? ဝိညာဥ်လွင့်သွားတာများလား??]

[ရှာပိ မင်းမျက်နှာအရမ်းရဲနေတာပဲ]

[သူ့တိတ်တခိုးအချစ်က လူသိရှင်ကြားဖြစ်သွားပြီဟ! အားး!! ငါ့သားလေးအစား ရှက်လိုက်တာနော်!!!]

[မတူဘူးလေ ငါက နင်ကိုယ်တိုင်လွှင့်တဲ့ နင့်ရဲ့Livestreamကိုကြည့်ချင်တာ! Softပိုပြီးနာမည်ရလာအောင် အသင်းက နင့်ကိုကူညီခိုင်းနေတာလား? သူတို့ရဲ့ ဝါရင့်အသင်းသားတွေကို သုံးပြီးတော့လေ??]

[ဘယ်တော့များမှ Roadနဲ့ထန်ချင်းနဲ့ Duo Qတာကို ကြည့်ရပါ့မလဲ QAQ]

"ဘယ်သူ့ကိုမှ ငါကူညီပေးဖို့ လိုမနေဘူး။ Softကို အတူကစားဖို့လည်း ငါကိုယ်တိုင်ပဲမေးတာ။ အခု​နောက်ပိုင်း Softက တအားအလုပ်များနေတော့ သူ့မှာငါ့ကိုCarryပေးဖို့​တောင် အချိန်မရှိဘူး.....ထန်ချင်း? ငါတို့အတူမကစားဘူး။ သူ့ကိုမကြိုက်လို့မဟုတ်ပေမယ့် ဒါက...."

လုပေါ်ယွမ်က သူကစားမည့်Champကို ရွေးလိုက်သည်။

"မလိုအပ်လို့"

အသင်းသားတွေနှင့် အတူတွဲကစားခြင်းက လေ့ကျင့်ရေးအတွက်ပင်။ အခြားအသင်းတွေမှ ပရော်ဖက်ရှင်နယ်ကစားသမားတွေနှင့် တွဲကစားသည်ကလည်း အင်အားချင်းယှဥ်သည်ဟု သတ်မှတ်နိုင်သည်။ အမျိုးသမီးHostsတွေနှင့် အတူတွဲကစားဖို့ကတော့......တကယ်ကို မလိုအပ်ပေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now