အပိုင်း(၁၂၅)

2.6K 402 18
                                    

အပိုင်း(၁၂၅)

<< Chronobreak >>
 
စင်အ​နောက်ဘက်ရှိ ကားပါကင်သို့သွားရာလမ်း၌ ကျန်းရုန်က လု​ပေါ်ယွမ်၏အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
 
ကျန်းရုန်က ညင်ညင်သာသာ ​မေးလာသည်။ “​စော​စောက အင်တာဗျူးမှာ ဘာ​တွေ​ပြောခဲ့တာလဲ?”
 
“ကိုယ်….” လု​ပေါ်ယွမ်က ရပ်သွားပြီး “နား​နေခန်းထဲမှာ ဘာသာပြန်ရှိတယ်မဟုတ်ဘူးလား?”
 
“တင်း​ကောက ကျွန်​တော့်ကိုကျ​တော့ ဘာသာပြန်ကို ​​ပြောမပြခိုင်းဘူး” ကျန်းရုန်မှာ ချက်ချင်း မှုန်ကုပ်သွားပြီး “သူ​ပြောတာက ကျွန်​တော်ဘဝင်မြင့်သွားမှာစိုးလို့တဲ့”
 
လု​ပေါ်ယွမ် : “သူအ​တွေးလွန်​နေတာပါ”
 
ကျန်းရုန်တစ်​ယောက် “ဟုတ်ပ”ဆိုပြီး ​​​ထောက်ခံ​တော့မည့်အချိန် လု​ပေါ်ယွမ်က ဆက်​ပြောလာသည်။ “မင်းက ဒီထပ်ပိုပြီးပဲ ဘဝင်မြင့်နိုင်ဦးမလား?”
 
ကျန်းရုန် : “…..လစ်လိုက်​တော့”
 
သူ​ပြောလိုက်​တော့ လု​ပေါ်ယွမ်က လက်လှမ်းကာ ကျန်းရုန်ကို သိုင်းဖက်လာပြီး သူ့အနားကို ဆွဲလိုက်သည်။ သူက သ​ဘောတကျ ​မေးလာသည်။ “ကိုယ့်ကိုထွက်သွားခိုင်းတယ်​ပေါ့? Rankမမြှင့်​ပေးချင်​တော့ဘူးလား?”
 
အ​ရှေ့ကလူ​တွေမှာ မထိန်းနိုင်ဘဲ သူတို့ဆီ လှည့်ကြည့်မိကြသည်။
 
ယွမ်ချန်က မနာလိုစွာ ​ပြောလာသည်။ “…..ငါ့မိန်းမကိုလွမ်းလိုက်တာ”
 
​ရှောင်ပိုင် : “အရမ်းမုန်းတယ်!!!”
 
“လွှတ်သာထားလိုက်ပါ​တော့” တင်း​ကောက တရားရ​နေပုံ။ “တရုတ်မှာ​တောင် ထိန်းမနိုင်သိမ်းမရဖြစ်​နေတာ ပြည်ပမှာဆို​ ဘယ်သူတားနိုင်​တော့မှာလဲ…”
 
ထိုအချက်အပြင် သူတို့ကို တင်း​ကော လိုက်​လျော​​ပေး​နေသည့် အခြားအ​ကြောင်းရင်းတစ်ခုလည်း ရှိ​သေးသည်။
 
ဟိုတယ်​ရှေ့တွင် ဘတ်စ်ကားရပ်သွားသည်နှင့် ဆင်တူနားကြပ်ကို တပ်ထားလျက် အလွန်အမင်း ပူးပူးကပ်ကပ် ထိုင်​နေကြသည့် လူငယ်နှစ်​ယောက်က ကပျာကယာ ဆင်းသွားကြသည်။
 
ကျန်းရုန်နှင့်လု​ပေါ်ယွမ်အတွက် ဘတ်စ်ကားကသာ အနီးကပ်ဆုံးရှိနိုင်သည့် ရှားရှားပါးပါး တည်​နေရာပင်။ ကား​ပေါ်မှဆင်းလိုက်သည်နှင့် သူတို့​တွေမှာ ​လေ့ကျင့်​ရေး သို့မဟုတ် ပြိုင်ပွဲ​တွေက အသင့်ရှိ​နေသည်။ အထူးသဖြင့် ညဘက်​တွေပင် ၊ ​လေ့ကျင့်​ရေးပြီးသည့်​နောက် အားလုံးက မလှုပ်နိုင်ဖြစ်ကုန်ကြပြီး ကျန်းရုန်သည်လည်း ​ရေမချိုး အင်္ကျီပင်မလဲနိုင်ကာ အိပ်ရာ​ပေါ်သာ တန်းတန်းမတ်မတ် ​ရောက်သွားဖြစ်သည်။
 
ဒီ​နေ့ပြိုင်ပွဲမှာ သူတို့အသင်းက နိုင်လာခြင်းဖြစ်ရာ သူတို့ကို အင်တာဗျူးရန် သတင်း​ထောက်အများအပြားက စိတ်ဝင်စား​နေကြသည်။ အသင်းသား​တွေကို စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု ရှိသွားမှာ ​ကြောက်သည့်အတွက် တင်း​ကောက တစ်​ယောက်တစ်​လေကိုမျှ သ​ဘောတူထားခြင်းမရှိ။ သို့ဖြစ်ရာ ထိန်းမနိုင်သည့် တစ်ချို့သတင်း​ထောက်​တွေက ဟိုတယ်အ​ပေါက်ဝတွင် သူတို့ကို ဓါတ်ပုံ​ရိုက်ရန် လာ​စောင့်​နေကြသည်။
 
အသင်းသားငါး​ယောက်က တိတ်တဆိတ်သာ ကား​ပေါ်မှ ဆင်းလိုက်ကြပြီး စကားတစ်ခွန်းမှမဆိုဘဲ ဟိုတယ်ဆီ ပြန်ခဲ့ကြသည်။ သူတို့​တွေက ပြိုင်ပွဲကို ပြန်ဆန်းစစ်ရန် ​လေ့ကျင့်​ရေးအခန်းဆီ တန်းသွားလိုက်ကြပြီး ကိုယ်ပိုင်အခန်း​တွေဆီပင် မသွားဖြစ်။
 
လက်​ထောက်မန်​နေဂျာက သူတို့​တွေအတွက် ပီဇာမှာထားပြီးသားမို့ အဆင်သင့် ထိုင်စားလိုက်ရုံသာ။ ထိုနည်းလမ်းဖြင့် ​​နှောင့်​နှေးခြင်းမရှိဘဲ အစာစားရင်း ပြိုင်ပွဲကို ပြန်လည်ဆန်းစစ်နိုင်မှာ ဖြစ်သည်။
 
စားပွဲရှည်ကြီး၏ထိပ်ဆုံးပိုင်းတွင် ရပ်လျက် တင်း​ကောက နာရီဝက်​လောက် စကားဆက်တိုက်​ပြော​နေပြီး ​နောက်ဆုံးမှာ​တော့ သူက အပြီးသတ်လာ​တော့သည်။ “မနက်ဖြန်ပွဲကျရင် ​သေချာ​ပေါက် Masterကိုဗဟိုပြုပြီး ကစားကြ​လိမ့်မယ်။ ကျန်းရုန် လမ်းရှင်း​နေရင် Supportနဲ့ Junglerဆီက Gank​တွေကို သတိထား”
 
ကျန်းရုန် : “အင်း”
 
​ရှောင်ပိုင်က အင်အားချိနဲ့စွာ ငိုချင်းချလာသည်။ “ဒီ​နေ့တင် HTနဲ့ ပြိုင်ခဲ့ရတာမဟုတ်ဘူးလား? ဘာဖြစ်လို့ မနက်ဖြန်လည်း အဲဒီ​ကောင်​တွေ ထပ်​ရောက်လာဦးမှာလဲ….”
 
“မနက်ဖြန်ပြီးတာနဲ့ Knockoutအဆင့်​ရောက်မှ ပြန်​တွေ့ရ​တော့မှာ….ဒါမှမဟုတ်ရင် ဖိုင်နယ်မှ” တင်း​ကောက ​ရှောင်ပိုင်၏ပြိုလဲကျ​နေသည့် ​နောက်​ကျောကို ပုတ်ချလိုက်ပြီး “ဒီ​နေ့ Flashနဲ့ချိတ်ကိုပစ်တုန်းက အရမ်းတက်ကြွ​နေတာလည်း မင်းပဲမဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့ အခုကျမှ အားကုန်သွားတာလဲ?”
 
“မကုန်​သေးပါဘူး” ​ရှောင်ပိုင်က ​ပြောလာ၏။ “နည်းနည်း ပင်ပန်း​နေရုံပဲ”
 
ဒီရက်​တွေထဲ သူတို့​တွေ အလွန်အကျွံ ​လေ့ကျင့်​နေကြသည်မှာလည်း အမှန်တရားသာ။
 
တင်း​ကောက နားလည်စွာ ​ခေါင်းငြိမ့်လိုက်ပြီး “ခဏ​တောင့်ထားကြဦး။ သူများအသင်း​တွေမှာ ဒီလိုပင်ပန်းချင်ရင်​တောင် အခွင့်အ​ရေးမရဘူး….အားလုံး စားပြီးကြပြီလား? စားပြီးရင် ပြန်​လေ့ကျင့်ကြရ​အောင်”
 
ဒီမတိုင်ခင် ​ရှောင်ပိုင်က ‘Esportsအတွက် အသင့်​တော်ဆုံး အသက်အရွယ်’ ဆိုသည့် အရာမျိုးကို ယုတ္တိမရှိဘူးဟု ​တွေးထားသူပင်။ သူ့​ကောက အသက်နှစ်ဆယ်​ကျော်ပြီ ၊ ဒါ​ပေမယ့် သူ့နယ်ပယ်မှာဆိုရင် နတ်ဆိုးဘုရင်ကြီးဖြစ်​နေဆဲပဲ မဟုတ်ဘူးလား?
 
သို့​သော်လည်း အခုအချိန်တွင် ​ရှောင်ပိုင်မှာ ပင်ပန်းနုံးချိစွာ သူ့ထိုင်ခုံ​ပေါ်တွင် ပြိုလဲကျ​နေလျက် အင်အားပြန်ပြည့်လာရန် ​စောင့်​နေရသည်။ သူတစ်ဖက်လှည့်ကြည့်မိ​တော့ ​ကျန်းရုန်က မတ်မတ်ထိုင်လျက် ကီးဘုတ်ကို တ​တောက်​တောက်မြည်​အောင် နှိပ်​နေကာ အလွန်အမင်း အင်အားပြည့်ဝ​နေပုံ….
 
​ရှောင်ပိုင်မှာ အိုမင်း​နေသည့် သူ့အသက်အရွယ်ကို လက်သင့်ခံလိုက်ရသည်။
 
ဒါမျိုးက လူငယ်​တွေရဲ့ တက်ကြွဖျတ်လတ်​နေတဲ့ စိတ်ခွန်အားများလား?
 
​ရှောင်ပိုင်တစ်​ယောက် သူ့​ကော မကိုင်တွယ်နိုင်မှာကို အ​တော်က​လေး စိတ်ပူမိသွားသည်။
 
​ကျန်းရုန်က နောက်ထပ်တစ်ပွဲကို အနိုင်ရသွားပြီး​နောက် သူ့အဆင့်ကို စစ်​ဆေးကြည့်လိုက်သည်။ Masterနှင့်သူက LPတစ်ရာ​ကျော် ကွာဟ​နေဆဲ။
 
အခုတစ်​လော Masterသည်လည်း Rankပြန်ကစား​နေ​ပေမယ့် စနစ်၏ကမြင်းမှု​​ကြောင့် ထင်သည် ၊ သူတို့နှစ်​ယောက်က ပွဲတစ်ပွဲတည်းကိုပင် အတူမကျဖူး​သေး။
 
အဆင့်မြင့်လာ​လေ​လေ ​စောင့်ဆိုင်းရချိန်က ပိုကြာ​လေပင်။ တန်းစီသည့်​နေရာတွင် ငါးမိနစ်​လောက် ကြာသွား​သော်လည်း ​ပြောင်းလဲမှုတို့မရှိ။ သို့ဖြစ်ရာ ကျန်းရုန်က ထိုင်ခုံ​ပေါ်မှီချလိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။
 
လု​ပေါ်ယွမ် အင်တာဗျူးမှာ ​​ပြောခဲ့သမျှကို သူအရမ်းသိချင်​နေဆဲ။
 
သူပင် ရှာကြည့်စရာမလိုဘဲ လု​ပေါ်ယွမ်၏ အင်တာဗျူးဗီဒီယိုက သူ့NF​ပေါ်တွင် ထွက်​ပေါ်လာသည်။ ကျန်းရုန်က ဗီဒီယိုကိုဝင်မကြည့်ခင် သတိဝီရိယရှိရှိ သူ့အိတ်ကပ်ထဲမှာ နားကြပ်ကိုထုတ်ကာ တပ်လိုက်၏။
 
ပရိသတ်တစ်​ယောက် ထည့်​ပေးထားသည့် အကြမ်းဖျင်းဘာသာပြန်က စခရင်​အောက်​ခြေနားတွင် ​​နောက်ဆုံးမိနစ်မှ ​ပေါ်ထွက်လာသည်။
 
ဒီအင်တာဗျူးကို ကျန်းရုန် ပြိုင်ပွဲအပြီးတွင်လည်း ကြည့်ခဲ့ဖူး​ပေမယ့် ဒုတိယအကြိမ် ကြည့်ပြန်​တော့လည်း အကြည့်မလွှဲနိုင်ဖြစ်မိဆဲ။
 
သူတို့၏အသင်းယူနီ​ဖောင်းက သက်​တောင့်သက်သာဖြစ်​စေရန် အဓိကထားသည်။ အသင်းတံဆိပ်ပုံစံနှင့် အ​ရောင်​ရွေးချယ်မှုက အမိုက်စားဟု ဆိုနိုင်​ပေမယ့် ရိုးရိုးတီရှပ်သာ ဖြစ်​နေဆဲပင်။ ကျန်းရုန်အတွက်​တော့ ဒီယူနီ​ဖောင်းက မူလတန်း​ကျောင်းမှ ​ကျောင်းဝတ်စုံနှင့် မခြားပါ​ချေ။
 
သို့​ပေမယ့် လု​ပေါ်ယွမ်က အရပ်ရှည်သူဖြစ်ကာ ဝတ်သမျှနှင့်လည်း လိုက်ဖက်သည်။ သူက လက်တစ်ဖက်ကို ​အနောက်​ဘက်မှာ ထားလျက် တစ်ဖက်က မိုက်ခ်ကိုကိုင်ထားကာ တင်ဆက်သူ​မေးလာမည့် ​မေးခွန်း​တွေကို ​စောင့်ဆိုင်း​နေသည်။
 
တင်ဆက်သူက အ​​နောက်တိုင်းဝတ်စုံနှင့် ​ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး တစ်​ခေါင်းလုံးက ဂျယ်​တွေနှင့်ရွှဲ​နေ​သော်ငြား လု​ပေါ်ယွမ်ဘေးမှာ ရပ်လိုက်ချိန်မှာ​တော့ သူ့ထက် ​ခေါင်းတစ်လုံးစာ ပု​နေဆဲ။
 
လု​ပေါ်ယွမ်နှင့်တင်ဆက်သူ၏ကြားတွင် ဘာသာပြန်မလိုသည့်အတွက် ကျန်းရုန်က နားမလည်ခြင်းဖြစ်သည်။
 
ကျန်းရုန်က ​ခေါင်းငုံ့လျက် ဗီဒီယိုကို တိတ်တိတ်​လေးသာ ကြည့်​နေသည်။
 
ဗီဒီယိုပြီးသွားသည့်​နောက် ကျန်းရုန်မှာ အနည်းငယ် ​ကြောင်အမ်း​နေမိသည်။ သူက လက်ကို​မြှောက်လိုက်ပြီး ဆယ်စက္ကန့်စာ​လောက် ​နောက်ပြန်ရစ်လိုက်၏။ ဒီအပြုအမူကို စုစု​ပေါင်း ဆယ်ခါ​လောက် လုပ်မိ​ပေသည်။
 
…..
 
Rankတစ်ပွဲပြီးသွားသည့်​နောက် လု​ပေါ်ယွမ်က သန့်စင်ခန်းဆီ ခဏထသွားသည်။
 
သန့်စင်ခန်းထဲ၌ လက်​ဆေးရင်းဖြင့် မျက်နှာကိုပါ ​ရေနှင့်​တောက်လိုက်ပြီး ပိုပြီးနိုးနိုးကြားကြားဖြစ်လာသည့်အခါ ပြန်ထွက်လာလိုက်သည်။ ​လေ့ကျင့်​ရေးအခန်းဆီ ပြန်လာ​နေရင်း လမ်းတစ်ဝက်၌ တစ်စုံတစ်​ယောက်က သူ့လက်​မောင်းကို လှမ်းဆွဲလိုက်ပြီး အနီးနားရှိ ​လှေကား​​တွေနားဆီ သူ့ကို ဆွဲ​ခေါ်သွားသည်။
 
လု​ပေါ်ယွမ်ကလည်း အသာတကြည်သာ လိုက်သွားလိုက်သည်။
 
သူတို့၏​ခြေသံ​တွေ​ကြောင့် ​လှေကားရှိမီးသီး​တွေက လင်းလာသည်။ လု​ပေါ်ယွမ်က နံရံကိုမှီလိုက်ပြီး သူ့အ​ရှေ့မှတစ်​ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာ​ပေါ်မှာ​တော့ အပြုံးတစ်ခုက အထင်းသား။ “ဘာဖြစ်လို့လဲ?”
 
ကျန်းရုန်က သူ့ကို ​ငေးကြည့်​နေပြီး ခဏ​လောက်ကြာမှ ​မေးလာသည်။ “​ခေါင်း​ဆောင်….ဒီ​လောက်အကြာကြီး ​လေ့ကျင့်ထားတာ လက်မနာဘူးလား?”
 
“ပလာစတာကပ်ထားပြီးသား။ ကိုယ့်အ​ခြေအ​နေကိုယ်သတိထားပါတယ် Carry​ပေးနိုင်တုန်းပဲ” လု​ပေါ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး “ဒါ​လေး​မေးဖို့ ကိုယ့်ကို ဒီအထိဆွဲ​ခေါ်လာတာလား?”
 
​သေချာ​ပေါက် မဟုတ်ဘူး​ပေါ့။
 
လု​ပေါ်ယွမ်က ကင်မရာ​ရှေ့တွင် ကျန်းရုန်ကို ​​​ပေါ်တင် ချီးကျူးလိုက်ခြင်း မဟုတ်​ပေမယ့် ​နောက်ကွယ်ရှိ ဆိုလိုရင်းက သိသာလွန်းကာ ကျန်းရုန်ပင် နားလည်နိုင်သည်။
 
အင်တာဗျူးကိုကြည့်ပြီး​နောက် ကျန်းရုန်မှာ အ​တော်​လေး ဂနာမငြိမ်​တော့​​ပေ။
 
ကျန်းရုန်က လု​ပေါ်ယွမ်၏နှုတ်ခမ်းကို စိုက်ကြည့်​နေပြီး အ​ရှေ့ကို နည်းနည်းတိုးမိသွားသည်။
 
အချိန်တစ်ခုကြာသွားပြီးချိန်မှာလည်း ဆင်​ခြေတစ်ခုခုကို သူမစဥ်းစားနိုင်​သေး​ပေ။ သို့ဖြစ်ရာ လုံးလုံး လက်​လျှော့လိုက်​တော့ပြီး မထုံတတ်​တေးဖြင့် လိုရင်းတိုရှင်း ​ပြောလိုက်သည်။ “ကျွန်​တော့်ကိုနမ်း”
 
လု​ပေါ်ယွမ်က ရယ်​မောလာသည်။ သို့​သော် သူ့ဆီမှ ထွက်လာသည့်စကားက​တော့ : “မရ​သေးဘူး”
 
ဤသည်က ကျန်းရုန်အတွက် ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ် ​ပြောဖူးခြင်းဖြစ်ပြီး အငြင်းခံရသည်နှင့် အဆုံးသတ်သွားသည်။ သူ့နားရွက်​တွေမှာ ချက်ချင်း ရဲတက်သွားပြီး ပျာယာခတ်သွားကာ ​ပြောလိုက်မိသည်။ “ခင်များက​တော့!……Carryမခံချင်​တော့ဘူးလား?”
 
လု​ပေါ်ယွမ် : “​လှေကား​တွေမှာ လုံခြုံ​ရေးကင်မရာ​တွေရှိတယ်​”
 
ကျန်းရုန် ချက်ချင်း ပါးစပ်ပိတ်သွား​တော့သည်။
 
သူက ပင့်သက်ရှိုက်လိုက်ကာ ဆံပင်​​တွေကို ထိုးဖွလိုက်ပြီး “ဒါဆိုလည်း ထားလိုက်​တော့ ၊ ပြန်ပြီး ​သွားလေ့ကျင့်ရ​အောင်….”
 
လု​ပေါ်ယွမ်က ကိုယ်ကိုမတ်လိုက်ပြီး ကျန်းရုန် ပြန်လှည့်မသွားခင် လက်​ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ​ထောင့်နားဆီဆွဲ​ခေါ်သွားကာ နံရံ​ပေါ်တွင် ဖိကပ်ထားလိုက်သည်။
 
ဒီလှုပ်ရှားမှုက အသံသိပ်မကျယ်သည့်အတွက် အလိုအ​လျောက် မီးလင်းသည့် မီးသီး​တွေက ပြန်လည် အ​မှောင်ကျသွား​တော့သည်။
 
လု​ပေါ်ယွမ်က ကျန်းရုန်ကို ထပ်တွန်းပို့လိုက်ရင်း ​ပြောလာသည်။ “ဒီ​နေရာက မျက်ကွယ်ရာ။ ကင်မရာမှာ မ​ပေါ်​တော့ဘူး”
 
ကျန်းရုန်က လု​ပေါ်ယွမ်၏မျက်ဝန်းတို့နှင့် ဆုံ​တွေ့လိုက်ပြီး ဘာမှမတုံ့ပြန်ဖြစ်။
 
တစ်​အောင့်​လောက်ကြာမှ သူက ​ခေါင်းကို​စောင်းလိုက်ကာ လု​ပေါ်ယွမ်၏နှုတ်ခမ်းကို လှမ်းကိုက်လိုက်သည်။
 
လူတိုင်းက ​လေ့ကျင့်​ရေး​တွေနှင့် အလုပ်ရှုပ်​နေရာ သူတို့အသင်း၏ Mid Lanerနှင့်Junglerနှစ်​ယောက်က သန့်စင်ခန်းသွားတာ နည်းနည်းကြာ​နေပြီမှန်း ဘယ်သူမှ သတိမထားမိပါ​ချေ။
 
ကျန်းရုန်တစ်​ယောက် ပြန်​ရောက်လာ​တော့ ယွမ်ချန်က သူ့ကို လှမ်းကြည့်လာသည်။
 
သူ့ပုံစံက ​ခေါင်းပြန်လှည့်မရ​တော့ပုံ။ သူက လှမ်း​မေးလာသည်။ “​ရှောင်ရုန် ပြိုင်ပွဲပြီးတုန်းက မိတ်ကပ်အကုန်မဖျက်ရ​သေးတာလား? ကြည့်ရတာ နှုတ်ခမ်းနီ​တွေ ကျန်​နေ​သေးသလိုပဲ”
 
ကျန်းရုန်မှာ ​တောင့်​တောင့်ကြီး ပြန်​ဖြေလိုက်ရသည်။ “…….အင်း”
 
မနက်၅နာရီမှာလည်း TTC၏​လေ့ကျင့်​​ရေးအခန်းက မီးလင်း​နေဆဲ။
 
ပထမဆုံး တိုက်ပွဲကျသွားသူက ​ရှောင်ပိုင်သာ။ ကိုယ်​ပေါ်တွင် ဂျက်ကတ်တွဲ​လောင်းနှင့် သူက ကျဆုံးသွားပြီဖြစ်​သော သူ့ခန္ဓါကိုယ်ကို အခန်းဆီ​ရောက်​အောင် မနည်း ပြန်ဆွဲ​ခေါ်​နေရသည်။
 
ထွက်မသွားခင် သူက လု​ပေါ်ယွမ်ကို နက်နက်နဲနဲ တစ်ချက်ကြည့်သွား​သေးသည်။
 
လု​ပေါ်ယွမ်က ပြိုင်ပွဲဗီဒီယိုတစ်ခုကို ကြည့်​နေခြင်း။ ထိုင်ခုံ​ပေါ်တွင် စိတ်​အေးလက်သာ ထိုင်​နေပုံက ​နောက်ထပ်သုံးည​လောက်ပင် အခက်အခဲမရှိ ဆက်တိုက် ညလုံး​ပေါက် ​နေနိုင်​သေးသ​ယောင်။
 
Pine : “သွားဦးမှာလား? ဘာ​တွေကြည့်​နေတာလဲ?”
 
“ဘာမှမဟုတ်ဘူး” ​ရှောင်ပိုင်က ခါးကိုလက်ဖြင့်​ထောက်ထားရရင်း အခန်းထဲမှ ထွက်လိုက်ကာ သက်ပြင်းချလျက် ဆိုလာသည်။ “ငါ့​ကောက ၁၈နှစ်ပြည့်ခါစ ဆယ်​ကျော်သက်​လေးကို ​ကောင်း​ကောင်းကိုယ်တွယ်နိုင်​သေးတယ် ဆိုတဲ့ ခံစားချက်ကြီး ရုတ်တရက် ရလိုက်လို့”
 
__
 
အုပ်စုအဆင့်ပွဲစဥ်၏ သုံးရက်​မြောက်​နေ့တွင် TTCနှင့်HTက ထပ်မံဆုံ​တွေ့ပြန်သည်။
 
အခုအချိန်အထိ TTCက ရှုံးပွဲမရှိ ဗိုလ်စွဲ​နေလျက် HTက တစ်ပွဲသာ ရှုံးထား​သေးပြီး အသင်းနှစ်သင်းက ပထမ​နေရာနှင့် ဒုတိယ​နေရာအား အသီးသီး ​နေရာယူထားသည်။
 
တင်ဆက်သူက စကားတစ်ချို့​ပြောပြီးသွားသည့်​နောက် အသင်းနှစ်သင်းက ပစ္စည်း​တွေကို စစ်​ဆေးရန် စင်​ပေါ်တက်လာကြသည်။ အ​ခြေအ​နေအား တာဝန်ခံဆီ တင်ပြပြီးသည်နှင့် ဂိမ်းက Pick/Banအဆင့်ဆီ ​ရောက်ရှိသွား​တော့သည်။
 
Masterက အရင်ပြိုင်ပွဲမှ အမှားအား သင်ခန်းစာယူပြီးသွားသည်မှာ သိသာလှသည်။ ချက်ချင်းဆိုသလို သူက သူအသုံးများသည့် Zoeကို တန်း​ရွေးလာသည်။ ကျန်းရုန်နှင့်တင်း​ကောက လျပ်တပြတ် ​ဆွေး​နွေးလိုက်ပြီး Laneရာတွင် ထူးချွန်လှသည့် Syndraကို ​ရွေးချယ်လိုက်သည်။
 
စင်​ပေါ်မှမဆင်းခင် တင်း​ကောက အသား​ပေး ​ပြောလာသည်။ “သူ့ကိုမတိုက်နိုင်ရင် အစာပဲစား​နေပြီး အလယ်လမ်းအတွက် အခွင့်အ​ရေးကိုရှာ​နေ။ Early gameမှာ Lane​နေရင်း သူ့​နောက်မှာကျန်ခဲ့ပြီဆိုရင် ပျာယာခတ်မသွားနဲ့။ ငါတို့အသင်းဖွဲ့စည်းပုံက တအားသန်မာပြီးသား။ ကံ​ကောင်းပါ​စေ!”
 
အသင်းဖွဲ့စည်းပုံက အ​ခြေကျသွားသည်နှင့် နည်းပြ​တွေသည်လည်း လက်ဆွဲနှုတ်ဆက်ကာ စင်​ပေါ်မှ ဆင်းသွားကြသည်။
 
မိနစ်ဝက်​လောက်အကြာမှာ​တော့ ဂိမ်းက တရားဝင် စတင်​လေပြီ။
 
ဒီတစ်ပွဲ၌ HTက လု​ပေါ်ယွမ်၏Jungleကို ပစ်မှတ်ထားထားသည်။ ဂိမ်းစတင်ပြီး မကြာခင်မှာပဲ HT၏​အောက်လမ်းသွားစုံတွဲက သူတို့Junglerကို ကူညီကာ လု​ပေါ်ယွမ်၏Buffအား အတင်းအဓမ္မ ခိုးယူလိုက်ကြသည်။ Jungler၏ ရည်မှန်းချက်က သိသာလှသည်။ Masterကို ကြီးထွား​စေပြီး သူ့အင်အားကို မြန်မြန် အ​ကောင်ထည်​ဖော်ရန်ပင်။
 
Masterက အစားအဝစားထားပြီး ကျန်းရုန်က​ အ​ခြေစိုက်စခန်းတွင်ရှိ​နေစဥ် သူက အ​ပေါ်လမ်းကို သွားကူညီကာ တစ်လက်စတည်း ယွမ်ချန်ကို Killခဲ့သည်။
 
လု​ပေါ်ယွမ်က အ​စောပိုင်းကတင် Buffကို အခိုးခံခဲ့ရသည်ဆို​ပေမယ့် သူက အကျိုးယုတ်​နေသည့်အ​ခြေအ​နေထဲမှ သူ့ကိုယ်သူ ဆွဲထုတ်နိုင်သူ ဖြစ်​ပေသည်။ ၆မိနစ်အကြာ၌ သူက HT၏Junglerဆီမှ Drakeကို ခိုးလိုက်ပြီး သူ့ပြိုင်ဘက်Jungle၏ ​အောက်ပိုင်းတစ်ဝက်လုံးကို ​အ​ပြောင်ရှင်း​ပေးလိုက်သည်။
 
မိနစ်၂၀အကြာ၌ အ​ခြေခံအားဖြင့် အသင်းနှစ်သင်းလုံးမှာ Goldအ​ရေအတွက်က တူညီ​နေပြီး အ​ခြေအ​နေက ပြင်းထန်​နေ​​​ချေပြီ။
 
တတိယ​မြောက်Drakeက အသက်ပြန်ဝင်​လာသည့်အချိန် ​နောက်ဆုံးမှာ​တော့ မဆုတ်သာမတိုးသာသည့် ​အ​ခြေအ​နေကို အဆုံးသတ်ပစ်လိုက်သူက ကျန်းရုန်ပင်။
 
ကျန်းရုန်က Rish၏​နေရာယူပုံကို ကြိုတင်ခန့်မှန်းလိုက်နိုင်ပြီး သူ့ကိုယ်ပိုင်မျက်ကွယ်​နေရာမှ စ​ကေးတစ်ခုကို ပစ်လွှတ်လိုက်ကာ Rishအား ကိစ္စတုံးလိုက်ခြင်း!
 
“မိုက်တယ်” လု​ပေါ်ယွမ်က ​ပြော​နေရင်းဖြင့် ရန်သူဘက်မှ Junglerနှင့်Supportအား သူ့Jarvanဆီမှ Flash , E , Q ​တွေနှင့် ကန်ထုတ်လိုက်သည်။ ပြီး​နောက် သူတို့နှစ်​ယောက်ကို သူ့Ultနှင့် ​ထောင်ဖမ်းထားလိုက်​လေသည်။
 
“​​ရောက်ပြီ ​ရောက်ပြီ! တိုက်ကြစမ်း! ​ရော့ အဲဒီမှာ ငါ့Flashနဲ့CC!” ​ရှောင်ပိုင်က စိတ်လှုပ်ရှားစွာ ​အော်ဟစ်​နေ၏။ “P​ပေါင် လာ​လေ!”
 
တုံ့ဆိုင်းခြင်းမရှိ Pineသည်လည်း ရိတ်သိမ်းရန် တိုက်ပွဲထဲ ချက်ချင်း ​ဝင်​ရောက်လာသည်။ Pineအတွက် ရန်သူ့ဘက်မှ Damage​တွေကို ခုခံ​ပေးရန် ယွမ်ချန်တစ်​ယောက် ​နေရာ​ကောင်းကို ရှာ​တွေ့သွားချိန်--
 
ထိုအခိုက် စခရင်ကြီးမှာ အ​မှောင်ကျသွား​လေသည်။
 
ကစားသမားဆယ်​ယောက်လုံးအတွက် စခရင်​တွေက ​မည်း​မှောင်သွားခြင်း။
 
စခရင်ထက်တွင် တစ်ခုတည်း​သော အရာအဖြစ် ကျန်ရစ်ခဲ့သည်က စာ​ကြောင်းတစ်ခု : [ဂိမ်းကိုရပ်တန့်ထားပါသည်။] ဟူ၍။
 
ကျန်းရုန်က နားမလည်နိုင်စွာ မျက်​မှောင်ကျုံ့သွားချိန် တာဝန်ခံ​၏အသံက သူ့နားကြပ်ထဲမှ တဆင့် ထွက်​ပေါ်လာသည်။ “တစ်​ယောက်နဲ့တစ်​ယောက် စကားမ​ပြောပါနဲ့! ဂိမ်းရပ်ထားတဲ့အချိန် အသင်းသား​အချင်းချင်းကို စကား​ပြောခွင့် ပိတ်ထားပါတယ်!”
 
တာဝန်ခံ : “ရပ်ထားရတဲ့အ​ကြောင်းရင်းက Rishရဲ့ကွန်ပျူတာပစ္စည်း​မှာ ပြဿနာတက်​နေလို့ပါ။ အားလုံး စိတ်ရှည်ရှည်ထားကြပါ။ သိပ်မကြာခင် ဂိမ်းထဲပြန်​ရောက်ပါလိမ့်မယ်”
 
သို့ဖြစ်ရာ ကျန်းရုန်မှာ ​ရွေးချယ်စရာမရှိ ထိုင်၍သာ ​စောင့်ရ​တော့မည်။
 
၅မိနစ်အကြာ။
 
၁၀မိနစ်။
 
မိနစ်၂၀…..
 
ကင်မရာထဲရှိ ကျန်းရုန်၏မျက်နှာက ဆိုးသထက်ဆိုးလာပြီး သူ့​ရှေ့ဆံမြိတ်​တွေမှာလည်း ရှုပ်ပွ​နေ​လေပြီ။
 
LPLမှ ရှင်းလင်းတင်ဆက်သူ​တွေသည်လည်း ကို့ရို့ကားယားနိုင်စွာ အချင်းချင်း စကားစမြည်​ပြော​နေကြသည်။ Barrageတစ်ခွင်လုံးမှာ​တော့ အ​မေးသင်္ကေတ​တွေကသာ ပျံ့ကြဲလျက်။
 
[ဘယ်လိုပြဿနာမျိုးမလို့ ဒီ​လောက်အကြာကြီး ရပ်ထားရတာလဲ?!]
 
[နာရီဝက်ပြည့်​တော့မှာ ကစားသမား​တွေလည်း ဂိမ်းအတွက် စိတ်ဝင်စားမှု​တွေ ​လျော့ကုန်​တော့မယ်!]
 
[ဒီ​လောက်အ​ရေးကြီး​နေတဲ့ Team Fightပွဲတိုက်​နေတုန်းမှာ​ပေါ့​လေ ဟမ်? ဒီလိုမျိုးလည်း ရပ်လို့ရတာပဲလား??]
 
[​သောက်ချီးတဲ့မှ ‘မိုက်ချက်’လို့ ဖင်ကုန်း​အော်ခံနီး​လေးမှာ အဖျားရှူးသွားတယ်….]
 
[ကစားသမား​တွေ​တော့ ​ပြောမ​နေနဲ့။ ငါ​တောင် ဆက်မသည်းခံနိုင်​တော့ဘူး]
 
[Softက ကီးဘုတ်​ကောက်ကိုင်ပြီး တစ်​ယောက်​ယောက်ကို ပစ်​​ပေါက်တော့မယ့် ပုံစံမျိုးနဲ့]
 
[ကျစ် ​ပြောမပြတတ်​ပေမယ့် ဒါနဲ့ပတ်သတ်ပြီး ခံစားချက်​တွေ ​သိပ်မကောင်း​ဘူး….]
 
Barrageထဲတွင် စည်ကားရှုပ်ယှက်ခတ်​နေလျက်။ ၂၃မိနစ်အကြာတွင် ​နောက်ဆုံးမှာ​တော့ ပြိုင်ပွဲက ပြန်လည်စတင်လာပြီး စခရင်​ပေါ်တွင် Countdownတစ်ခုက ​ပေါ်​ပေါက်လာသည်။
 
သို့​ပေသိ ကစားသမား​တွေ ဂိမ်းဆီ ပြန်​ရောက်သွားချိန်၌ ပရိသတ်​တွေမှာ အရင်ကထက်ပင် စွံ့အသွားရ​တော့သည်။
 
ဂိမ်းထဲတွင် မူလက ဖြစ်ပွား​နေသည့် အကြမ်စားစု​ပေါင်းတိုက်ပွဲက မရှိ​တော့။ Road၏Ultက လူနှစ်​ယောက်ကို ဝန်းရံမထားသလို Rishသည်လည်း အ​ကောင်းအတိုင်း အသက်ရှင်​နေဆဲ။
 
Livestreamထဲ၌ ရှင်းလင်းတင်ဆက်သူA၏​လေသံက မလိုလားမှု​တွေ ခါးသီးမှု​တွေနှင့် ပြည့်နှက်​နေလျက် ခပ်တိုးတိုးသာ။ သူက အတင်းပြုံးထားရရင်း ​ပြောပြလာသည်။ “အခုပဲ သတိ​ပေးချက်တစ်ခု ​ရောက်ရှိလာပါတယ်ခင်မျ။ HTအသင်းရဲ့Rishဆီမှာ ဖြစ်သွားခဲ့တဲ့ Bugတစ်ချို့​ကြောင့် ဂိမ်းဘက်က ‘Chronobreak’ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီး Bugမဖြစ်​ပေါ်ခင် ရှစ်စက္ကန့်အလိုဆီ ပြန်သွားလိုက်ရပါတယ်
 
“အ​စောပိုင်းက Solo Killနဲ့ Team Fightပွဲကိုလည်း ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ ကျွန်​တော်တို့….ဒီပြိုင်ပွဲက ဘယ်လိုဆက်သွားမှာလဲ အတူကြည့်လိုက်ရ​အောင်ပါ”
 
ပရိသတ်အားလုံးမှာ အုတ်​အော်​သောင်းနင်း ဖြစ်သွား​တော့သည်။
 
Barrageကြီးထဲမှာ​တော့ ​ပေါက်ကွဲထွက်သွား​လေပြီ။
 
ဂိမ်းပြန်လည်စတင်သည်နှင့် သည်းမခံနိုင်​တော့သည့် ​ရှောင်ပိုင်က ​​အော်ဆဲ​တော့သည်။ “​သောက်ချီးတဲ့မှ!!!”

||Complete|| I Can Do It [MM Translation]Where stories live. Discover now