အပိုင်း(၁၀၇)

2.5K 388 9
                                    

Baseဆီ ဆရာဝန်ရောက်လာပြီး စစ်ဆေးပြီးသည့်နောက် ဆရာဝန်က လုပေါ်ယွမ်က အတော်လေး သက်သာနေပြီဖြစ်ကြောင်းနှင့် မနက်ဖြန်ကျရင် ပြန်လေ့ကျင့်နိုင်ပြီဖြစ်ကြောင်း ပြောလာသည်။ အရင်ကတည်းက လေ့ကျင့်ထားသည့် သူ့အနေအထားနှင့်ဆိုလျှင် လာမည့်ရက်အတွင်းရှိ ဗိုလ်လုပွဲက ပြဿနာမရှိတော့ပေ။

လုပေါ်ယွမ်က ပတ်တီးကို အသစ်နှင့်လဲလိုက်သည်။ သူ လေ့ကျင့်ရေးခန်းထဲသို့ ဝင်လိုက်ချိန် ရှောင်ပိုင်က ဂိမ်းကစားနေရင်းဖြင့် ကျန်းရုန်အား မရမက စစ်မေးနေတုန်း။

“ငါ့ကောရဲ့ချစ်သူက ​ဒေါသကြီးတယ်ဆိုတာ မင်းဘယ်လိုသိလဲ?

“မင်းသူ့ချစ်သူကိုသိလို့လား?

“မင်းနည်းနည်းတော့လွန်သွားတယ်နော်။ ငါ့မရီးက တကယ်ကြီး ​ဒေါသကြီးရင်တောင် ဒီလိုလူကြားထဲမှာ အကျယ်ကြီး ထုတ်ပြောစရာမလိုဘူးလေ။ အချိန်ကျလာမှ ငါ့မရီးရဲ့အချစ်စွပ်ပြုတ်လေးကို မင်းမသောက်ရဘဲနေမယ်”

လေ့ကျင့်ရေးခန်းတံခါးက အစကတည်းက ဖွင့်ထားပြီးသားမို့ လုပေါ်ယွမ် ဝင်လာသည်ကို သတိထားမိသူမရှိ။

ကျန်းရုန် Barrageထဲရှိ “ဟားဟားဟား”များနှင့် ဝိုင်းမေးနေကြသည့် အခြားမေးခွန်းများကို တစ်ချက်ကြည့်လိုက်ပြီး အံကြိတ်ကာ ဖြေလိုက်၏။

“ဘာအချစ်စွပ်ပြုတ်မှမရှိဘူး”

“ရှိတယ်ဆိုရင်ရော?”

“မရှိဘူး။ လောင်ကျစ်က…..အဲ့တစ်ယောက်က မချက်တတ်လို့”

“မဖြစ်နိုင်တာ မင်းနဲ့တကယ်ကြီးသိတယ်ပေါ့?” ရှောင်ပိုင်က ခဏရပ်လိုက်ပြီး “မချက်တတ်လည်းရပါတယ်။ ချန်ကောနဲ့ မတွဲခင်တုန်းက ယိုးယိုးကျဲလည်း ချက်မှမချက်တတ်တာ။ နောက်တော့လည်း အချစ်ကြောင့် အချက်အပြုတ်သင်ဖြစ်သွားတာပဲ မဟုတ်လား”

ကျန်းရုန် မျက်စံလှိမ့်လိုက်ကာ လျစ်လျူသာရှုထားလိုက်တော့သည်။

ယွမ်ချန်က ဝင်ပြောလာသည်။

“ဒါပေမယ့် ခေါင်းဆောင်ရဲ့လက်က ဒဏ်ဖြစ်နေတာ ဒီလောက်ကြာပြီကို ဘာလို့ သူ့ချစ်သူက Baseဆီ တစ်ခေါက်မှမလာဖူးတာလဲ?”

||Complete|| I Can Do It [MM Translation]Where stories live. Discover now