အပိုင်း(၁၁၅)

3K 421 21
                                    

ရှန်ဟိုင်းကိုပြန်ရန် တင်း​​​ကော ကြိုတင်စာရင်းသွင်းထားသည့် ​လေယာဥ်က မနက်(၁၁)နာရီဖြစ်ရာ ​နောက်တစ်​နေ့ မနက်(၉)နာရီ၌ လူတိုင်းမှာ တင်း​ကော၏ဖုန်း​ခေါ်သံ​ကြောင့် လန့်နိုးလာကြသည်။
 
ကျန်းရုန်မှာ ရှိသမျှအ​လေးချိန်​တွေအကုန်လုံး သူ့မျက်​တောင်​ပေါ် ​ရောက်ကုန်သလို ခံစား​နေရပြီး သွားတိုက်​နေချိန်မှာပင် မျက်လုံးကို မှိတ်ထားမိသည်။
 
သွားတိုက်ပြီးသွား၍ မိနစ်အနည်းငယ်အကြာအထိ ဒီအတိုင်း ရပ်​နေမိလျက် သွားတိုက်​ဆေးဒဏ်ကို မခံနိုင်​တော့မှသာ သူ ခါးကုန်းကာ ပါးစပ်​ဆေး​လိုက်၏။
 
သူ ​ခေါင်းပြန်​​မော့လိုက်သည့်အခါ လု​ပေါ်ယွမ်က အနီးရှိ နံရံကိုမှီလျက် သူ့အား ပြုံးလျက် ကြည့်​နေသည်အား မြင်လိုက်ရသည်။
 
ကျန်းရုန် အခု​လေးတင် ​ရေ​ဆေးထားသည့် သူ့သွားတိုက်တံကို ဆုပ်ထားလိုက်မိပြီး “တစ်စက္ကန့်​လောက်ပဲ​ပေး ကျွန်​တော် အသင့်ဖြစ်​တော့မှာ”
 
“အင်း။ ကိုယ်က ခရီး​ဆောင်အိတ်​တွေ ပြင်ထားလိုက်မယ်”
 
​ပြောပြီးသည့်​နောက် လု​ပေါ်ယွမ်က သူ့ကိုနမ်းရန် ကိုယ်ကို ကိုင်းချလာသည်။
 
Baseတွင်လည်း အမြဲလိုလို တိတ်တခိုးအနမ်း​တွေ ​ပေး​​နေကြဆို​ပေမယ့် ဒီတစ်ကြိမ်က နိုးနိုးချင်း အနမ်းရဖူးသည့် ပထမဆုံးအကြိမ်ပင်။ ကျန်းရုန် သွားတိုက်တံကို ကိုင်ထားလျက်သားဖြင့် ​တောင့်ခဲသွားပြီး အနှိုးခံရသည်​ကြောင့် ညှို့မှိုင်း​နေသည့်စိတ်က လွင့်စင်သွား​တော့သည်။
 
လု​ပေါ်ယွမ်က အပြင်ပြန်ထွက်​နေရင်း တစ်စုံတစ်ခုကို သတိရသွားပြီး ​နောက်ကို ပြန်လှည့်ကြည့်ကာ ​ပြောလာသည်။
 
“မ​နေ့ညက ကိုယ်တို့အခန်းထဲ ​ရှောင်ပိုင် ​ရောက်လာ​သေးတယ်”
 
ကျန်းရုန်က မျက်နှာငုံ့သစ်​နေပြီး ဆိုလိုရင်းကို သတိမမူမိ။
 
“ဘယ်တုန်းကလဲ?”
 
“မင်းကိုယ့်လည်ပင်းကို ဖက်​နေတုန်းက”
 
“​သြော်”
 
လု​ပေါ်ယွမ် ​ရေချိုးခန်းထဲက ထွက်ပြီး၍ သိပ်အ​ဝေးကြီးမ​ရောက်​သေးခင် ပစ္စည်းတစ်ခု ကြမ်းပြင်​ပေါ် ပြုတ်ကျသံအား ဝိုးတဝါး ကြားလိုက်ရသည်။ ​နောက်ထပ် ကပ်လိုက်လာသည်က ကမန်းကတန်း ​ခြေသံ​တွေ။
 
ကျန်းရုန်က ​ရေချိုးခန်းတံခါးဝတွင် ရပ်​နေပြီး သူ့​မေးရိုးက​နေ ​ရေ​တွေက တစ်စက်စက်ကျ​​နေလျက်။
 
“ကျွန်​တော်…..​ခေါင်း​ဆောင်ရဲ့လည်ပင်းကို ဖက်ပြီး….ဘာလုပ်​နေတာလဲ?”
 
လု​ပေါ်ယွမ်က ​ပြောပြလာသည်။
 
“ကိုယ်မင်းကိုနမ်း​နေတာ”
 
ကျန်းရုန် : “……”
 
ကျန်းရုန် မျက်နှာသစ်ပြီးသွားသည့်အခါ လု​ပေါ်ယွမ်သည်လည်း သူ့ခရီး​ဆောင်အိတ်ကို သိမ်း​ပေးပြီးသွား​ချေပြီ။ နှစ်ညပဲ​​နေရမည်ဖြစ်ရာ သယ်လာသည့် ပစ္စည်း​​တွေက သိပ်မများသဖြင့် ပစ္စည်းပြန်သိမ်းရသည်က လွယ်ကူ​ပေသည်။
 
တင်း​ကောက ​လေယာဥ်မမှီမှာ​ကြောက်ပြီး သူတို့ကို ဆက်တိုက် ​ဆော်သြ​နေ​လေရာ သူတို့ဖုန်း​တွေမှာ ​​တောက်​လျှောက် အသံမြည်​နေ​တော့သည်။
 
ကျန်းရုန် လု​ပေါ်ယွမ်ဆီက ခရီး​ဆောင်အိတ်နှစ်ခုလုံးကို ခိုးခဲ့လိုက်၏။ သူ တံခါးကိုဖွင့်ကာ အပြင်ထွက်မည်ကြံပြီးမှ မ​နေနိုင်ဘဲ ​ခေါင်းလှည့်ကာ ​မေးကြည့်မိသည်။
 
“မ​နေ့ညက သူတအားမူး​နေ​တော့….အတိတ်​​မေ့သွားတာမျိုး ဖြစ်နိုင်​ချေရှိလား?”
 
လု​ပေါ်ယွမ်မှာ ပြုံးချင်စိတ်ကို ​အောင့်ထားရသည်။
 
“ရှိ​လောက်ပါတယ်”
 
သူတို့​တွေ ​အောက်ထပ်ကိုဆင်းလာပြီး ဝန်ထမ်း​တွေဆီ အခန်း​သော့ကို ပြန်​ပေးလိုက်သည်။ လု​ပေါ်ယွမ်၏ အ​နောက်က​နေ ကျန်းရုန် ကား​ပေါ်တက်လိုက်သည့်အခိုက် မျက်တွင်း​ချောင်​နေသည့် ​ရှောင်ပိုင်တစ်​ယောက် ထိုင်ခုံ​ပေါ် ပြိုလဲကျ​နေသည်အား မြင်လိုက်ရသည်။
 
အသံ​တွေ​ကြောင့် ​ရှောင်ပိုင်၏မျက်လုံး​က သူတို့ဆီ ​ရောက်လာသည်။
 
ပြီး​နောက် သူက နှုတ်ခမ်းစူလိုက်ကာ ဆက်တိုက် မျက်​တောင်ခတ်​နေလျက် သူ့မျက်ဆံက​တော့ သူတို့နှစ်​ယောက်ကြားထဲ ​ရွေ့လျား​နေကာ တစ်ခုခုကို ပြန်မှတ်မိသွားပုံနှင့် သူက စပ်စုချင်​နေသည့် မျက်နှာ​ပေးကို ပြုလုပ်​နေသည်။ အ​တော်ကြာသည်အထိ သူက စကား​ပြောမည်ကြံလိုက် တုံ့ဆိုင်းသွားလိုက် ဖြစ်​နေရင်း သူ့တင်ပါးကလည်း ထိုင်ခုံ​ပေါ်တွင် အငြိမ်မ​နေ။
 
“​သေချာ​ပေါက် အတိတ်​မေ့မသွားဘူး​ပေါ့ ၊ မ​နေ့ညတုန်းက ငါ့​ခေါင်းထဲ​ရောက်သွားတဲ့ မှတ်ဥာဏ်​တွေက ​နောက်တစ်​ခေါက်​တောင် ပြန်ပြ​တော့မယ်” ဟု သူ့မျက်နှာတစ်ခုလုံးမှာ ​ရေးထိုးထားသည့်အတိုင်း။
 
ကျန်းရုန်တစ်​ယောက် သူကိုယ်တိုင်ပဲ ​ရှောင်ပိုင်ကိုကူပြီး အတိတ်​မေ့သွား​အောင် လုပ်​ပေးလိုက်ရမလားဟု စတင်​တွေး​တောမိချိန် လု​ပေါ်ယွမ်က ပြန်လှည့်ကြည့်လာကာ ကျန်းရုန်၏ လက်​ကောက်ဝတ်ကို လှမ်းကိုင်လိုက်ရင်း ထိုင်ခုံရှိရာဆီ ဆွဲ​ခေါ်လာသည်။
 
ကားက ​လေဆိပ်ဆီ ဦးတည်ကာ ထွက်ခွာလာသည်။ ကျန်းရုန်က ​နောက်ထပ်အိပ်ချင်မ​နေ​တော့ဘဲ မျက်လွှာချလျက် အပြင်ဘက်ရှိ မြင်ကွင်း​တွေကို ​ငေးကြည့်​နေသည်။
 
“​လေဆိပ်​ရောက်တာနဲ့ ဦးထုပ်​တွေ Mask​တွေ ​တပ်ထားကြ​နော်” တင်း​ကောက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ “အင်တာဗျူးချင်တဲ့သူ​တွေ ငါ့ကို လှမ်းဆက်သွယ်ထားကြတယ် ၊ တရားဝင်အင်တာဗျူး​တွေဆို​တော့ ငြင်းပစ်ဖို့ကလည်း ခက်တယ်။ ဒါ​ပေမယ့် မင်းတို့အတွက် ​နောက်အပတ်မှ စီစဥ်​ပေးမှာပါ ၊ ဒီရက်ထဲ ​အေး​​ဆေးနားပြီး ​ကောင်း​ကောင်း​ပျော်လိုက်ကြ…..​သေချာ​ပေါက် အလွန်အကျွံ​တော့ မလုပ်ကြနဲ့​ပေါ့”
 
ယွမ်ချန်က “သိပြီ”ဟု ပြန်​ဖြေလာသည်။
 
တင်း​ကောက ယွမ်ချန်​​နောက်ကို လှမ်းကြည့်ရာ အင်အားအပြည့်နှင့် ​ရှောင်ပိုင်ကို မြင်လိုက်ရပြီး တအံ့တသြ မျက်ခုံးပင့်မိသွားသည်။
 
“မင်း​ခေါင်းကိုက်​နေ​သေးလား?”
 
​ရှောင်ပိုင်က သူ့ကိုယ်သူ မိမိုက်ချင်​ယောင် ဟန်​ဆောင်လိုက်ပြီး
 
“ဟင့်အင်း မ​နေ့ညက ကျွန်​တော် သိပ်မှမ​သောက်ဘဲ”
 
“​တော်စမ်းပါ မင်းဝက်​သေလို မူး​နေတာများ။ ကျန်းရုန်နဲ့ တစ်ခန်းတည်း အိပ်မယ်ဆိုပြီး ​တောက်​လျှောက် တင်းခံ​နေ​သေးတယ်” တင်း​ကောက ​ပြောလာသည်။ “Pine လိုက်ကြည့်​ပေး​နေလို့ ​တော်​သေးတယ်မှတ်”
 
​ရှောင်ပိုင် : “…….”
 
သူတို့ကြားထဲ ထိုင်ခုံ​နောက်မှီတစ်ခုလုံး ခြား​နေတာ အသိအသာကြီး​ပေမယ့် ​ရှောင်ပိုင်တစ်​ယောက် သူ့အ​နောက်က​နေ လွင့်ပျံလာသည့် နိမိတ်မ​ကောင်း​သော အကြည့်စူးစူးကို ခံစားနိုင်​နေဆဲ။
 
မ​နေ့ညက သူ​တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်မြင်​ယောင်မိတိုင်း ​ရှောင်ပိုင်မှာ ထိတ်လန့်​နေမိတုန်း။ သူတို့ အလုပ်ပတ်ဝန်းကျင်က ​ယောကျာ်း​​တွေအပြည့်​ ဆို​ပေမယ့် ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ် ​သူတွေ့ဖူးခြင်းပင်။ အဓိကက ထိုစုံတွဲတွင် သူ့အသင်းသား​တွေ ပါ​နေခြင်း….
 
ထူးထူးဆန်းဆန်း သူရလိုက်သည့် ​ရှော့ခ်အကြီးစားမှလွဲ၍ နည်းနည်း​လေးပင် ရွံရှာသလို မခံစားရ​ပေ။ ထိုအစား သူခံစားလိုက်ရသည်က “ထင်သားပဲ” ဆိုသည့် အလင်းပွင့်သွားသည့် ခံစားချက်မျိုး။
 
တစ်စုံတစ်​ယောက်က ဒိန်ချဥ်ဘူးကို သူ့​ရှေ့သို့ ပို့​ပေးလာသည်။ ဘူးတံဆိပ်က သူ​သောက်​နေကျ အမျိုးအစား။
 
​ရှောင်ပိုင် ​ခေါင်းလှည့်ကြည့်လိုက်ပြီး “ဘယ်ကရလာတာလဲ?”
 
Pineက သူ့ကို ကြည့်မလာ​ပေ။ ပြန်သာ​ဖြေလာသည်။ “ကား​ပေါ်မတက်ခင် စတိုးဆိုင်က သွားဝယ်လိုက်တာ”
 
​ရှောင်ပိုင်က Pine၏​မေးရိုးကို ခဏ​လောက် ​ငေးကြည့်​နေသည်။ ဒီရှာ​ဖွေ​တွေ့ရှိမှုကြီးကို ဘယ်လိုမြင်လဲဟု ​မေးကြည့်ချင်စိတ်ကို ထိန်းချုပ်ထားရင်း ​ခေါင်းငုံ့ကာ Pineလက်ထဲမှ ဒိန်ချဥ်ဘူးကို တစ်ငုံ​လောက်​သောက်ရန် ပိုက်ကို ကိုက်လိုက်၏။
 
Pine : “ယူထား​လေ”
 
“ဟင့်အင်း” ​ရှောင်ပိုင်က ဒိန်ချဥ်ကို မြိုချလိုက်ပြီး “မနက်စာစားထားတာ တအားများသွားလို့ တစ်ငုံ​လောက်ပဲ ​သောက်​တော့မှာ။ ကျန်တာ မင်း​သောက်လိုက်”
 
တစ်စုံတစ်ခုကို ထပ်သတိရသွားသည့် တင်း​ကောက ​ခေါင်းလှည့်လာပြန်သည်။
 
“ဒီ​မေးခွန်းက ​မေးစရာ​တော့မလို​ပေမယ့်….​ရှောင်လု မနက်ဖြန် မင်း​မွေး​နေ့ကျရင် Livestream မလွှင့်ပြန်ဘူးလား?”
 
အစက​တော့ ကျန်းရုန်က ​မေး​ထောက်လျက် အပြင်ဘက်ရှိမြို့ကို ​ငေးကြည့်​နေခြင်း။ ​မေးခွန်းကို ကြားလိုက်​တော့မှ ​ခေါင်း​မော့လာပြီး ​ကြောင်အမ်းအမ်းပုံဖြင့် လှမ်းကြည့်လာသည်။
 
လု​ပေါ်ယွမ်က ​ထိုင်ခုံကိုမှီလျက် ပြန်အိပ်​နေသည်ဖြစ်ရာ မျက်လုံးဖွင့်မလာခဲ့​ချေ။
 
“မလွှင့်ဘူး”
 
တင်း​ကော အ​ရှေ့ပြန်လှည့်သွားသည်နှင့် လု​ပေါ်ယွမ်၏အင်္ကျီမှာ အဆွဲခံလိုက်ရသည်။
 
မနက်ဖြန်ရက်စွဲကို ​ထပ်အတည်ပြုပြီးမှ ကျန်းရုန်က ​ပြောလာသည်။
 
“မနက်ဖြန်က ဧပြီ ၂၉ ​လေ”
 
လု​ပေါ်ယွမ် : “အင်း?”
 
ကျန်းရုန်က စိတ်ရှုပ်သွားပြီး “​ခေါင်း​ဆောင်ရဲ့​မွေး​နေ့က….မေလ ၈ရက်​နေ့ဆို?”
 
လု​ပေါ်ယွမ်က မျက်ခုံးပင့်သွားလျက် “ဘယ်ကသိလာတာလဲ?”
 
“ပိုင်တု”
 
လု​ပေါ်ယွမ်က ​ခေါင်းငြိမ့်လိုက်ပြီး ​ပြောလာသည်။
 
“အဲ့တာမှား​နေတာ”
 
“…..”
 
လု​ပေါ်ယွမ်က သူ့​မွေး​နေ့တွင် ဘယ်​တော့မှ Livestream မလွှင့်တတ်​ပေ။ ကျန်းရုန်ကလည်း ​မွေး​နေ့Merchပွဲ​တွေကို အထူးတလည် အာရုံစိုက်တတ်သူ မဟုတ်​တော့ လု​ပေါ်ယွမ်၏​မွေး​နေ့ကို သူသိချင်လျှင် သူလုပ်နိုင်သည့် တစ်ခုတည်း​သော နည်းလမ်းက လိုင်း​ပေါ်တွင် သွားရှာရန်သာ။
 
အခုလို မှား​နေလိမ့်မည်ဟု သူထင်မထားမိပါ​ချေ။
 
ကျန်းရုန်၏ အစီအစဥ်​တွေမှာ လွဲ​ချော်ကုန်​လေပြီ။ လူဦး​ရေ သန်းတစ်ရာ​ကျော် ကြည့်​နေသည့် အင်တာဗျူးတွင် တည်ငြိမ်နိုင်ခဲ့​သော်လည်း အခုအချိန်မှာ​တော့ သူပုံစံက လုံးဝ ကူကယ်ရာမဲ့​နေလျက်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now