အပိုင်း(၁၁၃)

2.6K 416 16
                                    

စင်ပေါ်ပြန်ရောက်ပြီးနောက် ကျန်းရုန် သူ့ရေဘူးကို အဖုံးဖွင့်လိုက်ပြီး တစ်ငုံကောက်မော့လိုက်၏။

ရှန်ပူတဲ့……ငိုးးး

နှစ်ရက်တောင်? လုပေါ်ယွမ်ရဲ့ အခန်းထဲမှာလေ? အဲဒီနှစ်ရက်ထဲ အခြားသူတွေလည်း မလေ့ကျင့်လောက်ကြဘူးဆိုတော့ သူတို့ကိုရှာမတွေ့ပါဘူး ဟုတ်တယ်မလား?

…..နှစ်ရက်လုံး သူ့အခန်းထဲမှာ အိပ်ရမှာပေါ့?

ဂိမ်းက Pick/Banအဆင့်ဆီ ရောက်သွားချေပြီ။ ကျန်းရုန် ချက်ချင်း သူ့စိတ်ထဲက ပုပ်သိုးနေသည့် အတွေးတွေကို လွှင့်ပစ်လိုက်ပြီး ဆံပင်တွေကို ဖွလိုက်ကာ ကိုယ်ကိုမတ်မတ် ပြင်ထိုင်ရင်း လေးနက်လိုက်သည်။

တင်းကော ပြောထားသည့်အတိုင်း တတိယမြောက်ပွဲအတွက် PUDက ပြန်လည်ဖွဲ့စည်းလာပြီး သူတို့တွေ တစ်လျှောက်လုံး လေ့ကျင့်ထားသည့် စုပေါင်းတိုက်ပွဲ ဖွဲ့စည်းပုံကို ဆွဲထုတ်လာသည်။

ယွမ်ချန်က အခြားအသင်းမှ ရွေးထားသည့် ချန်ပီယံတွေကို ကြည့်လိုက်ကာ “Morgana? Supportအတွက် Rakanကို ရွေးထားပြီးသား မဟုတ်ဘူးလား…..ဒါမှမဟုတ် Mid Morganaများလား?”

တိတိကျကျပြောရလျှင် Morganaဆိုသည်က CCပမာဏ အသင့်အတင့်ပါသည့် Support ချန်ပီယံ ဖြစ်သည်။ သတ်မှတ်အချိန်အတွင်း CC နှင့် Damageတွေကို တားဆီးပေးနိုင်သည့် အကာအကွယ်ပင် ပါသေးသည်။

ဒီချန်ပီယံအား Midအတွက်လည်း ကစားနိုင်ပေမယ့် ပထမဆုံးပွဲက ကျန်းရုန်၏Luluကဲ့သို့ပင် Late game နှင့် စုပေါင်းတိုက်ပွဲကိုသာ ထိုင်စောင့်နေရမည့် ချန်ပီယံမျိုး ဖြစ်လေသည်။

အနောက်မှာရပ်နေသည့် တင်းကော : “အခုနောက်ပိုင်း သူတို့လေ့ကျင့်နေတဲ့ အသစ်တစ်ခုခုနေမှာပေါ့”

ရှောင်ပိုင်တစ်ယောက် ရင်ထဲထိသွားကာ သက်ပြင်းချလိုက်၏။

“အသင်းအတွက်နဲ့ Saviorက ဘာမဆိုကစားပေးနိုင်တာပဲ”

ကျန်းရုန်က အေးစက်စက် နှာမှုတ်လာသည်။

“--ဒါပေမယ့် ကျွန်တော်တို့ Mid Laner ကို နည်းနည်းမှ မမှီသေးဘူး။ သူ့လို အကြမ်းစား အမိုက်စား ပြိုင်ဘက်ကင်းကောင်လေးက ကျွန်တော့်ကောအတွက် အဲ အသင်းအတွက် Luluလို ကုသသူကိုတောင် ကစားပေးနိုင်တာနော်။ ဒီလို ရင်ထဲထိစရာအခိုက်အတန့်ကို အနာဂတ်ကျရင် ကျွန်တော်တို့ ချန်ပီယံရှစ်မှတ်တမ်းထဲ အနည်းဆုံး ဆယ်မိနစ်လောက် ဖတ်ယူရမယ့် စာပိုဒ်ထဲ ထည့်ရေးပြီး မှတ်သားခံရမှ တော်ကာကျမှာ။ အနောက်ဘက်မှာ အသံနဲ့ ဇာတ်လမ်းပြောတာလေးလည်း သေချာပေါက် ထည့်ပေးရမယ်”

||Complete|| I Can Do It [MM Translation]Where stories live. Discover now