အပိုင်း(၄၇)

4.6K 746 97
                                    


(Unicode)

"ကျွန်​တော်လည်း ​ခေါင်း​ဆောင်ကို ​နေ့ရက်တိုင်းမှာ ​​ပျော်ရွှင်ရတဲ့ ​​ပျော်စရာနှစ်သစ်ဖြစ်ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်"

ကားပါကင်က ​မြေ​အောက်ထပ်မှာဖြစ်ကာ သူတို့ကား​ပေါ်က ဆင်းပြီးသည်နှင့် ညာဘက်ရှိတံခါးကိုဖြတ်၍ အိမ်ထဲကိုဝင်နိုင်​လေသည်။

ကားသံကိုကြားသည်​ကြောင့် မာမားလုက ​မြေ​အောက်ထပ်လမ်း၏ အဝင်​ပေါက်နားမှာ ​စောင့်​နေသည်။ တံခါးဖွင့်လာသည့်အခါ သူ(မ)က​ပြောလာသည်။ "ဒီ​လောက်​နောက်ကျ​နေမှ အပြင်သွားတာ ဘာ​တွေအ​ရေးကြီး....ဒါက?"

ဒီ​လောက်​နောက်ကျ​နေတာ​တောင် လု​ပေါ်ယွမ်ရဲ့မိသားစုက နိုး​နေကြဦးမည်ဟု ကျန်းရုန် မထင်ထားမိ​ချေ။ သူ လု​ပေါ်ယွမ်ရဲ့​နောက်က လိုက်လာပြီး သူ(မ)ရဲ့အသံကို ကြားလိုက်ရသည့်အခါ သူရဲ့ပုခုံးနှစ်ဖက်လုံးက ချက်ချင်းကို ​တောင့်တင်းသွား​တော့သည်။ သူ့အတွက် လူကြီး​တွေနှင့် စကား​ပြောဆက်ဆံတာ​တွေ မလုပ်ဖြစ်ခဲ့တာ နှစ်​တွေအ​တော်ကြာပြီပင်။

ကျန်းရုန် ဘာ​ပြောရမယ် စဥ်းစား​နေတုန်း လု​ပေါ်ယွမ်က သူ့အစား​ဖြေ​ပေးလာသည်။

"ကျွန်​တော်တို့အသင်း​ဖော်...Baseကသူခိုးဝင်သွားလို့ ကျွန်​တော်တို့နဲ့ တစ်ရက်၊နှစ်ရက်​လောက် အတူ​နေဖို့ ​ခေါ်လာခဲ့တာ"

လု​ပေါ်ယွမ်က ဖိနပ်ထည့်သည့်ဗီရိုကို ဖွင့်လိုက်ပြီး အထဲမှ အိမ်စီးဖိနပ်အသန့်တစ်ရံကို ထုတ်လိုက်ကာ ကျန်းရုန်​ရှေ့တွင် ချ​ပေးလာသည်။

"သူခိုးဝင်တယ်?" မာမားလုက ကတိုက်ကရိုက် သူ့​နောက်ကို​ ကျော်ကြည့်လိုက်၏။ "သူဒဏ်ရာ​တွေဘာ​တွေ ရသွား​သေးလား? ရဲ​ရောတိုင်ပြီးပြီလား?"

သူ(မ)ရဲ့အကြည့်နှင့် သွားဆုံသည့်အချိန် ကျန်းရုန်မှာ ချက်ချင်းဆိုသလို ​ကျောမတ်သွားပြီး ​​အကြိမ်အနည်းငယ်​လောက် ​ခေါင်းငြိမ့်ပြလိုက်မိကာ "ဒဏ်ရာမရပါဘူး ရဲလည်းတိုင်ပြီးသွားပြီ....အန်တီ့ကို ဒုက္ခ​ပေးမိပြီ"

မာမားလုက သူ့ရဲ့အပြာ​ရောင်ဆံပင်​တွေကို မြင်လိုက်ချိန်မှာ​တော့ သူ(မ)ရဲ့ ကျက်သ​ရေရှိတဲ့ မျက်ခုံးတစ်ဖက်က မသိမသာ မြင့်တက်သွားသည်။ "ဒါဆို​ကောင်းတာ​ပေါ့၊ သားမျက်နှာက နည်းနည်းနီ​နေတယ်​နော် အပြင်မှာတအား​အေးလို့လား? တံခါးကို မြန်မြန်ပိတ်လိုက်​လေ ​လေ​တွေအထဲမဝင်​စေနဲ့"

||Complete|| I Can Do It [MM Translation]Where stories live. Discover now