အပိုင်း(၁၀၅)

3.6K 545 37
                                    

(Unicode)

အစောပိုင်းက ပြိုင်နေရင်းတန်းလန်းမို့ အခြားအကြောင်းတွေ တွေးနေရန် အချိန်မရှိသဖြင့် အခုမှသာ ရှောင်ပိုင် သဘောပေါက်လိုက်ခြင်း။ ကျန်းရုန်က သူ့ကောရဲ့အပူခံဘူးကို တစ်လျှောက်လုံး သုံးနေတာလား?!

သောက်စရာမျှပေးသည်က လိင်တူချင်းအတွက် သာမန်သာဖြစ်သလို ရှောင်ပိုင်သည်လည်း အထူးတလည် ဂရုမစိုက်ပါချေ။ သူဆိုလျှင်လည်း Pineသောက်မကုန်သည့် ကော်ဖီ ၊ မစ်တီး ၊ နွားနို့ စသဖြင့်ကို လက်စသတ်ပေးနေကျ။

ဒါမေယ့် သူ့ကောကတော့ မတူဘူးလေ။

အရင်တစ်ချိန် သူတို့တွေ ကျောင်းကအဆောင်တွေထက်ပင်ဆိုးသော ရှန်ဟိုင်းမြို့တစ်နေရာ၏ တိုက်ခန်းတွေတွင် ငှားနေခဲ့ရသည့် ကြယ်ပွင့်ပေါက်စနဘဝကဆိုလျှင်  သူတို့အားလုံးက ပုံစံတူစတီးခွက်တွေကို အတူတူသုံးခဲ့ကြသည်။ တစ်ခါ Kanက လုပေါ်ယွမ်၏ခွက်ကို မတော်တဆ မှားသောက်မိတော့ သူ့ကောက ဘာမှတော့မပြောပေမယ့် အဲဒီခွက်ကိုလည်း ထပ်မထိတော့။

အသန့်ကြိုက်ရောဂါဟု ပြောရအောင်အထိလည်း မဆိုးသေးပေ။ သူက သူ့ကိုယ်ပိုင်ပစ္စည်းတွေကို အခြားသူတွေနှင့် မျှမသုံးချင်ရုံသာ ဖြစ်သည်။

သူ့ဘေးနားရှိလူက တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရတော့ လုပေါ်ယွမ်က မေးလာသည်။

“ဆက်မပြောတော့ဘူးလား?”

ရှောင်ပိုင် : “…..ပြောလို့ပြီးသွားပြီ”

သူတို့တွေ နားနေခန်းထဲပြန်ရောက်သည်နှင့် တင်းကောက တစ်ယောက်ချင်းစီကိုဖက်ကာ ကြိုဆို၏။

“ယုံတောင်မယုံနိုင်ဘူး” တင်းကောက လက်ထဲရှိဖုန်းကို မြှောက်ပြလာရင်း “အခြားဘာမှမပြောတော့ဘူး ၊ စားသောက်ဆိုင်တောင် ကြိုစာရင်းသွင်းထားပြီးပြီ။ ဖိုင်နယ်မဟုတ်သေးပေမယ့် အခုလို ထူးခြားတဲ့အခြေအနေမှာ ကောင်းကောင်းကစားပေးခဲ့ကြတော့  နည်းနည်းတော့ ဂုဏ်ပြုပေးရမှာပေါ့…MVP အင်တာဗျူးပြီးတာနဲ့ တန်းသွားကြမယ်။ ဒီညနေလေ့ကျင့်စရာမလိုဘူး။ ကောင်းကောင်းနားလိုက်ကြ”

နိုင်သွားသည့်နောက် အားလုံးက စိတ်လှုပ်ရှားနေကြသဖြင့် ဆိုဖာတစ်ခုလုံးက လွတ်နေပြီး လူတိုင်းက မတ်တပ်ရပ်လျက် တံခါးနားတွင် စုဝေးနေကြသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now