အပိုင်း(၁၃၄)

3.7K 465 59
                                    

စား​သောက်ပွဲပြီးစီးသွား​တော့ အသင်းသားတိုင်းက ကိုယ့်အစီအစဥ်နှင့်ကိုယ်မို့ တင်း​ကောက အသင်းအတွက် ကားစီစဥ်မ​နေ​တော့​ချေ။ ​နောက်တစ်​နေ့ နိုးလာ​ကြ​တော့မှ လူတိုင်းက ကိုယ့်ဘာသာ ပြန်လာရမည် ဖြစ်သည်။

သူတို့က အာရုံတက်ချိန်​လောက်မှ လက်စသတ်ထားသည်ဖြစ်ရာ ကျန်းရုန်မှာ အိပ်​ရေးဝဝမအိပ်ရ​သေး။ ထိုခဏ၌ ​ခေါင်းကကိုက်ခဲ​နေသလို ​ခြေ​ထောက်​တွေကလည်း နာကျင်​နေကာ သူတို့​တွေ အခန်းပြန်အပ်သည့်အချိန် သူ့တစ်ကိုယ်လုံးကို လု​ပေါ်ယွမ်​ပေါ် ပစ်မှီထားရသည်။

လု​ပေါ်ယွမ်က သူ့အ​ခြေအ​နေအရ ​နောက်တစ်​နေ့ ထပ်​နေချင်​သေး​ပေမယ့် ကျန်းရုန်က စဥ်း​တောင်မစဥ်းစားဘဲ ​ခေါင်းခါငြင်းလိုက်ခြင်း။ သူက အဲ့​လောက်ထိနုတဲ့သူမဟုတ်ဘူး ၊ တစ်ညကို ယွမ်​သောင်းဂဏန်းရှိတဲ့ဟိုတယ်မှာ အချိန်ပို​နေဖို့ လိုအပ်မ​နေ။

Baseဆီပြန်​ရောက်လာ​တော့ ကျန်းရုန် သူ့အိပ်ရာ​ပေါ်တွင် တိုက်ပွဲကျသွား​တော့သည်။ သူ့မှာ အထုတ်အပိုးပင် မဖြည်နိုင်ရှာ။

ည​နေ​စောင်းသည်အထိ သူအိပ်မိသွားသည်။

Pineက အိမ်ပြန်သွားပြီး ယွမ်ချန်က သူ့​ကောင်မ​လေးနှင့် ချိန်း​တွေ့​နေသည်။ ည​နေ ၅နာရီ၌ TTC၏​လေ့ကျင့်​ရေးအခန်းထဲတွင် လူတစ်​ယောက်တည်းသာ ရှိ​နေ၏။

တစ်​နေကုန်လုံး နားပူ​အောင် အဆူခံရပြီး​နောက် ​ရှောင်ပိုင်က ဘဝကြီးကို ခါးသပ်စွာဖြင့် သကြားမပါသည့် ​ကော်ဖီတစ်ခွက် သွား​ဖျော်လိုက်သည်။ သူတစ်ငုံ​သောက်ပြီးရုံရှိ​သေး ​လေ့ကျင့်​ရေးအခန်းတံခါးဖွင့်သံကို ကြားလိုက်ရ​တော့ သူလှမ်းကြည့်လိုက်မိသည်။

ထို့​နောက် သက်ရှိယမမင်းနှင့် အကြည့်ချင်းသွားဆုံ​တော့သည်။

ယမမင်းက လည်​​ထောင်လက်ရှည်အင်္ကျီကို ဝတ်ထားသည်။ တစ်​နေကုန်လုံး အိပ်လိုက်ပြီး​နောက် နည်းနည်း​တော့ အားပြန်ပြည့်လာပြီဆို​ပေမယ့် သူ့မျက်ဝန်း​အောက်မှာ မျက်ကွင်းမည်း​တွေက ရှိ​နေဆဲ။

ဆံပင်ကိုဖွ​နေရင်း လု​ပေါ်ယွမ်ဆီမှ ရီပလိုင်း​ရောက်လာ​ကြောင်း ကျန်းရုန် ​တွေ့လိုက်ရသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now