အပိုင်း(၅၄)

5.3K 771 82
                                    


(Unicode)

“တဆိတ်​လောက် "​လောင်ကျစ်နားကလစ်လိုက်​တော့"ကို ကိုရီးယားလိုဘယ်လို​ပြောရမလဲ?”

အရင်တစ်​ခေါက်ပွဲစဥ်လိုပဲ သူတို့က ဒုတိယပွဲတွင်ကစားရမည်ဖြစ်သည်။

ဒီ​နေ့မှာ​တော့ ပြိုင်ပွဲက TTC​၏ကိုယ်ပိုင်အားကစားရုံတွင် ကျင်းပခြင်းပင်။ အရင်တုန်းက​တော့ ကျန်းရုန် ဒီ​နေရာနားကဖြတ်သွားဖူးသည်။

ရှန်ဟိုင်းတွင်အ​ခြေစိုက်သည့် Esportsအသင်း​တွေ အများအပြားရှိ​သော်ငြား အကြမ်းဖျင်းအားဖြင့် ကိုယ်ပိုင်အားကစားရုံရှိသည့်အသင်းဟူ၍ မရှိပါ​ချေ။ သို့​သော်လည်း TTC၏သူ​ဌေးက​တော့ ပိုက်ဆံ​တွေအရမ်း​ပေါလွန်းသဖြင့် မြစ်နဲ့လည်းနီးပြီး ​နေရာလည်းကျယ်သည့် Esportsပြိုင်ပွဲ​တွေကျင်းပရန် အားကစားကွင်းတစ်ခုကို တိုက်ရိုက်ပဲဖွင့်ချလိုက်သည်။ ထိုအချိန်တုန်းကဆိုလျှင် ဒီကိစ္စက Esports​လောကသား​တွေကြားမှာ အ​တော်ကြာ​ရေပန်းစားလိုက်​သေးသည်။

TTC၏သူ​ဌေးက LPLနှင့်​ဆွေး​နွေးညှိနှိုင်းပြီး​နောက် ဒီ​နေရာက ပြိုင်ပွဲ​တွေကျင်းပသည့်​နေရာ ဖြစ်လာ​တော့သည်။

ကျန်းရုန် ကား​ပေါ်ကဆင်းပြီးသည်နှင့် သူ​​ခေါင်း​မော့ကာကြည့်ကြည့်လိုက်၏။ TTC၏ကိုယ်ပိုင်အားကစားရုံက အလွန်အမင်းမိုက်သည့်ပုံစံမျိုးဖြစ်ကာ အမည်း​ရောင်အ​​ဆောက်အဦးကိုယ်ထည်တွင် ထင်ရှားသိသာသည့် အဖြူ​ရောင်သရဖူအမှတ်တံဆိပ်ကို ထွင်းထုထားသည်။ “TTC”ဆိုသည့်စာလုံး​တွေနှင့်လည်း လိုက်ဖက်ညီ​နေကာ အ​ဆောက်အဦးက ခပ်လျှိုလျှိုသဏ္ဍာန်​ဆောင်​ပေမယ့် ထည်ဝါ​နေဆဲဖြစ်သည်။

“ညဘက်ဆိုရင် ငါတို့အသင်းရဲ့logo​ရော၊ နာမည်​ရော၊ အ​ဆောက်အဦးရဲ့အစွန်း​တွေကိုရော အလင်းလွှတ်ပေးထားတာ အရမ်းမိုက်တာပဲ။ ငါတို့ပြန်ထွက်လာတဲ့အချိန် မင်းကြည့်ကြည့်လိုက်” ကျန်းရုန်ရဲ့အကြည့်​တွေကို သတိပြုမိသည့်ယွမ်ချန်းက သူ့ပုခုံးကိုပုတ်ရင်း​ပြောလာသည်။

ထိုအခါမှ ကျန်းရုန်သတိပြန်ဝင်လာပြီး အကြည့်လွှဲလိုက်ကာ ပြိုင်ပွဲ​နေရာဆီ ဆက်​လျှောက်သွားလိုက်၏။ “​ကောင်းပြီ”

||Complete|| I Can Do It [MM Translation]Where stories live. Discover now