အပိုင်း(၁၀၉)

2.7K 409 13
                                    


ချုံချင့်ကိုမလာခင် လေ့ကျင့်ရေးပွဲတွေအတွင်း ရှောင်ပိုင်က သူသိသမျှ ချုံချင့်မှ အရသာအရှိဆုံး အစားအသောက်တွေကို ၈၈၈၈ကြိမ်လောက် ပြောထားပြီးသား။

ကြိုတင်စီစဥ်ထားသည့် ဘတ်စ်ကားပေါ်အား တင်းကောက သူတို့အားလုံးကို ဘဲပေါက်တစ်အုပ်လို မောင်းသွင်းလိုက်ပြီး ဟိုက်တိလောင်စားရန် ဆွဲခေါ်လာသည်။

ဒီတစ်ခေါက် ချုံချုင့်ကို ဝန်ထမ်းတွေပါအတူ ပါလာကြသည်။  လက်ထောက်မန်နေဂျာ ၊ လက်ထောက်နည်းပြနှင့် ကိုယ်ပိုင်လက်ထောက်တွေကိုပါ ထည့်ပေါင်းလိုက်တော့ သီးသန့်ခန်းတစ်ခုလုံး ပြည့်သွားတော့သည်။

“မဟုတ်သေးဘူး….ဟိုက်တိလောင်စားကြတာက အကြောင်းရင်းတစ်ခုပဲရှိတယ်လေ” ယွမ်ချန်က သူ့ရှေ့မှ စားချင်စရာတစ်စက်မရှိသည့် ဟော့ပေါ့အိုးကို စိုက်ကြည့်လျက် “ဒါကဘာကြီးလဲ? မှိုစွပ်ပြုတ်အရည်ကြည်လား?”

TTCအသင်းသားတွေ၏ အကြိုက်အတူဆုံး တစ်ခုတည်းသောအရာက အစားအသောက်ပင်။ သူတို့အားလုံးက အစပ်ကြိုက်ကြပြီး မုန့်မှာစားကြတိုင်း စားပွဲတစ်ခုလုံးက ရဲရဲတောက်နေကျ။

တင်းကောက မျက်တောင်တစ်ချက်မခတ်ဘဲ သူတို့ကို စတင်အမိန့်ပေးလာသည်။

“မနှစ်က ဆီမီးဖိုင်နယ်မတိုင်ခင် တစ်ရက်အလိုမှာ မာလာဖားသားဟင်းစားပြီး ပြိုင်ပွဲမစခင် တစ်နာရီလောက်လည်းကျရော ဗိုက်နာလွန်းလို့ Kanငိုနေရတာ မမှတ်မိတော့ဘူးလား? သင်ခန်းစာယူတတ်ကြပါ”

ယွမ်ချန်က မေးထောက်လျက်ဖြင့်

“သူက လိမ်ကစားရတော့မှာမလို့ စိတ်လှုပ်ရှားနေတာလေ။ ဘယ်လိုလုပ် ဗိုက်မနာပဲနေမလဲ?”

သူ့စကားကြောင့် အုပ်စုလိုက်ကြီး အုန်းခနဲ ရယ်မိကြပြန်သည်။ “ငလူးတဲ့မှ” တို့ “ပြောတတ်ပါပေ့” ဆိုသည့် အသံတွေကလည်း ရောထွေးလျက်။

အချိန်က အကောင်းဆုံးဆေး ဖြစ်သည်။ အရင်တစ်ချိန်က သူတို့တွေ ဘယ်လိုပဲ လက်မခံနိုင် ၊ စိတ်မကောင်းဖြစ်ကာ မုန်းတီးခဲ့ကြတယ်ဆိုဆို အတိတ်မှာကျန်ခဲ့တော့ ဟာသတစ်ခုသာ ဖြစ်လာခဲ့ပြီ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now