အပိုင်း(၄၀)

5.2K 797 81
                                    


[Unicode]

အားလုံးခဏ​နေကြဦး​၊ @TTC°Road ကို​မေးကြည့်လိုက်ဦးမယ်

ထိုစကားအား ကျန်းရုန်ကြားလိုက်ရချိန်မှာ​တော့ သူအချိန်အ​​​တော်ကြာသည်အထိ တိတ်ဆိတ်သွား​​တော့သည်။

တ​အောင့်​လောက်ကြာသွားသည့်အခါ ​ရှေ့မှာထိုင်​နေသည့်တင်း​ကောက ​နောက်လှည့်ကြည့်၍ ​မေးလာသည်။ "မင်းတို့ဘာ​တွေ​ပြော​နေကြတာလဲ?"

"ဘာမှမဟုတ်ဘူး" လု​ပေါ်ယွမ်က သူ့အပြုံး​တွေကိုပြန်ထိန်းလိုက်ကာ ဖြေ​ပေးလာသည်။

တင်း​ကောလည်း "​​အို့"ဟု​ပြောလိုက်ပြီးမှ လု​ပေါ်ယွမ်ဆီသို့ ဖုန်းအားကမ်း​​ပေးလိုက်သည်။ "ငါအခုHTနောက်ဆုံးပြိုင်ထားတဲ့ပွဲရဲ့ Recordingကိုကြည့်​နေတာ ဒီ​နေရာကိုတစ်ချက်ကြည့်ကြည့်"

လု​​ပေါ်ယွမ်ပင် နားကြပ်တစ်ဖက်တပ်ပြီးသွားကာမှ ကျန်းရုန် သတိပြန်ဝင်လာ​​လေသည်။ ထိုအချိန်မှ သူလည်းကို့ရို့ကားရားနှင့် ပြတင်း​ပေါက်ဘက်ဆီ ​ခေါင်းကိုလှည့်လိုက်​တော့သည်။

အ​စောပိုင်းက သူဟိုလူနှင့်​လေတိုက်သည့်​နေရာတွင် စကားရပ်​ပြောခဲ့သည်​ကြောင့် ကား​ပေါ်တက်ကာစ,ကပင် သူ့မျက်နှာ​တွေနှင့်လက်​တွေက ​အေးစိမ့်စိမ့်ခံစား​​နေရသေးသည်။ သို့​သော်လည်း အခုချိန်မှာ​တော့ ​နောက်ထပ်ချမ်းသလိုမခံစားရတော့။

ကျန်းရုန် ငယ်​သေးသည်မှာမှန်​သော်ငြား သူလည်းအင်တာနက်​လောကထဲ၌ ကျင်လည်ခဲ့သည်မှာ နှစ်အ​တော်ကြာပြီမို့ သူ​သေချာ​ပေါက်သိသည်ပင်....​ယောကျာ်းတစ်​ယောက်လည်း အခြား​ယောကျာ်းတစ်​ယောက်နဲ့ ချိန်​တွေ့နိုင်သည့်အ​ကြောင်းအား။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာ​တွေအားလုံးက သူWeiboကဗီဒီယိုအတို​လေး​တွေတင် မြင်ဖူးခဲ့ခြင်းဖြစ်ကာ သူကလည်းတစ်ချက်သာကြည့်ပြီး ​ကျော်သွားလိုက်သည်သာ။ သူကိုယ်တိုင်လည်း ​ယောကျာ်းတစ်​ယောက်ဆီက ဖွင့်​ပြောခြင်းခံရမည်ဟု​တော့ ဘယ်တုန်းကမှ မ​မျှော်မှန်းထားဖူး​​ချေ။ ထို့​ကြောင့်သာ သူချက်ချင်းမတုံ့ပြန်လိုက်မိခြင်းဖြစ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now