အပိုင်း(၇၄)

4.2K 711 84
                                    

(Unicode)

Livestreamထဲတွင် ဖြစ်ပျက်ခဲ့သည်များကြောင့် TTC၏ Mid Lanerနှင့် Supportကြားရှိ ယိုင်နဲ့နဲ့သူငယ်ချင်းဆက်ဆံရေးမှာ တစ်ရက်တာ ပြိုလဲသွားလေသည်။

ပိုပြီးတိတိကျကျပြောရလျှင်တော့ သူတို့၏Mid Lanerက Supportဖြစ်သူအား တစ်ရက်တာလုံး တစ်ဖက်သတ် ဆက်ဆံရေးဖြတ်ထားသည်ပင်။

လေ့ကျင့်ရေးပြိုင်ပွဲ၌ Leonaကိုင်ထားသည့်ရှောင်ပိုင်က အလယ်လမ်းဆီ ဦးတည်ကာလာနေသည်။

“ငါမင်းကိုကူgankပေးဖို့ Midဆီလာနေပြီနော်”

ကျန်းရုန်က သူ့minionတွေကို စားပြီးသွားသည့်အချိန် သူ့ရဲ့အပြာရောင်buffသည်လည်း သက်တမ်းကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ပင် Baseဆီ ပြန်လာတော့သည်။

“မလာနဲ့”

ရှောင်ပိုင် : “အဲလိုမလုပ်စမ်းပါနဲ့။ ငါ့မှာ flashရောultရောကျန်သေးတယ် သူတို့ကိုသေချာပေါက်killနိုင်တယ်”

“သူတို့ကိုkillဖို့ မင်းရဲ့အကူအညီမလိုဘူး”

ကျန်းရုန်က အေးစက်စက် မေးခွန်းထုတ်လာသည်။

“မြစ်နားမှာ ငါထောင်ထားတဲ့Wardကို တွေ့လား?”

ရှောင်ပိုင် : “?”

“မင်းတို့Botက ပထမဆုံးတာဝါကို အဖြိုမခံရသေးခင် အဲ့Wardဆီ ခြေတစ်လှမ်းတောင်မလှမ်းနဲ့ အားလုံးကောင်းဖို့အတွက်ပြောနေတာ ကြားလား?”

“……”

ရှောင်ပိုင်က သူမတရားခံလိုက်ရသလို ပြောလာသည်။

“ငါလုပ်မိတာ ကိစ္စတစ်ခုကို မစဥ်းစားမဆင်ခြင် ထုတ်ပြောမိရုံပဲ​လေ မင်းဒီလောက်ထိလုပ်ဖို့လိုလို့လား? ငါဆို ညဘက်တွေ Pပေါင်ရဲ့ကုတင်ပေါ် တွယ်တက်ဦးမှာလို့တောင် မကြာခဏ ပြောဖူးတယ်! တကယ်တော့ ဒီလိုကိစ္စမျိုးကို ပရိသတ်တွေကလည်း အတည်မထင်ပါဘူး တကယ်ကြီး မင်းနဲ့ငါ့​ကောက ဟိုဒင်းလုပ်နေတယ်လို့….”

ကျန်းရုန်၏လက်ချောင်းထိပ်တို့ ရပ်တန့်သွားသည်။ Baseဆီ Recallပြန်ခေါ်နေသည့် Syndraမှာ ခြေတစ်လှမ်းတိုးလိုက်ပြီး Recallခေါ်နေသည်ကို ရပ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လုပေါ်ယွမ်၏Sett(Champ)က သူ့ဘေးမှ ဖြတ်သွားလေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now