အပိုင်း(၃၇)

5.2K 799 100
                                    


[Unicode]

အခုလက်ရှိငါတို့Mid Lanerလည်း အ​တော်​လေး.....​ကောင်းပါတယ်

ထိုညမှာ​တော့ သူတို့နဲ့Fighting Tigerနဲ့ ​လေ့ကျင့်​ရေးသုံးပွဲ ကစားခဲ့ရပြီး TTCဘက်က နှစ်ပွဲနိုင်၊တစ်ပွဲရှုံး​လေသည်။

အကယ်၍ တစ်​ယောက်​ယောက်ကသာ လက်ရှိLPLရဲ့ထိပ်ဆုံးအသင်းသုံးသင်းကို ​ရွေးရမည်ဆိုပါက အများစုက TTC၊PUDနှင့်Fighting Tigerဟူ၍သာ ​ဖြေကြမည်သာ။

ဒီအသင်းသုံးသင်း၌ တစ်သင်းချင်းစီတွင် သူတို့ကိုယ်ပိုင်ပုံစံ​တွေရှိကြ​၏။

TTCမှာဆိုလျှင် Junglerက ပွဲတစ်ခုလုံးကိုဦးစီးသွား​သော်ငြား Top Laneနှင့်Bot laneကလည်း ပြိုင်ပွဲကိုထိန်းချုပ်သွားနိုင်သည်။ ယခုဆိုလျှင် Mid Lanerအသစ်ကိုပါ ​ပေါင်းထည့်လိုက်ပြီမို့ သူတို့ရဲ့အားနည်းချက်​တွေက ပို​လို့တောင်ပျောက်သွား​တော့သည်။ တစ်ခုတည်း​သောအားနည်းချက်က​တော့ Mid Lanerအသစ်က ကျန်တဲ့အသင်း​သား​တွေနဲ့ ပူး​ပေါင်း​ဆောင်ရွက်နိုင်မှု အားနည်း​နေခြင်းသာ။

PUDက​တော့ လူမျိုးခြားကစားသမား​တွေပါသည့် စံပြအသင်းတစ်ခုဖြစ်​သည်။ မကြာ​သေးမီကမှ LPLက "အသင်းတစ်သင်း၌ ကိုရီးယားကစားသမား ၂ဦးနှင့်​အောက်သာရှိရမည်"ဆိုသည့်ကန့်သတ်ချက်ကို* ဖယ်ရှားခဲ့၏။ ထို​ကြေညာချက်ထုတ်ပြီးသည်နှင့် ချက်ချင်းဆိုသလို PUDက သူတို့ရဲ့Mid Lanerအသစ် Saviorကိုပွဲထုတ်လိုက်​တော့သည်။ ယခုချိန်မှာ​တော့ သူတို့အသင်း၌ ကိုရီးယားကစားသမား ၃ဦးထိရှိသွားပြီဖြစ်သည်။ ထိုတင်သာမက၊ သူတို့အသင်းရဲ့အဓိကနည်းပြသည်ပင် ကိုရီးယားလူမျိုးဖြစ်​လေသည်။

( T/N : အပြင်မှာ​တော့ အဲ့လိုစည်းမျဥ်းမျိုးမရှိ​ပေမယ့် ရှိတယ်လို့သာသတ်မှတ်လိုက်​​ပါညော်)

Fighting Tigerဆိုသည်က​တော့ Esportsပရိတ်သတ်​တွေဆီက​နေ "ဘိုးဘွားရိပ်သာ"ဟူ၍ပါ နာမည်​ပြောင်ရထားသည့်အသင်း ဖြစ်သည်။ သူတို့အသင်းရဲ့ပျမ်းမျှအသက်က ၂၄နှစ်အထက်​တွေချည်းဖြစ်ကာ လွန်ခဲ့သည့်၄နှစ်လုံး ပုံ​​သေကစားသမား​တွေကို တစ်ခါမှမ​ပြောင်းခဲ့​ချေ။ သူတို့ရဲ့APM​တွေနဲ့တုံ့ပြန်မှုနှုန်း​တွေက အသက်အရွယ်​ကြောင့် ​နှေး​ကွေးလာပြီဆို​ပေမယ့် သူတို့ရဲ့ပူး​ပေါင်း​​ဆောင်ရွက်နိုင်စွမ်းက​တော့ ပြိုင်ဘက်ကင်းပင်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now