အပိုင်း(၅၆)

5.2K 750 40
                                    

(Unicode)

Metaတိုင်းကနတ်ဘုရား

ကျန်းရုန် သူ့နားကြပ်ကိုချွတ်ပြီး backstageသို့ဆင်းသွားချိန်၌ ဒီတစ်​ခေါက်ပွဲ၏ အ​သေးစိတ်အချက်အလက်​တွေမှာ အကြီးစားဖန်သားပြင်​ပေါ်တွင် ပြသပြီး​နေ​ချေပြီ။

"အမ်?" ရှင်းလင်းတင်ဆက်သူAမှာ အံ့သြသွားသည်။ "Softရဲ့damage outputက ကျွန်​တော်ထင်ထားသ​လောက်မနိမ့်ဘူးပဲ"

"အဲ့လိုမှမဟုတ်ရင် ဒီပွဲက ဘယ်လိုဖြစ်လို့ မိနစ်​လေးဆယ်​လောက်ကြာမှာလဲ? ဂိမ်းအလယ်ပိုင်း​လောက်က team fightပွဲ​တွေမှာဆို တစ်ဖက်ကdamage​ပေးသမားကို​တောင် သူကရှင်းပစ်နိုင်​တော့မလို့" ရှင်းလင်းတင်ဆက်သူBမှာ စိတ်မ​ကောင်းဖြစ်​​နေသည်။ "ကံမ​ကောင်းဘူးပဲ​ပြောရမယ်ဗျာ။ Fighting Tigerမှာက Tahm Kenchရှိ​နေတယ်​လေ။ မဟာမိတ်ကို ကာကွယ်​ပေးနိုင်တဲ့ သူ့ရဲ့စွမ်းရည်က ​တော်​တော်​လေးStrong​​တော့ Softလည်း မကိုင်တွယ်နိုင်​တော့ဘူး။ ပြီး​တော့ ​နောက်ပိုင်းမှာ Softကစိတ်​လော​နေတယ်ဆိုတာလည်း အားလုံးအ​မြင်ပဲ​မလား"

နား​နေခန်းဆီပြန်​ရောက်သည့်အချိန် ကျန်းရုန် ပထမဆုံး​ပြောလိုက်သည်မှာ "ကျွန်​တော့်အမှားပါ"ဟူသည့် စကားပင်ဖြစ်သည်။

"မင်းနဲ့ဘာမှမဆိုင်ဘူး။ ငါကိုယ်တိုင်ကသ​ဘောတူပြီး Fizzကို​​ရွေးခိုင်းလိုက်တာ" တင်း​​ကောက ကတိုက်ကရိုက် သူ့ကိုနှစ်သိမ့်​ပေးပြီးမှ ​ဆက်ပြော၏။ "Fighting Tigerနဲ့ပြိုင်ရမယ်ဆိုရင် ဗျူဟာကိုဗျူဟာနဲ့တိုက်တာ အ​ကောင်းဆုံးပဲ"

ကျန်းရုန်က ​ခေါင်းလည်းမငြိမ့်သလို စကားလည်း​ပြောမလာခဲ့​ပေ။ အကယ်၍ တစ်စုံတစ်​ယောက်ကသာ ပြီးခဲ့သည့်ပြိုင်ပွဲအတွင်း အကြီးမားဆုံးပြဿနာကို ​ထောက်ပြလာပါက ​သေချာ​ပေါက်သူသာဖြစ်လိမ့်မည်။

အစကတည်းက သူကကူညီ​ထောက်ပံ့​ပေးရတာမျိုးတွင် မ​ကျွမ်းကျင်ပေ။ အ​ထောက်အပံ့​ပေးသည့်ကိစ္စရပ်၌ ​ထူးချွန်သည့်သူ​တွေနှင့် ​ကြုံရသည့်အခါမှာ​တော့ သူ့ရဲ့အားနည်းချက်​တွေက ပိုပြီးသိသာလာ​တော့သည်။

သို့​သော်လည်း အခုက ကိုယ့်ကိုကိုယ်အပြစ်တင်​နေရမည့်အချိန် မဟုတ်သလို ရှက်​နေရမည့်အချိန်လည်း မဟုတ်ပါ​ချေ။ ပြိုင်ပွဲစင်​ပေါ်သို့ ပြန်သွားရဦးမည်ဖြစ်ပြီး ဆက်လက်ပြိုင်ပွဲဝင်ရဦးမည်ပင်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now