အပိုင်း(၇၇)

4K 721 40
                                    

(Unicode)

အသင်းထဲကအစား​ချေးများတဲ့တစ်​ယောက်

ကျန်းရုန်လိုလူက သူ့မျက်နှာမှာ စာရွက်လိုဖြူ​နေချိန်တောင် အရှုံးကိုလက်မခံချင်​သေးမှန်း တို့ဖူး မထင်ထားမိ​ချေ။
 
“မင်း​မေလူး….အဲ့တာငါကံမ​ကောင်းလို့။ ဂိမ်းသာ​​​ချော​​​ချော​မွေ့​မွေ့ဖြစ်ရင် ငါတို့​တွေ Cloud Drakeရတယ်။ ဒါ​ပေမယ့် ​အဲ့လိုသာမဟုတ်ကြည့် Oceanနဲ့ Infernal Drakeပါ ပါသွား​ရောပဲ!”
 
LoLတွင် တတိယ​မြောက်Drakeက အသက်ပြန်ဝင်လာပြီး​​နောက် သူ့Elementကလည်း အသင့်ဖြစ်​သွားပြီး Drake​လေးခုကိုရှင်းလင်းပြီးချိန်တွင် Dragon Soul Buffကို ရရှိ​ပေသည်။ အများစုလက်ခံထားသည်က Cloud Dragon Soulက အသုံးမဝင်ဆုံးဖြစ်ကာ Oceanနှင့် Infernal Dragon Soulက​တော့ အထူး​ကောင်းမွန်သည်ဟုပင်။
 
ကျန်းရုန်အတွက် အရှုံးကို Dragon Souls​တွေအ​ပေါ် အပြစ်ပုံချသည့်သူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း​ဖြစ်သည်။ ကျန်းရုန်က နှာမှုတ်လိုက်ပြီး-
 
“ဘာတတ်နိုင်မှာလဲ။ အရူးမှာ​ အရူးရဲ့ကံရှိ​ပေမယ့် ​စောက်​ပေါ​တွေမှာမှမရှိတာ”
 
“……”
 
တို့ဖူးက သူ့လက်​တွေကို အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်သည်။ ဒါ​ပေမယ့် စိတ်ဆိုးသွားခြင်းမရှိ။ သူက မျက်လုံးကို​မှေးလိုက်ရင်း ကြံရာမရစွာနှင့် ​မေးလာသည်။
 
“မင်းသိလား။ မင်းပုံစံ​လေးက လိမ်လိမ်မာမာ​ပုံ​ပေါက်​ပေမယ့် ဘာလို့ပါးစပ်ဟလိုက်တာနဲ့ လူ​တွေကိုစဆဲ​တော့တာလဲ?”
 
ကျန်းရုန်က နံရံကိုမှီလိုက်သည်။
 
“မင်းပုံစံကလည်း လူလို့ထင်ရ​ပေမယ့် ဘာလို့ မင်းလူစကား​ပြောတာမျိုး ငါမကြားဖူးတာလဲ?”
 
တို့ဖူး : “.”
 
တို့ဖူး၏အိတ်ကပ်ထဲမှဖုန်းက အသံမြည်လာသည်။ သူတို့အသင်း၏နည်းပြက နား​နေခန်းဆီ ပြန်လာရန် ​ဆော်သြ​နေခြင်းဖြစ်သည်။
 
“မင်းတို့အသင်းရဲ့ အဲဒီTop Lanerက ဝလိုက်တာမှဝက်လိုပဲ။ မင်းတစ်​ယောက်တည်းပဲ ဝါးခြမ်းပြားလို ပိန်ကပ်​နေတာ”
 
တို့ဖူးက သူ့ဖုန်းအား ပြန်သိမ်းလိုက်ပြီး
 
“အတည်​ပြောတာ မင်းဘာဖြစ်​နေတာလဲ? 120ကိုဖုန်းဆက်ပြီး မင်းကိုလာသယ်ခိုင်းလိုက်ရမလား?”
 
“မင်းကိုသာသယ်ခိုင်း”
 
ကျန်းရုန်က ​အေးစက်စက် ပြန်​ပြောလိုက်သည်။
 
“ပုံမှန်ရာသီပွဲမှာ​တောင် ရှုံးတာကိုးကြိမ်ဆက်တိုက်ဖြစ်​နေပြီကို အခြားသူ​တွေအ​ကြောင်း ​ပြောရဲ​သေးတာလား။ မြန်မြန်သာလစ်လိုက်​တော့”
 
တို့ဖူးက ​ဒေါသတကြီးနှင့် ​အော်ရယ်လိုက်ပြီး ​ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်။
 
“မင်းကမယုံနိုင်စရာပဲ”
 
တို့ဖူး ထွက်သွားပြီး​နောက် ကျန်းရုန်က ​ဘေစင်ဆီသွားကာ မျက်နှာသစ်လိုက်၏။ အစာအိမ်ကို အကြိမ်အနည်းငယ်​လောက် ပွတ်သပ်လိုက်ပြီး သန့်စင်ခန်းဆီမှ ပြန်ထွက်လာခဲ့​သည်။
 
သူက နား​နေခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး
 
“စင်​ပေါ်ဘယ်အချိန်သွားမှာ…..”
 
စကားလုံး​တွေက ​ပြော​နေရင်းမှာပဲ ရပ်တန့်သွားသည်။
 
ကျန်းရုန်က လက်တစ်ဖက်ဖြင့် နံရံကို​​ထောက်လိုက်ကာ ဗလာကျင်း​နေသည့်အခန်းကို စိုက်ကြည့်လိုက်သည်။
 
“ကျန်တဲ့သူ​တွေဘယ်​ရောက်သွားတာလဲ?”
 
ထိုအချိန်၌ နား​နေခန်းထဲတွင် လူအနည်းငယ်သာ ရှိ​နေသည်ပင်။
 
Moonက သူ့ကိုကြည့်လျက် ရှင်းပြလာသည်။
 
“စင်​ပေါ်သွားလိုက်ကြပြီ”
 
တစ်မဟုတ်ချင်း ကျန်းရုန်၏မျက်ခုံးတို့ တွန့်ချိုးသွားသည်။
 
“ငါလိုက်သွားမယ်….”
 
“မသွားနဲ့”
 
Moonက သူ့ကို အလျင်အမြန်ပင် ​ပြောပြလိုက်သည်။
 
“ဟယ့်ကျစ်က မင်းအစားသွားပြီ။ ဒီတစ်ပွဲကို Subကစားမှာ။ မင်းက​တော့ ​သေချာ​လေးနားလိုက်ဦး”
 
ကျန်းရုန်က တံခါးဝတွင် ရပ်​နေဆဲဖြစ်ကာ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး
 
“မင်းဘာ​ပြောလိုက်တာ?”
 
“မင်း​နေမ​ကောင်းဘူးဆို….”
 
Moonက ခဏရပ်သွားပြီးမှ ဆက်​ပြောပြလာသည်။
 
“ဒီလို​လေ။ ခုဏက တို့ဖူးက ငါတို့အခန်းတံခါးကို လာ​ခေါက်ပြီး မင်းအန်​နေတဲ့အ​ကြောင်း ​ခေါင်း​ဆောင်ကိုလာ​ပြောသွားတယ်။ သူ​ပြောသွား​သေးတယ်…..မင်းကိုကြည့်ရတာ ​သေ​တော့မလိုပဲတဲ့”
 
ထိုအချိန်တုန်းက လု​ပေါ်ယွမ်က ချက်ချင်း သန့်စင်ခန်းဆီ လိုက်ဖို့ပြင်​ပေမယ့် စင်​ပေါ်တက်ရန် လာ​ပြောသည့်ဝန်ထမ်းနှင့် တည့်တည့်တိုး​လေသည်။
 
PUD၏အသင်းသား​တွေကလည်း သွားနှင့်ပြီမို့ သူတို့​​တွေလည်း ချက်ချင်း သွားရမည်ဖြစ်သည်။ လု​ပေါ်ယွမ်က သန့်စင်ခန်းဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ မျက်နှာအမူအရာက လုံးဝဥဿုံကင်းမဲ့စွာဖြင့် ဝန်ထမ်းတစ်​ယောက်ကို ​ပြောလိုက်သည်။
 
“ကျွန်​တော်တို့​တွေ ဒီပွဲအတွက် လူစားထိုးဖို့လိုတယ်”
 
ကျန်းရုန်က ​သွေး​ရောင်မရှိသည့် နှုတ်ခမ်းတို့ဖြင့် Moonရှင်းပြသမျှကို ​နား​ထောင်​နေသည်။ ထို့​နောက် သူက​မေးလိုက်သည်။
 
“Squidရဲ့နား​နေခန်းဘယ်မှာရှိလဲ သိကြလား?”
 
ရှိသမျှဝန်ထမ်းအားလုံး တစ်ပြိုင်နက်တည်း ​ခေါင်းခါပြကြ​လေသည်။
 
သိတယ်လို့ဘယ်လိုလူက​ပြောရဲပါ့မလဲ။
 
“ကျန်းရုန်?”
 
အသင်း၏လက်​ထောက်မန်​​နေဂျာက အလျင်စလို လမ်း​လျှောက်ဝင်လာသည်။
 
“ငါနင့်ကို သန့်စင်ခန်းထဲမှာ သွားရှာ​နေတာ။ ဘယ်လို​နေ​သေးလဲ? အန်ချင်​နေ​သေးလား? ဗိုက်​ရော​အောင့်​နေလား? တကယ်လို့ ပြင်းထန်တယ်ဆိုရင် ​ဆေးရုံသွားရ​အောင်….”
 
“ဘာမှမဖြစ်ဘူး”
 
ကျန်းရုန်က ​ရေ​သောက်လိုက်ပြီး
 
“သကြားဓါတ်နည်းလို့ ​အန်ချင်သလိုလို ဖြစ်​နေရုံတင်”
 
လက်​ထောက်မန်​နေဂျာက နားမလည်နိုင်ဖြစ်သွားသည်။
 
“သကြားဓါတ်နည်းရင် အန်ချင်တာလား?”
 
“ထင်ရတာပဲ”
 
ကျန်းရုန် : “ပိုင်တုမှာ​ပြောထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် မ​သေဘူးမလို့ စိတ်မပူပါနဲ့”
 
 “……”
 
ဒီလို ကိုယ့်ခန္ဓါကိုယ်အား ​ပေါ့​ပေါ့တန်တန် သ​ဘောထားသည့်လူမျိုးကို လက်​ထောက်မန်​နေဂျာမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်​ပေသည်။ သူ(မ)က အိတ်ထဲမှ ကွတ်ကီးထုပ်အနည်းငယ်ကို ထုတ်လိုက်ပြီး-
 
“ဒါဆိုရင် ဒါနည်းနည်းစားထားလိုက်။ ပြီးရင် ကားဆီလိုက်ပို့​​ပေးမယ် နင်နားလို့ရ​အောင်”
 
နားနေခန်းထဲရှိဆိုဖာက သေးပြီး လူနှစ်ကိုယ်စာပင်မဆန့်။ အပြင်ဘက်တွင်လည်း လူတွေက သွားလိုက်လာလိုက်ဖြင့် ရှုပ်ယှက်ခတ်နေကာ အင်မတန်ကို ဆူညံနေသည်။ ဝန်ထမ်းတွေကလည်း အခန်းထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေကြသေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now