အပိုင်း(၉၈)

4.3K 643 50
                                    

(Unicode)

အပိုင်း(၉၈) : Softသူ့Idolကိုရသွားပြီလား?

လုပေါ်ယွမ်က ငှက်ကုလားအုတ်လို ခေါင်းကိုဝှက်ထားသူအား ကြည့်ကာ တကယ်ကို ရယ်ချင်လာခဲ့သည်။

တစ်သျှူးအစိုဖြင့် လက်ကိုသုတ်လိုက်ပြီးနောက် သူ အိပ်ရာပေါ်ဒူးထောက်ချလိုက်ပြီး ခေါင်းအုံးကို အသာအယာ ဆွဲယူလိုက်သည်။

ကျန်းရုန်၏မျက်နှာတစ်ပြင်လုံးက နီရဲတွတ်နေဆဲ။ သူက မျက်လုံးတွေကိုသာမက မျက်နှာကိုပါ ပွတ်လိုက်ပြီး အတတ်နိုင်ဆုံး သဘာဝကျချင်ဟန်ဆောင်ကာ မေးလာသေးသည်။

“လက်နာသွားလား”

လုပေါ်ယွမ်ပင် မျက်ခုံးပင့်မိသွား၏။ သူသာ အငြင်းစကားဆိုလိုက်လျှင် ကောင်ငယ်လေး၏ ကိုယ်ပိုင်ယုံကြည်မှုအပေါ် အတော်လေး ထိခိုက်သွားနိုင်လောက်သလို ခံစားလိုက်ရသည်။

“အဆင်ပြေပါတယ်”

ငှက်သိုက်လိုရှုပ်ပွ​နေသည့် ဆံပင်​တွေနှင့် ကျန်းရုန် ထထိုင်လိုက်ရာ အိပ်ရာဘေးတွင် ချထားခံရသည့် သူ့ဘောင်းဘီနှင့်အတွင်းဝတ်ကို မြင်လိုက်ရလေသည်။ လုပေါ်ယွမ်ကတော့ အပြည့်အစုံ ဝတ်ထားသေးသည်။ တသွေမတိမ်းပြောပြရလျှင် တစ်ခုတည်းသော ကွာခြားသွားမှုက အဝတ်အစားတွေ နည်းနည်း တွန့်ကြေသွားရုံသာ….

နောက်ဆုံးမှာတော့ သူ့အကြည့်က လုပေါ်ယွမ်၏လက်ချောင်းသွယ်သွယ်တွေအပေါ် ကျရောက်သွားသည်။

ထိုလက်ချောင်းသွယ်သွယ်တွေက ခုဏကလေးတင် ဘာတွေလုပ်ခဲ့မှန်း ၊ ထိုလက်ချောင်းတို့ ကွေးညွတ်သွားပုံကို ပြန်အမှတ်ရလိုက်သည့်အခိုက် အတွေးတစ်ခုတည်းနှင့်ပင် သူ့အာရုံတစ်ခုလုံးကို စိုးမိုးသွားကာ သူ့နှလုံးသားသည်လည်း တစစ်စစ်ဖြစ်လာချေပြီ။

ကမ္ဘာ့ချန်ပီယံရဲ့လက်ကို သောက်ကျိုးနည်း ဘယ်လိုဟာမျိုးကြီးပေါ် သုံးလိုက်မိတာလဲလို့!!!

သူ သက်ပြင်းမောကြီး ရှူသွင်းလိုက်ပြီးနောက် ကတိုက်ကရိုက် အတွင်းခံဝတ်လိုက်ကာ ဘောင်းဘီဆီ လက်လှမ်းလိုက်၏။

“ဘောင်းဘီကညစ်ပတ်နေတယ်”

လုပေါ်ယွမ်က ထောက်ထားမှုအပြည့်ဖြင့် သတိပေးလာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now