အပိုင်း(၇၅)

4.7K 694 37
                                    

(Unicode)

လု​ပေါ်ယွမ်၏လက်ဖျားထိပ်ရှိ ​နွေး​ထွေးမှုတို့က စ​တော်ဘယ်ရီအရသာထဲတွင် ​ရော​ထွေး​နေလျက် ကျန်းရုန်၏စိတ်အာရုံထဲသို့ တစ်ဖြည်းဖြည်း စိမ့်ဝင်လာ​နေသည်။ ကျန်းရုန်မှာ ပါးစပ်ဟလျက်သားဖြင့် ​အေးခဲသွား​ပြီး အူတူတူပုံစံ​ပေါ်​နေ​တော့သည်။
 
ဆူညံရှုပ်ယှက်ခတ်​နေသည့် စင်​နောက်ဧရိယာတစ်ခုလုံးမှာလည်း တစ်မဟုတ်ချင်း ငြိမ်ကျသွား​လေသည်။
 
ကျန်းရုန်ဆီမှ တုံ့ပြန်မှုမရှိသည်​ကြောင့် လု​ပေါ်ယွမ်က ငုံ့ကြည့်ကာ ​မေးလာသည်။
 
“အရသာမကြိုက်လို့လား?”
 
သူ့နှလုံးသားမှာလည်း လည်​ချောင်းထဲတွင် ရူးရူးမူးမူး ခုန်​​ပေါက်​နေ​ပေသည်။ ကျန်းရုန် စုပ်လုံးကို ညာဘက်ပါး​စောင်သို့ပို့လိုက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်သည့်ပုံစံဖမ်းကာ ပြန်​ဖြေလိုက်၏။
 
“ကြိုက်ပါတယ်”
 
လူတိုင်း သတိပြန်ဝင်လာကြသည်။
 
သူတို့ကိုလာကြိုသည့်ဝန်ထမ်းမှာလည်း “အာ….”ကိုသံရှည်ဆွဲကာ ​ရှေ့ဆက်စကားမ​ပြောနိုင်ဘဲ ဖြစ်​​နေပြီးမှ ဆိုလာသည်။
 
“ဟို….ကွန်ပျူတာ​တွေက စစ်​ဆေးလို့ပြီးသွားပြီ။ အဆင်သင့်ဖြစ်ရင် စင်​ပေါ်တက်လို့ရပြီဗျ။ ပြိုင်ပွဲက ​နောက်ဆယ်မိနစ်​လောက်ဆို စ​တော့မှာ”
 
“ငလူး ဒါကြီးက​စောက်ရမ်းသိသာသွားပြီမဟုတ်ဘူးလား…..”
 
XIUမှာ စိတ်ထဲ​မှာ​အော်ဟစ်​နေပြီး အပြင်မှာ​တော့ မျက်​တောင်​တွေကို ဆက်တိုက် ပုတ်ခတ်ပုတ်ခတ် လုပ်​နေမိ​လေသည်။
 
Saviorက လု​ပေါ်ယွမ်၏လက်ထဲရှိ သကြားလုံးထုတ်ကို ကြည့်လိုက်ကာ သူ့မျက်လုံး​ထဲမှာ မီး​တောက်​နေ​တော့သည်။ (*ဆန္ဒပြင်းပြသည်)
 
“ကျွန်​တော်လည်း စုပ်လုံးစားချင်တယ်”
 
“ပြိုင်ပွဲပြီးသွားရင်ဝယ်​ကျွေးမယ်”
 
XIUက Savior၏​ခေါင်းကို ပုတ်​ပေးလိုက်သည်။
 
“သူတို့ကိုကြည့်မ​နေနဲ့​တော့။ မင်းပါမ​ကောင်းတဲ့အကျင့်​တွေကူးကုန်မယ်”
 
Savior : “?”
 
ဘာလို့မ​ကောင်းတဲ့အကျင့်​တွေကူးမှာလဲ?
 
နားကိုမလည်နိုင်ဘူး။
 
PUD၏အချက်အချာဖြစ်သည့် Top Lanerဖြစ်သူ 98kက အကြည့်ပြန်လွှဲသွားသည်။ သူက ကိုရီးယားကစားသမားဖြစ်​သော်လည်း တရုတ်စကားကို အထူးကျွမ်းကျင်သူပင်။ သူက​ပြောလာသည်။
 
“စင်​ပေါ်တက်ရ​အောင် ​ကောင်း​ကောင်းကစားကြ။ ငါတို့နိုင်ရင် မနက်ဖြန် မင်းအတွက် ​ပျော်ရွှင်ဖွယ်​မွေး​နေ့ပွဲ​လေး ကျင်းပ​ပေးမယ်”
 
XIUက ​အော်ရယ်လိုက်ပြီး သူ့စကားကို သံ​ယောင်လိုက်ကာ ​မေးကြည့်လိုက်သည်။
 
“ငါတို့ရှုံးသွားရင်​ဘယ်လိုလုပ်မလဲ?”
 
98k : “အဲ့​တော့လည်း မ​ပျော်ရွှင်ဖွယ်​မွေး​နေ့ပွဲ ကျင်းပရတာ​ပေါ့”
 
XIU : “……”
 
လု​ပေါ်ယွမ်၏အပြုအမူက အပြင်လူ​တွေကို မဆိုထားနှင့်၊ TTCအသင်းသား​တွေကိုပင် အံ့အားသင့်သွား​စေသည်။
 
​ရှောင်ပိုင်က အနီးရှိကင်မရာကို ကြည့်လိုက်မိပြီး​နောက် သူ့​ခေါင်းထဲရှိမီးသီးတစ်လုံးက ဖြတ်ခနဲမီးလင်းသွားပြီး Pine၏အင်္ကျီစကို ချက်ချင်း လှမ်းဆွဲလိုက်သည်။
 
“P​ပေါင်! မြန်မြန်! ငါ့လည်းအဲ့လိုမျိုးတစ်ခုခွံ့​ကျွေး!”
 
Pineက အထင်အမြင်​သေးစွာဖြင့် ​ပြောသည်။
 
“မ​ကျွေးဘူး”
 
တင်း​ကောက လု​ပေါ်ယွမ်အား မသင်္ကာဖွယ်ပုံစံဖြင့် လှမ်းကြည့်လာသည်။
 
လု​ပေါ်ယွမ်နှင့်ပတ်သတ်ပြီး တစ်ခုခုလွဲ​နေသည်ဟု တင်း​ကော ​တွေး​နေမိတာကြာပြီဖြစ်သည်။ အခု လု​ပေါ်ယွမ်က ကျန်းရုန်ကို ခွံ့​ကျွေးလိုက်ချိန် သူ့​ခေါင်းထဲတွင် အ​တွေးတစ်ခု ဖြတ်ခနဲ​ပေါ်လာ​တော့သည်။
 
တင်း​ကော : “မင်း…...”
 
“​နောက်တစ်ခါဆို နံရံ​တွေကို လက်နဲ့​လျှောက်မထိနဲ့”
 
လု​ပေါ်ယွမ်က ကျန်းရုန်၏လက်ဆီ အကြည့်ပို့လိုက်သည်။
 
“လက်သုတ်လိုက်ဦး စင်​ပေါ်တက်ရ​တော့မယ်”
 
ကျန်းရုန် မျက်​တောင်ခတ်လိုက်ပြီး လက်ကို​မြှောက်ကြည့်လိုက်​​တော့မှ သူ့ညာဘက်လက်၏လက်​ချောင်းထိပ်​တွေမှာ နံရံ​ပေါ်မှဖုန်​တွေ​ပေ​နေ​ကြောင်း သိလိုက်ရသည်။
 
ကျန်းရုန် သူ့​ဘောင်းဘီနှင့် လက်ကိုဖြစ်သလိုသုတ်လိုက်​တော့ အမည်း​ရောင်​ဘောင်းဘီ​ပေါ်တွင် အဖြူ​ရောင်အစင်း​တွေက ကျန်ရစ်ခဲ့​လေသည်။
 
အသင်းနှစ်သင်းလုံးမှ ထိုင်ခုံ​ပေါ်တွင် ​နေရာမယူရ​သေးခင် ရှင်းလင်းတင်ဆက်သူ​တွေက ပြိုင်ပွဲအ​နေအထားကို အသက်ဝင်လာ​အောင် နှိုး​ဆွ​နေသည်မှာ အ​တော်ကြာ​နေ​လေပြီ။
 
“သူတို့​​ရောက်လာကြပြီ ​ရောက်လာကြပြီ ​နောက်ဆုံး​တော့ သူတို့အားလုံး စင်​ပေါ်​ရောက်လာကြပြီခင်ဗျ”
 
ရှင်းလင်းတင်ဆက်သူAက သူ့လက်သူပွတ်​နေသည်။
 
“ပရိသတ်ကြီးလည်း ဒီပွဲကို​​မျှော်​​နေတာ ကြာ​လောက်ပြီ ဟုတ်တယ်မလား?”
 
ရှင်းလင်းတင်ဆက်သူB : “ပရိသတ်​တွေမ​ပြောနဲ့ ကျွန်​တော်လည်းဒီပွဲကို​စောင့်လာရတာ ​တော်​တော်ကြာပြီ။ ဒါ​ပေမယ့် ပြီးခဲ့တဲ့ပွဲက ​မထင်ထား​​လောက်​အောင် ​ပြောင်​မြောက်လွန်း​တော့ ကျွန်​တော်တို့LPLရဲ့ တစ်ဦးတည်း​သော အမျိုးသမီးကစားသမားကို ဒီပွဲကစပြီး သူ(မ)ရဲ့​နောက်ထပ်ပြိုင်ပွဲ​တွေကို ကျွန်​​​တော်​တော့​​မျှော်လင့်​နေပြီ”
 
“အမှန်ပါပဲ”
 
အချိန်ကိုက်ဆိုသလို ကင်မရာက ပရိသတ်​တွေဆီ ရိုက်ပြလာ​တော့ ရှင်းလင်းတင်ဆက်သူAမှာ ​အော်ရယ်​​တော့သည်။
 
“စကားမစပ်……ဒီ​​နေ့ညရဲ့LEDဘုတ်​တွေက ဘယ်လို​တွေဖြစ်​နေတာလဲ?”
 
ဒီ​နေ့ည အားကစားရုံထဲတွင် ​ရောက်​နေကြသည့်ပရိသတ်​တွေကို အသင်းနှစ်သင်းကြားတွင် 50/50ရာခိုင်နှုန်းဆီ ပိုင်းခြားထား​သည်။ နှစ်ဘက်စလုံး၌ LEDဘုတ်အ​ရေအတွက်က အတူတူ​လောက်ရှိပြီး အချို့ပရိသတ်​တွေဆိုလျှင် စာတန်း​တွေကိုပြရန်အတွက် ဖုန်း​တွေကိုပါ အသုံးပြုထား​လေသည်။
 
PUDပရိသတ်​တွေမှာ ပါဝင်သည်က​တော့-
 
[ဒိန်းခနဲ​သေနတ်သံကြားရင် အဲ့တာ 98kကQianရဲ့နှလုံးတည့်တည့်ကို ပစ်ချလိုက်တာ]
 
[မ​သေမျိုးနတ်ဘုရား Savior]
 
[Savior killed Soft]
 
[XIUနဲ့ထိပ်တိုက်​တွေ့ရင် ​​နောက်ပြန်ဆုတ်လိုက်တာ အ​ကောင်းဆုံး​ရွေးချယ်မှု​နော်]
 
[​နွေဦးရာသီပွဲမှာ ပထမဆုံးရှုံးပွဲရသွားတဲ့ TTCကို ဂုဏ်ပြုပါတယ်!]
 
ဂိမ်း​လောကမှာဆိုလျှင် ပြိုင်ပွဲဧရိယာထဲ ​ရောက်​နေသူမှန်သမျှက တစ်ဖက်နှင့်တစ်ဖက် ​လှောင်​ပြောင်သ​ရော်​နေတတ်ကြသည်​ကြောင့် PUDဘက်မှLEDဘုတ်​တွေက ရန်စသည့်စကားလုံး​တွေနှင့် ပြည့်​နေ​လေသည်။
 
သို့​သော် ဒီ​နေ့ညမှာ​တော့ TTCပရိသတ်​တွေမှာ သိသိသာသာကို ပြန်လည်ရန်ဖြစ်ဖို့ အာရုံမလာ​ချေ။
 
[ဖြူဖြူစင်စင်ဖြတ်​လျှောက်က​လေးပါ။ ဒါနဲ့ TTCရဲ့Junglerနဲ့Mid Lanerက တကယ်ကြီး အတူအိပ်ပြီးသွားကြပြီလား?]
 
[TTCရဲ့​အောက်လမ်းသွားနှစ်​ယောက်က မရိုးသားဘူး]
 
[Roadနဲ့Softက ​စောင်​လေးခြုံပြီး ​စောင်​အောက်မှာ ရိုးရိုးသားသား စကား​ပြောကြတယ်တဲ့]
 
[Road kill​နေတာရပ်ပါ​တော့ kill​နေတာရပ်ပါ​တော့]
 
[ပြိုင်ပွဲကိုပဲအာရုံစိုက်ကြ @TTCအသင်းသားအားလုံး ရည်းစားမထားကြပါနဲ့]
 
[Qian ​ထွက်​ပြေး​တော့!]
 
​ရှောင်ပိုင့်ပုံစံက ကွန်ပျူတာပစ္စည်း​တွေကို စစ်​ဆေး​နေပုံ​ပေါ်​ပေမယ့် သူ့အကြည့်​တွေက​တော့ ပရိသတ်အုပ်စုဆီ ပျံ့လွင့်​နေကာ သူ​တွေ့ရသမျှကိုလည်း ပါးစပ်က ​ပြောပြ​နေ​သေးသည်။
 
“ဝန်ထမ်းတစ်​ယောက်က သွားပြီး​တော့……’TTCရဲ့Junglerနဲ့Mid Laner အတူအိပ်ကြတာလား’ဆိုတဲ့ ဆိုင်းဘုတ်ကို ယူသွားတယ် ကျန်းရုန်​ရေ မင်းကိုအား​ပေးတဲ့bannerနည်းသွားပြီ!”
 
ကျန်းရုန် : “….ငါ့ကိုစကားလာမ​ပြောနဲ့”
 
ယွမ်ချန်းကသက်ပြင်းချလိုက်သည်။
 
“ငါ့ဘဝသက်တမ်းတစ်​လျှောက်လုံး…..ငါတို့အသင်းထဲကသူက သွေးတွင်းသကြားဓါတ်နည်းတယ်ဆိုတဲ့အ​ကြောင်း စဥ်း​တောင်မစဥ်းစားဖူးဘူး”
 
တင်း​ကောကမျက်​မှောင်ကျုံ့လျက်။
 
“ငါလည်းစဥ်းစားလို့ကိုမရဘူး။ ​နေ့တိုင်း အစားအ​သောက်​ကောင်း​ကောင်း​တွေ အသား​တွေအလျှံပယ်​ကျွေး​နေရဲ့သားနဲ့……”
 
Pineကဝင်​ပြောသည်။
 
“နည်းပြ ပြင်ဆင်​ပေးထားလည်း သူမစားရင် အသုံးမဝင်ဘူး”
 
​ရှောင်ပိုင်ကလည်း အခွင့်​အ​​ရေးကို အမိအရဖမ်းပြီး သတင်းပို့သည်။
 
“အမှန်ပဲ။ ဟိုတစ်ခါ ကျွန်​တော့်​ကောမှာ​ကျွေးတဲ့ ဒင်ဆမ်းကလွဲပြီး ပြိုင်ပွဲမတိုင်ခင် တစ်ခါမှ သူမနက်စာမစားဘူး”
 
လူတိုင်းက တက်တက်ကြွကြွ အပြန်အလှန် စကား​ပြော​နေကြ​သော်လည်း လု​ပေါ်ယွမ်ကသာ တိတ်ဆိတ်​နေသည်။
 
ကျန်းရုန် အံကြိတ်လိုက်ပြီး တစ်ကိုယ်တည်း​တွေးလိုက်၏။ ပြိုင်ပွဲကဘာလို့မစ​သေးတာလဲ?
 
ကစားသမား​တွေ စင်​ပေါ်​နေရာယူပြီးသည်နှင့် ​ဘေးဘီဝဲယာကြည့်ခြင်းကို တားမြစ်ထားသည်​ကြောင့် ကျန်းရုန်မှာ လု​ပေါ်ယွမ်၏အမူအရာကို မမြင်ရ​ပေ။
 
ရှင်းလင်းတင်ဆက်သူA : “​ကောင်းပါပြီ အခုဆိုရင် ကင်မရာက ကစားသမား​တွေကို တစ်​ယောက်ချင်းစီ အနီးကပ်ရိုက်ကူးပြ​နေပြီဗျ ဒါကပြိုင်ပွဲစ​တော့မယ်လို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်…..98kရဲ့သတ်ဖြတ်ချင်စိတ်​တွေက ​တော်​တော်​လေးမြင့်​နေသလိုပဲဗျ။ Saviorရဲ့ဆံပင်ပုံစံကလည်း အရမ်းချစ်ဖို့​ကောင်းပါတယ်။ XIUကလည်း ထုံးစံအတိုင်း ​​အေး​ဆေးပဲဗျ သူ့ရဲ့လက်ဒဏ်ရာအ​ခြေအ​နေ ဘယ်လိုရှိတယ်ဆိုတာ​တောင် မသဲကွဲဘူး”
 
“သူ့ရဲ့ဒဏ်ရာက ​တော်​တော်​လေး သက်သာသွားပုံရတယ် မဟုတ်ရင် ဒီ​နေ့ကစားပါ့မလား……အဲ ငါတို့ဒီအ​ကြောင်း​ပြောခွင့်ရှိလို့လား?”
 
ရှင်းလင်းတင်ဆက်သူBက ခပ်ဟဟရယ်လိုက်သည်။
 
“​နောက်ထပ်က​တော့ TTCအသင်းသား​တွေပါ။ ဟ….Qianရဲ့ပုံစံက ​တော်​တော်​လေးအထီးကျန်​နေသလိုပဲ….”
 
“​ရပ် ရပ် ရပ်! ဒါကမှ ငါတို့မ​ပြောသင့်တဲ့အ​ကြောင်း သိပြီလား!”
 
ရှင်းလင်းတင်ဆက်သူAက ဝင်​ထောက်သည်။
 
“ထုံးစံအတိုင်း နတ်ဘုရားလုက ​အရမ်း​ချောပါတယ် အဲ ဒါ​ပေမယ့် ကြည့်ရတာ စိတ်အ​ခြေအ​နေမ​ကောင်းဘူးလားလို့?”
 
“….အဲ့လိုထင်ရတယ်​နော်”
 
ကင်မရာမြင်ကွင်း​ပြောင်းသွားသည့်အခါ ရှင်းလင်းတင်ဆက်သူBက နားမလည်နိုင်စွာ ​ပြောလာသည်။
 
“Softကြည့်ရတာလည်း တက်တက်ကြွကြွမရှိဘူး…..TTCကလူ​တွေ ဒီ​နေ့ဘာဖြစ်​နေတာလဲ? အာရုံစူးစိုက်ထားဖို့လိုတယ်​​လေ”
 
လု​ပေါ်ယွမ်က ပြိုင်ပွဲစဖို့ ကျန်​​နေ​သေးသည့်အချိန်ကို အကြမ်းဖျင်းခန့်မှန်းလိုက်ပြီး ကျန်းရုန်ကို ​မေးလာသည်။
 
“မင်း​မသက်သာ​သေးဘူးမလား”
 
“ကျွန်​တော်ကစားနိုင်တယ်”
 
ကျန်းရုန်က အမြန်ဆုံးပြန်​ဖြေလိုက်သည်။
 
“ကျွန်​တော့်လက်ရည်ကိုမထိခိုက်ပါဘူး”
 
သူ​ပြောပြီးပြီးချင်း ပြိုင်ပွဲက pick/banအဆင့်ဆီ ​ဝင်ရောက်သွားသည်။
 
PUDက အပြာဘက်ခြမ်းတွင်ဖြစ်ပြီး သူတို့ဘက်က Lee Sinကို တန်းပြီးBanလိုက်သည်။
 
ရှင်းလင်းတင်ဆက်သူA : “ပုံမှန်ဖြစ်​နေကျဖြစ်စဥ်ပါပဲ။ ဒီChampက လက်ရှိmetaမှာ အားနည်းသည်ဖြစ်​စေ သန်မာသည်ဖြစ်​စေ TTCနဲ့ပြိုင်ရတဲ့အဖွဲ့တိုင်းက Lee Sinကို အလွတ်မ​ပေးရဲကြဘူး”
 
ရှင်းလင်းတင်ဆက်သူBက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။
 
“အိုက်ယား ​ပြောရရင် နတ်ဘုရားလုရဲ့Lee Sinကို မ​တွေ့ရတာ​တောင် ​တော်​တော်ကြာ​နေပြီ။ ကျွန်​တော်​တော့​ အရမ်းသတိရ​တာပဲ”
 
ရှင်းလင်းတင်ဆက်သူAက လိုလိုလားလားကူညီ​​သောရယ်သံဖြင့်
 
“မင်းသတိရတယ်ဆိုရင် Softရဲ့Livestreamဆီသွားပြီး ​တွေ့လို့​တွေ့ရငြား သွားကံစမ်းကြည့်​လေ”
 
ထိုအချိန်၌ ကျန်းရုန်မှာ​တော့ သူ့အသင်း​ဖော်​တွေ၏အသံနှင့် ဂိမ်းထဲမှအသံ​တွေကလွဲ ဘာမှမကြားရ​​သော​ကြောင့် ရှင်းလင်းတင်ဆက်သူနှစ်​ယောက် သူတို့၏စည်းချက်ထဲ သူ့ကိုဆွဲထည့်​နေမှန်း မသိလိုက်ရ​ချေ။
 
ကျန်းရုန်က တစ်ဖက်အသင်း၏ Banထားသည့်စာရင်းကို ကြည့်လိုက်ပြီး အနည်းငယ် ​မ​ပျော်ရွှင်သည့်အ​ငွေ့အသက်တို့က သူ့မျက်ဝန်းအိမ်ထဲ ဖြတ်​ပြေးသွားသည်။
 
PUD၏ပထမဆုံးBanထားသည့် Champသုံးခုက Lee Sin, Varusနှင့် Yuumi ဖြစ်သည်။
 
Mid champ တစ်ခုတစ်​လေမျှ မပါဝင်​ချေ။
 
ထို့​ကြောင့် တင်း​ကောမှသူတို့အား Savior၏Oriannaကို Banချင်လားဟု ​မေးလာသည့်အခါ ကျန်းရုန်က ​အေးစက်စက် ငြင်းဆိုလိုက်သည်။
 
“မလိုဘူး။ သူဘာ​ကောင်​ရွေး​ရွေး ကျွန်​တော်သူ့ကိုရိုက်ချနိုင်တယ်”
 
ကျန်းရုန်က စုပ်လုံးကို ငုံထားဆဲဖြစ်သည်။ ထို့​ကြောင့် သူက​တော့ ခြိမ်း​ခြောက်​နေသည်ဖြစ်​သော်ငြား သူ့အသံက​တော့ စကားမပီ​​သော​ကြောင့် အ​တော်​လေးရယ်စရာ​ကောင်း​နေ​ပေသည်။
 
လု​ပေါ်ယွမ်က ​မောက်စ်ကို​ရွှေ့လိုက်ရင်း သူ့အမူအရာသည်လည်း အနည်းငယ် ကြည်လင်သွားသည်။
 
“ဒါဆို Renektonနဲ့Camille တစ်ခုခုbanရင်​ရော?”
 
ယွမ်ချန်းက ချက်ချင်း ဆက်​ပြောသည်။
 
“ကျွန်​တော် ပွင့်ပွင့်လင်းလင်း​​ပြောမယ်​နော်။ Top laneမှာ ကျွန်​​တော်က 98kအတွက် ပြိုင်ဘက်မဟုတ်ဘူး”
 
98kက PUD၏Top Lanerဖြစ်ပြီး LPLသို့ ကူး​ပြောင်းလာသည့် ပထမဆုံး ကိုရီးယားကစားသမားဖြစ်သည်။ မတိုင်ခင်က​​တော့ LCK၏ထပ်တန်းအသင်းတစ်ခုနှင့် သက်ဆိုင်ခဲ့​လေသည်။
 
သူ​ပြောင်း​ရွှေ့သည့်သတင်း ​ပေါ်ထွက်လာစဥ်ကအ​ခြေအ​နေကို “​သွေး​​ချောင်းစီး​နေသည်”ဟု ​ဖော်ပြလျှင်ပင် ပိုသည်ဟုမဆိုသာ။ PUDနှင့် 98kကိုယ်တိုင်ပင် အဖက်ဆယ်မရ​အောင် အဆဲအဆိုခံခဲ့ရသည်။ သို့​​သော်လည်း 98k၏စိတ်ဓါတ်ခွန်အားက အလွန်သန်မာကာ PUDတွင် အခုချိန်ထိတိုင်​အောင် အ​လျော့မ​ပေးဘဲ ဆက်​နေ​လေသည်။ လက်ရှိမှာ​တော့ 98kက LPL၏နာမည်အကြီးဆုံး Top Lanerအဖြစ် ရပ်တည်​နေသည်။
 
Pick/Banအဆင့်က ပြီးဆုံးသွား​လေပြီ။ ကျန်းရုန်က CC​ရော Damage​ရော ညီမျှသည့် Syndraကို ​ရွေးချယ်ထားသည်။
 
​ရှောင်ပိုင်နှင့်Pineက အစည်းအ​ဝေးတစ်ခု အလျင်အမြန် ကျင်းပ​​ခဲ့သည်။ အ​ပေါ်လမ်းမှာဆို 98kက လွှမ်းမိုးထားပြီး အလယ်လမ်းမှာလည်း Saviorနှင့်ကျန်းရုန် ဘယ်သူနိုင်မည်မှန်း မသဲကွဲ​သေးသည်​ကြောင့် သူတို့၏​အောက်လမ်းက အလွန်တရာ အတိမ်းအ​စောင်းမခံနိုင်သည့် အ​​နေအထားသို့ ​ရောက်​နေ​လေသည်။ သူတို့နှစ်​ယောက် ​ဆွေး​နွေးလိုက်ပြီး ဂိမ်းအစပိုင်းတွင် ပိုသန်မာသည့် Luxနှင့်Caitlyn အတွဲအစပ်ပုံစံဖြင့်သွားရန် ဆုံးဖြတ်လိုက်သည်။
 
သူတို့၏လက်ရှိ အသင်းဖွဲ့စည်းပုံက damageအလုံအ​လောက်ရှိ​နေပြီဟု တင်း​ကောက​တွေးလိုက်ပြီး လု​ပေါ်ယွမ်အား Team fightပွဲ​​တွေတွင် စတင်​လေ့ရှိသည့် Jarvan IVအား ​ရွေးခိုင်းလိုက်သည်။
 
ယွမ်ချန်းက​တော့ တည်ငြိမ်ပြီး မှီခိုတတ်​သော ​တောက်တိုမယ်ရ​ကောင်​လေး Ornnကို ​ရွေးထားသည်။
 
နှစ်မိနစ်ကြာပြီး​နောက်မှာ​တော့ ဂိမ်းက တရားဝင်စတင်​လေသည်။
 
ကျန်းရုန်၏ကစားပုံက ထုံးစံအတိုင်း ကြမ်းတမ်း​နေဆဲ။ Level 6မ​ရောက်ခင်မှာပင် သူက အခွင့်အ​ရေးကို​ချောင်း​နေပြီး Savior၏​သွေးကို ဆက်တိုက်ဆိုသလို ​လျှော့ချပစ်​နေ​တော့သည်။ သို့​သော် Saviorကလည်း သူ့Champဖြစ်သည့် Aurelion Solကို အထူးတလည် ဂရုတစိုက်နှင့် ကစား​​နေကာ သူ့​ရှေ့မှminionအုပ်စုအ​ပေါ်မှာသာ လုံးဝဥသုံ အာရုံစိုက်ထားသည်။ သူ့​သွေး​တွေ​လျော့သွားသည်ဆိုပါက သူကတာဝါကိုပြန်လှည့်သွားကာ minionအုပ်စုကို​စောင့်သည်။ အလျင်လိုခြင်း အလျင်းမရှိ။
 
လု​ပေါ်ယွမ်၏ Early gameရည်ရွယ်ချက်က အလွန်ထင်ရှားသည်။ 98kကို ဆက်တိုက် gank​နေခြင်းပင်။
 
XIU၏ရည်ရွယ်ချက်ကလည်း ဆတူထင်ရှားသည်။ 98kကို အ​သေခံ ကာကွယ်ခြင်းပင်။
 
အသင်းနှစ်ခုရှိ Top Lanerများနှင့် Jungler​တွေ၏ သ​ဘောထားကွဲလွဲမှုက ဆက်တိုက် ဖြစ်​ပေါ်​နေသည်။ နှစ်ကြိမ်ထိပ်တိုက်တိုက်ခိုက်​သော်လည်း ဘယ်သူမှမ​သေ​ပေ။
 
တတိယအကြိမ်မှာ​တော့ လု​ပေါ်ယွမ်က တည်တည်ငြိမ်ငြိမ်ပင် ​ပြောလာသည်။
 
“ဒီတစ်​ခေါက် XIUက ပြန်gankရင်​တောင် ဆက်တိုက်​နေ။ ငါတို့နိုင်တယ်”
 
ယွမ်ချန်းက ချက်ချင်း ပြန်​ဖြေသည်။
 
“OK”
 
လု​ပေါ်ယွမ်၏ခန့်မှန်းချက်က မှန်သည်။ ရှင်းလင်းတိကျသည့် EQR comboဖြင့် 98k၏Volibearကို ထိန်းချုပ်လိုက်နိုင်သည်။ သူတို့၏မြင်ကွင်းအ​နောက်နားတွင် XIUက​ပေါ်လာ​သော်လည်း 98kကိုကယ်ဖို့ အချိန်မမှီ​ကြောင်း ထင်ရှား​လေသည်။
 
ထိုအချိန်မှာပင် အပြာ​ရောင်​ရေခဲမြားက ​အောက်လမ်းဆီမှ ပျံသန်းလာပြီး ယွမ်ချန်း၏ကိုယ်​ပေါ် ​ဖောက်ထွက်သွားသည်။
 
ထိုမြားက ပြိုင်ဘက်အသင်းမှ ADC၏Asheမှ ထွက်လာသည့်ultဖြစ်ပြီး damageလည်း​​​ပေးနိုင်သလို ရန်သူအား 3.5စက္ကန့် အေးခဲသွား​စေနိုင်သည်။
 
ရှင်းလင်းတင်ဆက်သူAက မဆိုင်းမတွ ထ​အော်သည်။
 
“မိုက်လိုက်တဲ့ult! Qian​​ကောက မလှုပ်နိုင်​မှ​တော့ 98kကိုkillဖို့ သူတို့ဘက်မှာ damageမ​လောက်​တော့ဘူး။ XIUကလည်း အချိန်မှီ​ရောက်လာပြီ။ နတ်ဘုရားလုလည်း ​နောက်ပြန်ဆုတ်လိုက်ရတယ်ခင်ဗျ သူ့မှာ​သွေးမ​လောက်​တော့ဘူး…..98kက​တော့ ​အောင်​အောင်မြင်မြင်ပဲ လွတ်​မြောက်သွားပါတယ်!”
 
ရှင်းလင်းတင်ဆက်သူB : “အ​ပေါ်လမ်းမှာ အသက်ဝင်​နေလိုက်တာ နတ်ဘုရားလု အဲဒီကိုသွားတာ သုံးကြိမ်​မြောက်ဖြစ်​နေပြီ။ သူဘာလို့Midကိုမgankပါလိမ့်?”
 
“Saviorက တာဝါနဲ့သူ့ခန္ဓါကိုယ် တစ်သားတည်းဖြစ်​​တော့မယ့်ပုံ​​ပေါက်​နေတာကို ဘယ်လိုgankရမလဲ? ပြီး​တော့ သွားမgankရတဲ့အ​ကြောင်းအရင်း ​နောက်တစ်ခုလည်း ရှိ​သေးတယ်…..”
 
ရှင်းလင်းတင်ဆက်သူAက လုပ်​ချောင်း​လေးဆိုးလိုက်ပြီး
 
“သံသယ​တွေမကြီးထွားလာ​အောင် ​ရှောင်ကျဥ်​နေတာ။ မင်းနားလည်တယ်မလား?”
 
ရှင်းလင်းတင်ဆက်သူBက မရည်ရွယ်ပါဘဲ ရယ်မိသွားသည်။
 
“မင်းSoftဆီက​နေ​လုပ်ကြံခံရမှာမ​ကြောက်ဘူးလား”
 
တိုက်ရိုက်ထုတ်လွှင့်​နေသည့် Livestream​အောက်ရှိ Barrageသည်လည်း အလွန်အမင်း အင်အားပြည့်​နေ​​ပေသည်။
 
[@ရှင်းလင်းတင်ဆက်သူA မင်းပါးစပ်ဟလိုက်တာနဲ့ မင်းကငါတို့အုပ်စုထဲကဆိုတာ ငါသိလိုက်ပါပြီ]
 
[​စောင့်ကြည့်လိုက် ဒီရှင်းလင်းတင်ဆက်သူနှစ်​ယောက်လုံး ​ရှောင်ရှာပိရဲ့​သွေး​ကြွေးဆပ်မယ့်စာအုပ်ထဲ ​​သေချာ​ပေါက် ​ရောက်​တော့မှာ]
 
[​သွေး​ကြွေးဆပ်မယ့်စာအုပ်? နင်တို့ဟာကအရမ်းမပိုလွန်းဘူးလား? MidဆီRoadမသွားတာ ပုံမှန်ပါပဲ Saviorက early gameမှာ အရမ်းတည်ငြိမ်လွန်းလို့ နာမည်ကြီးတဲ့သူ​လေ။ ပြီးခဲ့တဲ့တစ်​ခေါက်က Fighting Tigerက​လေး​ယောက် သူ့ကိုဝိုင်းထားတာ​တောင် မkillလိုက်နိုင်ဘူး…..]
 
[အဟုတ်ပဲ။ Saviorက ငါ့သား​ရှောင်ရှာပိလို မဟုတ်ဘူး။ ငါ့သားဆိုတဲ့တစ်​ယောက်က အမြဲတာဝါထဲပဲဝင်ဝင်ချတတ်တယ် တစ်ဖက်က သူ့​ခေါင်း​ပေါ်တက်နင်းမှ ​​လေး​ယောက်​လောက်ကို အသာ​လေး ဖြဲသိပ်ပစ်တာ​လေ ^^]
 
[ပိုသင့်ရင်ပိုရမှာပဲ။ အရင်က LoLရဲ့Blockတဲ့စနစ် သိပ်မ​ကောင်းခင်ကဆို ဒီ​ခေါင်းပြာ​ကောင်မှာ တကယ်ကြီး ​သွေး​ကြွေးဆပ်မယ့်စာအုပ် ရှိတာ​လေ။ သူ့စာရင်းထဲမှာပါတဲ့ Actorတစ်​ကောင်နဲ့ သူဆုံကြည့်ပါလား ဂိမ်းထဲ​ရောက်တာနဲ့ ဆက်တိုက် စဆဲ​တော့တာပဲ]
 
[မခံချင်စရာအ​ကောင်းဆုံးက သူဘယ်​လောက်ဆဲထားဆဲထား ဆဲလို့ပြီးသွားတာနဲ့ တစ်​ယောက်တည်း အသင်းတစ်ခုလုံးကို carry​ပေးပြီး ဟိုActor​​ကောင်​တွေအတွက်ပါ နိုင်​အောင်ကစားသွား​သေးတယ်။ ငါဆိုကြည့်ပြီးရယ်ရတာအ​မော]
 
……
 
ရန်သူဘက်မှADCတွင် ultမရှိ​တော့သည့်အချက်ကို အကျိုးအမြတ်ယူပြီး Pineနဲ့​ရှောင်ပိုင်က တစ်​ခေါက်သွားတိုက်သည်။
 
ကျန်းရုန်က အသံတိုးတိုးနှင့် သတင်းပို့သည်။
 
“ရန်သူ့Mid Laner​ပျောက်​နေတယ် ​သွေးလည်းမကျန်​တော့ဘူး”
 
“​သွေးဘယ်​လောက်ကျန်​သေးလဲ?”
 
​ရှောင်ပိုင်က​မေးသည်။
 
ကျန်းရုန်ကလည်း ချက်ချင်း ပြန်​ဖြေသည်။
 
“300​အောက်​လျော့​နေပြီ”
 
ဒီ​လောက်​သွေးနည်းနည်းနှင့် ​အောက်လမ်းကို လာgankနိုင်ဖို့ အလားအလာမရှိ​ချေ။
 
​ရှောင်ပိုင် : “ဒီကိစ္စကိုဘိုး​ဘေးကြည့်ရှင်းလိုက်မယ်”
 
​ရှောင်ပိုင်က ​ရှေ့တိုးလျက် သူ့Qကိုပစ်လွှတ်လိုက်​တော့ ရန်သူ့ဘက်မှSupport၏ Tahm Kenchဆီ တည့်တည့်မတ်မတ် ကျသွား​လေသည်။ Tahm Kenchမှာ အချိန်မီ မလှုပ်ရှားလိုက်နိုင်ဘဲ ​နေရာမှာတင် အမြစ်တွယ်သွားသည်။ Pineကလည်း ချက်ချင်းဆိုသလို ​ထောင်​ချောက်တစ်ခုနှင့်အတူ ​နောက်ကလိုက်လာပြီး ​ခေါင်းတည့်တည့်သို့ လှမ်းပစ်ရန် အစပျိုး​နေ​လေသည်။
 
သူတို့နှစ်​ယောက်သား Tahm Kenchကို နိဂုံးချုပ်​ပေးလိုက်မည့်အချိန် အပြာ​ရောက်​တောက်ပ​နေသည့် အရာတစ်ခုက သူတို့ဆီ ပျံဝဲလာ​လေသည်။ ထိုအရာက ရန်သူ့အသင်းမှ hp 299သာရှိသည့် Aurelion Sloပင် ဖြစ်​ပေသည်။
 
Saviorက Aurelion Sol၏ လုပ်နိုင်စွမ်းကို ကန့်သတ်ချက်​ရောက်သည်အထိ အပြည့်အဝ အသုံးချသည်။ ကျန်းရုန်တစ်​ယောက် Dragon pitဆီ ​ရောက်​တော့မည့်အချိန် သူတို့အသင်း၏စကားဝိုင်းထဲတွင် တစ်စုံတစ်​ယောက် စကား​ပြောလာသံကို ကြားလိုက်ရ​သည်။
 
​ရှောင်ပိုင် : “ဘိုး​ဘေး​တော့အသက်ထွက်သွားပြီ”
 
“First Blood” ဆိုသည့် ​ကြေညာသံက ​ပေါ်ထွက်လာသည်။ Saviorက ​ရှောင်ပိုင်ကိုKillလိုက်ကာ Pineက​တော့ ​သွေးအနည်းငယ်ဖြင့် တာဝါ​အောက်သို့ ​နောက်ပြန်ဆုတ်လိုက်ရသည်။
 
ကျန်းရုန်က သူ့Flashကိုသုံးကာ Saviorဆီမှ အသက်တစ်​ချောင်းပြန်ယူချင်​သော်လည်း Saviorကလည်း အလျင်အမြန်ပင် သူ့Flashကို ထုတ်သုံးလာ​သည်။ ထို့​နောက် သူက အမြီးကိုလှုပ်လျက် ​ပျောက်ကွယ်သွား​တော့သည်။
 
ကျန်းရုန်က ​မေးခွန်းထုတ်လာသည်။
 
“HP 300​တောင်မရှိတဲ့သူကို နှစ်​ယောက်​ပေါင်းတိုက်တာ​တောင် သူ့ဆီကFlashကို​ မသုံးလိုက်ရဘူးတဲ့?”
 
​ရှောင်ပိုင် : “အဲ့တာက ငါလည်းဘာတတ်နိုင်မှာလဲ။ ငါ့ဆီမှာက Qတစ်ခုအတွက်ပဲ manaရှိတာ​လေ။ ဒီSaviorရဲ့​နေရာချတတ်ပုံက မင်းထက်​​တောင်…..”
 
ကျန်းရုန်၏မျက်နှာထားက ​အေးစက်သွားသည်။
 
“ထပ်​ပြောကြည့်စမ်းပါလား??”
 
“မင်းကအ​​တော်ဆုံးပါ”
 
လု​ပေါ်ယွမ်က ကျန်းရုန်၏အလယ်လမ်းနားတွင် Ward​ထောင်​နေသည်ဖြစ်ပြီး ​အေး​အေး​ဆေး​ဆေးပင် သတင်း​ပေးလာသည်။
 
“Saviorက ​အောက်လမ်းကို ခုဏကထပ်ပိုပြီးgankလိမ့်မယ်။ သူ့ကိုဖိနှိပ်ထား လွှတ်မထားနဲ့​တော့။ ချန်​ကောက​တောင့်ထားဦး။ ​Botမှာ အဆင်​ပြေသွားတာနဲ့ အဲ့ဘက်ကိုလာခဲ့မယ်”
 
တမင်သက်သက်ဖြစ်​စေ မဟုတ်သည်ဖြစ်​စေ ​ဒေါသ​ကြောင့် ​ထောင်ထ​နေသည့် ကျန်းရုန်၏သား​မွေးတို့က တစ်မဟုတ်ချင်း ပြန်လည်ငြိမ်ကျသွားသည်။ မျက်​တောင်ကို အကြိမ်အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး​ သူ့ရဲ့ခနဲ့တဲ့တဲ့စကားလုံး​တွေကို ဗိုက်ထဲပြန်မြိုချလိုက်ရင်း တည်ငြိမ်ချင်​ယောင်​​​ဆောင်​နေလိုက်သည်။
 
လု​ပေါ်ယွမ်၏ခန့်မှန်းချက်က အရမ်းတိကျသည်။ ဆယ်မိနစ်အတွင်းမှာပင် Saviorက Bot laneဆီ ထပ်ခါထပ်ခါလာ​နေပြီး XIUကိုပါ အတူ​ခေါ်လာ​လေသည်။
 
လု​ပေါ်ယွမ်နှင့်ကျန်းရုန်သည်လည်း အလျင်အမြန် ​ရောက်လာသည်။ နှစ်ကြိမ်တိုင်တိုင် အပြန်အလှန် တိုက်ခိုက်​နေ​သော်လည်း သူတို့ထဲက တစ်​ယောက်မှ အသက်မဆုံးရှုံး​​သေး​ပေ။
 
ထိုအချိန်မှာ​တော့ အ​ပေါ်လမ်း၌ ယွမ်ချန်းမှာ Volibearဆီမှ Solo killခံလိုက်ရသည်။
 
“98kက ဒီVolibearကို ရာသီတစ်ခုလုံးကြာ​အောင် ဖွက်ထားတာ!”
 
ယွမ်ချန်းမှာ ဆယ်မိနစ်လုံး ဖိနှိပ်ခံထားရသည်​ကြောင့် မထိန်းနိုင်​တော့ဘဲ အံတကြိတ်ကြိတ်ဖြစ်​နေ​တော့သည်။
 
“ငါ့ကိုသတ်ဖို့ Towerထဲ​​တောင် ဝင်ချလာ​သေးတယ်…..​ခေါင်း​ဆောင် ဒီကိုမလာနဲ့​တော့။ သူ့ကို​ခေါင်း​​​ဆောင် gankနိုင်မှာမဟုတ်ဘူး။ ​ခေါင်း​ဆောင်သာ ပြန်gankခံလိုက်ရရင် သွားပြီပဲ။ ငါ့ကို​တော့…..ဒီတစ်ပွဲမှာ ငါမပါဘူးလို့သာ သ​ဘောထားလိုက်​တော့”
 
“အင်း” လု​ပေါ်ယွမ်က​ပြောသည်။ “ရပါတယ်”
 
နှစ်မိနစ်အကြာ၌ ​ရှောင်ပိုင်နှင့်Pineက သူတို့လမ်းဆီ ဝင်​ရောက်လာသည်။ သို့​​သော် Pineမှာ minionတစ်​ကောင်ကို စားလိုက်ရုံရှိ​သေး Aurelion Solက သူတို့မျက်စိ​ရှေ့သို့ ဖင်လှုပ်လျက် ပျံသန်းလာပြန်သည်။
 
“မိုး​မေလင်း သူပြန်​ရောက်လာပြန်ပြီ!!”

||Complete|| I Can Do It [MM Translation]Where stories live. Discover now