အပိုင်း(၁၂၉)

2.5K 408 12
                                    

အပိုင်း(၁၂၉)

'အမှိုက်'

Livestreamထဲရှိ ကြည့်ရှုသူတိုင်းက ​ပေါ်ထွက်လာသည့် Leblanc၏ရုပ်ပုံကို မြင်သည်နှင့် အကြီးအကျယ် အားတက်သွားကြ​သည်။
 
“Leblanc! ​နွေဦးရာသီအစက​နေ အခုအချိန်အထိ ​ဒေတာ​တွေအရ Softရဲ့ Leblanc အနိုင်ရနှုန်းက--” ရှင်းလင်းတင်ဆက်သူက ခဏရပ်လိုက်ပြီးမှ ထိထိမိမိ ​ဟန်အပြည့်နှင့် ဆိုလာ​လေသည်။ “၁၀၀%အပြည့်ပါ”
 
ရှင်းလင်းတင်ဆက်သူBက ​ခေါင်းငြိမ့်လိုက်ပြီး “အမှန်ပဲ! အနိုင်ရနှုန်း ဒီ​လောက်မြင့်​နေရတဲ့ အ​ကြောင်းရင်းက ရာသီအလယ်​လောက်လည်း​ရောက်​ရော သူတို့ပြိုင်ဘက်​တွေက Leblancကို ​တောင်​လျှောက် Banထားတာ​ကြောင့် ဆို​ပေမယ့် ဒါကလည်း Softရဲ့Leblancက ကမ္ဘာ့အ​ကောင်းဆုံး​တွေထဲက တစ်ခု အပါအဝင်ဆိုတာ သက်​သေပြ​နေတာပါပဲ!”
 
ပွဲထဲရှိပရိသတ်​တွေက ​အော်ဟစ်အား​ပေး​နေကြချိန် Livestreamထဲရှိ Barrageထဲမှာ​တော့ ‘666’​တွေ ဝိုင်းမန့်​နေကြသလို ကိုရီးယားရှင်းလင်းတင်ဆက်သူ​တွေက သတိကြီးကြီးထားပြီး Leblancကို Banလိုက်သင့်​ကြောင်း ​ဝေဖန်​နေကြသည်။
 
တစ်ဖက်ရှိ TTC၏Voice Chatထဲမှာ​တော့--
 
လု​ပေါ်ယွမ်က Kindredကိုယူထားပြီး ယွမ်ချန်က Kennenကို ရထားသည့်​နောက် တင်း​ကောက ​ပြောလာသည်။ “​ရှေ့တန်းသမားလို​နေ​သေးတယ်။ နည်းနည်း ပိုတည်ငြိမ်သွား​အောင် Tankထဲက​ရွေးရ​အောင်။ ​ရှောင်ပိုင် အဆင်​ပြေလား?”
 
“ယူလိုက်” ​ရှောင်ပိုင်က အသံကိုသြလိုက်ပြီး ​ပြောလာ၏။ “ဘယ်ချန်ပီယံ​ပေး​ပေး အမြဲတမ်း Carry​ပေးနိုင်တယ်”
 
တင်းမာ​နေသည့်​လေထုက ​ရှောင်ပိုင်တစ်​ယောက် ပါးစပ်အဟမှာ ​ကြေမွ​သွား​လေပြီး အားလုံးက ​အော်ရယ်လာကြ​လေသည်။
 
ကျန်းရုန်က မျက်​မှောင်ကျုံ့သွားလျက် “ကျွမ့်ရိပိုင် မင်းက​ copy catလား?”
 
​ရှောင်ပိုင်က ​ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် “ဟုတ်ပါတယ်ဗျ~ မွ မွ”
 
ကျန်းရုန်က မျက်နှာ​သေနှင့်သာ။ “ဒါဆို Sonaနဲ့ မင်းCarry​ပေးတာကို ကြည့်ရ​အောင်”
 
Sonaဆိုသည်က Glass Cannon ညှို့ယူဆွဲ​ဆောင်သူ Supportဖြစ်ကာ လက်ရှိMeta၌ ​ဘေးထွက်​နေရသည့် ချန်ပီယံ ဖြစ်သည်။ သူမက မသန်မာ​ပေမယ့် မိန်းက​လေး ကစားသမား​အများအပြားက သူမကို သ​ဘောကျကြပြီး ​​​​နောက်တစ်မျိုးအ​ဖြစ် အရပ်သုံးစကားအ​ခေါ်အ​​ဝေါ် 36Eဟု လူသိများ​ပေသည်။
 
(T/N : 36E – Bra size အကိတ်ကြီး)
 
“မဖြစ်ဘူး” ​ရှောင်ပိုင်က အတည်​ပေါက်ကြီး ​ပြောချလာသည်။ “ငါက​တော့ ကိစ္စမရှိပါဘူး ဒါ​ပေမယ့် သိတဲ့အတိုင်း အဓိကပြဿနာက ငါ့မိသားစုက Pineပဲ။ ရင်နှစ်မွှာကိုများ အတိုင်းသား မြင်လိုက်ရရင် သူက ​မေ့လဲ​​ရော​လေ”
 
ကျန်းရုန် : “…………….”
 
ယွမ်ချန် : “ဟားဟားဟားဟား ​သေစမ်း”
 
Pine : “ဒီတစ်ပွဲ ကျွန်​တော် Soloသွားမယ်”
 
လု​ပေါ်ယွမ်က Rune​တွေကို ထိန်းညှိလိုက်ပြီး “တကယ်​မေ့လဲတာလား?”
 
Pine : “…..မဟုတ်ပါဘူး”
 
“သူ​မေ့လဲလား မလဲဘူးလား​တော့ မသိဘူး ​လောင်ကျစ်က​တော့ စင်​ပေါ်မှာ ​မေ့လဲ​တော့မယ်ကွ” တင်း​ကောတစ်​ယောက် သည်းမခံနိုင်​တော့​ပေ။ “လုပ် မြန်မြန်​ရွေး!!!”
 
အသင်းနှစ်သင်းလုံး၏ ချန်ပီယံ​တွေက အတည်ပြုသွား​ချေပြီ။ TTC၏ ဖွဲ့စည်းပုံက Kennen Kindred Leblanc Kalista Nautilus ။
 
HT၏ ဖွဲ့စည်းထားပုံက​တော့ Jax Jarvan IV Malzahar Jhin Leona ။
 
ရှင်းလင်းတင်ဆက်သူA : “HTက အလယ်လမ်းချန်ပီယံကို သူတို့ဘက်ကမ​ရွေးခင် TTCကို အရင်​ရွေး​စေချင်တာ အသိသာကြီးပါ။ Malzaharရဲ့ Passive skillက အဓိကShieldကို အသုံးပြုနိုင်​စေပြီး ဒီချန်ပီယံက Suppress​ရော Silence​ရော ရှိပါတယ်ဗျ။ တကယ်​တော့ Malzaharမှာ Leblancကို ချုပ်ချယ်နိုင်တာ​တွေ အများကြီးရှိတယ်။ ကြည့်ရတာ Soft​တော့ လမ်းထဲမှာ သတ်ဖို့ မလွယ်မယ့်ပုံပဲ”
 
ရှင်းလင်းတင်ဆက်သူBက ​ထောက်ခံသည့်အ​နေဖြင့် ​ခေါင်းငြိမ့်လိုက်သည်။ ခဏအကြာမှ တစ်ခုခုမှား​နေ​ကြောင်း သ​ဘော​ပေါက်​တော့၏။ “…..သတ်ဖို့မလွယ်ဘူး?”
 
ဒီရက်ပိုင်းအတွင်း ကျန်းရုန်၏ဂိမ်း​တွေအ​ပေါ် အလွန်အမင်း စူးစမ်းမိထားသည့် ရှင်းလင်းတင်ဆက်သူAမှာ ​ချောင်းအသာဟမ့်လိုက်ရသည်။ “လျှာခလုတ်တိုက်သွားတာပါ။ ​အားနာပါတယ်ဗျ။ Laneဖို့မလွယ်​လောက်ဘူး ​ပြောတာပါ”
 
“စကားမစပ်…..ဒီ​နေ့ မနက်၃နာရီ ၂၇မိနစ်မှာ Softက Livestreamထဲမှာ သူ​ပေးထားတဲ့ကတိကို တည်လိုက်ပါပြီ။ Challenger tierမှာ LP 1587ပွိုင့်နဲ့ ​အောင်​အောင်မြင်မြင်ပဲ ကိုရီးယားဆာဗာရဲ့ထိပ်ဆုံးကို တက်သွားနိုင်ပြီး လက်ရှိအတွက် နံပါတ်တစ် ကစားသမား ဖြစ်လာပါတယ်” ရှင်းလင်းတင်ဆက်သူCက အပြုံးတစ်ခုဖြင့် သူ့သတင်း​ကောင်းကို အဆုံးသတ်လိုက်၏။ ပြီး​နောက် သူက ဆက်​ပြောလာသည်။ “ဒီ​နေ့ Softရဲ့ ဒုတိယအကြိမ်​မြောက် ထိပ်ဆုံးတက်တာကို ​စောင့်စားကြရ​အောင်ပါ! LoLရဲ့ MSI​နောက်ဆုံးဗိုလ်လုပွဲစဥ်ရဲ့ ပထမဆုံးပြိုင်ပွဲက မကြာခင်မှာ စတင်​တော့မှာ ဖြစ်ပါတယ်!”
 
ရှင်းလင်းတင်ဆက်သူ ​ပြောပြီးပြီးချင်းမှာပဲ နည်းပြနှစ်​ယောက်က လက်ဆွဲနှုတ်ဆက်ကာ စင်​ပေါ်မှ ဆင်းသွားကြသည်။ ရှုပ်ယှက်ခတ်​နေသည့် မီး​ရောင်​တွေကြားတွင် ကင်မရာက ကစားသမား တစ်​ယောက်ချင်းစီကို အနီးကပ် ရိုက်ကူးပြလာသည်။ စခရင်​ကြီးပေါ်၌ ဂိမ်းစာမျက်နှာက ​ထွက်​ပေါ်လာပြီး ချန်ပီယံဆယ်ခုက အလိုလို Summoner’s Riftတွင် ​ပေါ်​ထွက်လာကာ အ​ခြေစိုက်စခန်းတွင် ​ပေါ်ထွက်လာမှု​ကြောင့် ဖြစ်ပွားလာသည့် ဂိမ်းထဲမှအသံတို့က အ​ဖော်ပြုလျက်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now