အပိုင်း(၁၀၈)

2.6K 379 15
                                    


လုပေါ်ယွမ်၏ တရပ်စပ် အမေးအဖြေတင်ဆက်မှုက နာရီဝက်တောင်မကြာလိုက်ဘဲ သတင်းသဲ့သဲ့ကြား၍ တိုက်ပွဲဝင်ဖို့လာသည့် တင်းကောထံမှ ဖြတ်တောက်ခံလိုက်ရသည်။

နောက်ဆုံးတော့ တင်းကော သဘောပေါက်သွားချေပြီ….လုပေါ်ယွမ်က အပေါ်ယံမှာ သူ့အချစ်အကြောင်းကို လူထုထံထုတ်မပြဘူးဟု ပြောထားပေမယ့် အခြေခံအုတ်မြစ်ကို အခြေခိုင်သွားအောင် အရင်လုပ်နေခြင်းပင်။

ပထမဆုံး သူချစ်သူရနေပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး အခုတော့ လိုက်ပိုးသူက သူဖြစ်ကြောင်းအပြင် နှစ်ယောက်လုံး၏အလုပ်ကို သက်ရောက်မှုမရှိကြောင်း အသားပေး ဖြေရှင်းခဲ့သည်…..

တင်းကောက စင်္ကြံဆီ လုပေါ်ယွမ်ကိုခေါ်ထုတ်လာကာ သူ့အတွေးအားလုံးကို စကားတစ်ကြောင်းတည်းအဖြစ် ချုံ့လိုက်ပြီး ပြောလိုက်သည်။

“သခင်လေး မင်းဗီရိုထဲကထွက်ဖို့ စီစဥ်ထားရင် ကျွန်တော်မျိုးကြီးကို အရင်ဆုံး အသိပေးလို့မရဘူးလား? အနည်းဆုံးတော့ PRဌာနကို သူတို့တွေ သေမင်းတံခါးဝရှေ့မှာ ရုန်းကန်ရတော့မယ့်အကြောင်း ငါ့ကို သတင်းပို့ခွင့်လေး ပေးပါကွာ….”

“မလိုပါဘူး” လုပေါ်ယွမ်က ဖုန်းကိုကြည့်လိုက်ပြီး “ဒီနေ့လည် လေ့ကျင့်ရေးပွဲစမှာ ဘယ်အချိန်လဲ?”

အခြားအကြိုဗိုလ်လုပွဲက ယနေ့တွင် ကျင်းပနေခြင်းဖြစ်သည်။ PUDနင့် ယခုနှစ်၏ ‘မြင်းနက်လေး’ KUGတို့ ထိပ်တိုက်တွေ့သည့်ပွဲ။

(T/N : မြင်းနက်-မထင်မှတ်ထားဘဲ အောင်မြင်သွားသူ)

အနိုင်ရသူက နွေဦးရာသီဗိုလ်လုပွဲစဥ်တွင် TTC၏ပြိုင်ဘက်ဖြစ်လာမည်ဖြစ်ပြီး သူတို့နှင့်အတူ ပြိုင်ပွဲစင်ပေါ်တွင် ရပ်တည်ရပေလိမ့်မည်။

ညနေ၆နာရီ၃၀မိနစ်၌ TTC၏ကော်ဖီစားပွဲထက်တွင် ဟင်းပွဲတွေနှင့် ပြည့်နှက်နေလျက် အစားထိုးကစားသမားနှစ်ယောက် အပါအဝင် အသင်းတစ်ခုလုံးက တီဗွီရှေ့တွင်ထိုင်ရင်း ဒီအချက်အချာပွဲစဥ်ကိုကြည့်ရန် စောင့်နေကြသည်။

ယွမ်ချန်က ပါးစပ်ထဲ စားစရာတွေကိုထည့်လိုက်ရင်း မေးလာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now