အပိုင်း(၂၈)

5.1K 702 26
                                    


[Unicode]

Stalker

နောက်တစ်နေ့မှာတော့ ကျန်းရုန် အိပ်ရာထနောက်ကျလေသည်။

သူလေ့ကျင့်ရေးအခန်းထဲကို ရောက်လာချိန်၌ လူတိုင်းကကိုယ့်ထိုင်ခုံမှာကိုယ် အသီးသီးထိုင်နေကြ၏။ အခုဆိုလျှင် အနားပေးထားသည့်ကာလကလည်း ပြီးဆုံးသွားပြီမို့ အသင်းတွေအားလုံးက လေ့ကျင့်ရေးပြန်စနေကြပြီဖြစ်သည်။

"ကျန်းရုန် ငါ့ကိုရှင်းပြပါဦး!" ရှောင်ပိုင်ကPineနှင့် duo qနေသည်ဖြစ်ပြီး အခန်းထဲကို ကျန်းရုန်ဝင်လာတာမြင်သည်နှင့် နောက်လှည့်မကြည့်ပဲ ပြောလာသည်။ "ငါတို့သုံးယောက်ရဲ့ပိုစ့်တွေကျ ကွန်မန့်,မန့်ရင်မန့် မဟုတ်ရင် Likeပဲပေးသွားတာ ဘာလို့ငါ့ကောရဲ့ပိုစ့်ကျ Likeရော Commentရော Repostရော လုပ်သွားတာလဲ?!"

ကျန်းရုန်က အိပ်ချင်စိတ်မပျောက်သေးပေ။ သူသူ့ရဲ့ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ကွန်ပျူတာဖွင့်နေရင်း မနက်စာအနေနဲ့ ပေါင်မုန့်တစ်ကိုက်ကိုက်လိုက်၏။ "မေ့သွားလို့"

ရှောင်ပိုင်ကတော့ ထုံးစံအတိုင်း ရှေ့နောက်မစဉ်းစားပဲ လွှတ်ခနဲပြောချလိုက်ပြန်သည်။ "ဒီလိုကိစ္စကိုတောင် စောက်ကျိုးနည်းမေ့နိုင်တယ်‌ပေါ့?!"

ကျန်းရုန် သူ့လေသံအတိုင်းလိုက်တုပြီး ပြန်ခံပက်လိုက်၏။ "မင်းတောင် ပိုစ့်အမှားကြီးကို စောက်ကျိုးနည်းမှားပြီး Repostသေးတယ်မလား?"

"......." ရှောင်ပိုင်လည်း သူ့အမှားဆိုတာသိတာမို့ လေသံဖျော့လေးနဲ့ ပြောလိုက်သည်။ "ငါလည်းတမင်လုပ်တာမဟုတ်ဘူးလေ အဲ့ကိစ္စကြောင့် ငါတင်းကောဆီကနေလည်း တစ်ညလုံးအဆူခံရပြီးပြီ"

ကျန်းရုန် ခေါင်းတစ်ငြိမ့်ငြိမ်နှင့် "မင်းနဲ့တန်တယ်"

ကျန်းရုန်ထိုသို့ပြောလိုက်သော်ငြား လက်တွေ့မှာတော့ အခြားသူတွေရဲ့ပိုစ့်တွေကိုလည်း သူRepostလုပ်‌ပေးလိုက်ပါသည်။

သူတကယ်ကို ခွဲခြားဆက်ဆံတာမျိုးမဟုတ်ပေ။ အဲ့တာကဒီတိုင်း လုပေါယွမ်က သူ့ကိုmentionထားတာမြင်လိုက်သည်နှင့် သူတောင်မသိလိုက်ပဲ သူ့လက်တွေကသူ့ဘာသာ Repostပြီးနေပြီဖြစ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now