အပိုင်း(၈၂)

4.2K 819 82
                                    

(Unicode)

XIUက​တော့ ကျန်းရုန် တစ်လုံးဆိုတစ်လုံးမှ နားမလည်နိုင်သည့်သီချင်းကို ဆက်ဆို​နေဆဲ။
 
တင်း​ကောကိုအဆင်သင့်စာပြန်နိုင်အောင် တစ်ချိန်လုံး လက်ထဲကိုင်ထားသည့်ဖုန်းမှာလည်း ​နောက်ထပ်အားနည်းနည်းသာထပ်ထည့်ပါက နှစ်ခြမ်းကွဲသွား​တော့မည့်အလား။
 
-ငါ​တော့​ဖော်ထုတ်ခံလိုက်ရပြီ။
 
ထိုအ​တွေး​ပေါ်ထွက်လာသည့်အခိုက် ကျန်းရုန်မှာ ကိုယ်တိုင်ပင် ထိတ်လန့်သွားသည်။
 
XIU၏ ​ဘေးအခန်းကပင်ကြားနိုင်ပြီး ဓါးတရမ်းရမ်းအလုပ်ခံရနိုင်​သော “ဖုတ် ဖုတ် ဖုတ် ဖုတ်လိုက် ဖုတ်လိုက်” ဆိုသည့် အသံကျယ်ကြီးကို ထပ်ကြားလိုက်ရမှပင် ကျန်းရုန် အ​တွေးနွံထဲက ထွက်လာနိုင်​တော့သည်။
 
ကျန်းရုန် ​မေးကြည့်လိုက်သည်။
 
“….ဘာလို့​မေးတာလဲ”
 
ကျန်းရုန်၏မလုံမလဲစိတ်တို့က အထွတ်အထိပ်ကို​​ရောက်ရှိ​နေပြီဖြစ်ရာ စကား​ပြော​နေရင်း ဆက်တိုက်ဆိုသလို မျက်​​​တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်​နေမိ​သည်။
 
လု​ပေါ်ယွမ်က သူ​ပြောသည်ကိုမကြား​ပေ။ သူက ​ကျန်းရုန်ဘက်ကို ​​​ခေါင်းနည်းနည်းတိုးလာပြီး ​နောက်တစ်​ခေါက်ပြန်​ပြောရန် ညွှန်ပြလာသည်။
 
လု​ပေါ်ယွမ်ဆီမှယမကာအနံ့က ကျန်းရုန်ကို ရိုက်ခတ်​နေလျက် ​ဆေးလိပ်အနံ့ကပါ ​ရောယှက်လာ​တော့ ရင်ခုန်​စေသည့်ရနံ့အဖြစ်သို့ ကူး​ပြောင်းသွား​တော့သည်။
 
ကျန်းရုန် လုံးလုံးလျားလျား ​အေးခဲသွားပြီး မလှုပ်ရှားနိုင်​တော့။
 
“ကျွန်​တော်​ပြောတာ…..ဘာလို့​မေးတာလဲလို့။ ဟို ဟိုဟာ….တင်း​ကောမှတ်တမ်းတင်ဖို့ လိုလို့လား? ကျွန်​​တော် အ​စောကြီးရည်စားထားမှာ စိုးလို့​လေ?”
 
သူ​ပြောပြီးသွားသည့်​နောက် လု​ပေါ်ယွမ်၏သြရှပြီးတိုးလျ​​သော ခပ်ဟဟရယ်သံက XIU၏ကီးလွဲ​နေသည့်Rapရွတ်သံကို ဖိနှိပ်​ကျော်ဖြတ်ပြီး ကျန်းရုန်၏နားထဲသို့ ​ရောက်ရှိလာသည်။
 
ထိုနီးကပ်​နေသည့်အကွာအ​ဝေးကို ဆက်လက်ထိန်းသိမ်းထားလျက် လု​ပေါ်ယွမ်က ​မျက်နှာ​​မော့လိုက်ကာ ကျန်းရုန်၏နားနားသို့ ကပ်​ပြောလာခဲ့​သည်။
 
“သိချင်တဲ့သူကကိုယ်ပါ”
 
သူကဆက်​ပြောလာသည်။
 
“မင်းက၁၈နှစ်ပြည့်ပြီးသွားပြီ​လေ။ အ​စောကြီးရည်းစားထားတယ်လို့ ​ပြောလို့မရ​တော့ဘူး”
 
ခွက်ခနဲ ကျန်းရုန်၏ဦး​နှောက်မှာ ကျကွဲသွား​ပေမယ့် သူ့Livestreamမှအုပ်စုကို​တော့ ကျိန်ဆဲရန် မ​မေ့ခဲ့ပါ​ချေ။ “သား​လေးမင်းကငယ်​သေးတယ် အ​စောကြီးရည်းစားမထားနဲ့​နော် ဘဝတက်လမ်းကိုထိခိုက်မယ်ကွ” စသဖြင့် သူ့ကို အမျိုးအမျိုးအဖုံဖုံ ဦး​နှောက်​ဆေး​နေကြသည်​များကြောင့် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာရသည်မလား။
 
ကျန်းရုန်က ရုပ်ရည်ပုံစံ​ကြောင့် မကြာခဏဆိုသလို “လိင်တူကြိုက်သူ”ဟု အ​ခေါ်ခံရတတ်ပြီး အ​ခေါ်ခံရချိန်တိုင်း “ငါကမင်းအ​ဖေ​လေ”ဟု မဆိုင်းမတွ ပြန်​​ပြော​ပေးတတ်သူပင်။
 
သို့​သော်လည်း အခုချိန်မှာ​​တော့ အငြင်းစကားတစ်ခွန်းမှ မဆိုနိုင်သလို ​ဆောက်တည်ရာမရပင် ဖြစ်​နေ​သေးသည်။ ‘ရင်မခုန်​ကြေးဗီဒီယို’ကို ကြည့်ချိန်တုန်းက လု​ပေါ်ယွမ်ကိုခိုးကြည့်​နေသည်အား လက်ပူးလက်ကြပ်မိတုန်းကလို ခံစားချက်မျိုးက တစ်​ကျော့ပြန်​ပေါ်လာ​ပေသည်။
 
အဲဒီအချိန်တုန်းက ခိုးကြည့်မိတာကို လူမိသွားခြင်းဖြစ်သည်။
 
ဒီတစ်​ခေါက်က​တော့ ဘယ်လို​ပြောရမလဲ? ဒီတစ်ကြိမ်မှာ​တော့ သူဘာမှမလုပ်မိ​ပေမယ့် လု​ပေါ်ယွမ်ကသူ့ကို ​ကော်လာက​နေဖမ်းကိုင်ထားသလို ခံစား​နေရသည်…..
 
လု​ပေါ်ယွမ်က သူ့လက်ထဲမှခွက်ကို စားပွဲ​​ပေါ်ချလိုက်သည်။ ဒီအပြုအမူက အလွန်အမင်းကို သာမန်ဆန်​သော်လည်း လိပ်ပြာမလုံသည့်သူ၏ မျက်လုံးထဲမှာ​တော့ သူ့ကို မြန်မြန်​ပြောရန် တွန်းအား​ပေး​နေသလို ထင်မြင်သွားသည်။
 
ရလဒ်က​တော့ ကျန်းရုန်မှာ ပို၍ပင်ပျာယာခတ်လာပြီး အရှင်းအပ်စပ်မှုမရှိ​​​သော မဆီမဆိုင်စကား​တွေကို ​ပြောချလိုက်​လေသည်။
 
“ဘာလို့​မေးတာလဲ? ​ဂေး​တွေအ​ပေါ်ခွဲခြားဆက်ဆံတာလား?”
 
နှစ်စက္ကန့်​လောက်ကြာသွားပြီးမှ ကျန်းရုန် တစ်ကိုယ်တည်း ​တွေးလိုက်မိသည်။
 
// ဘယ်လို​ပေါက်တတ်ကရအဓိပ္ပါယ်မရှိတဲ့​မေးခွန်းမျိုးကို ​မေးလိုက်မိပါလိမ့်။ အပြစ်ဒဏ်အ​နေနဲ့ ကိုယ့်ဘာသာ သုံးချက်ရိုက်လိုက်ပါ့မယ် //
 
လု​ပေါ်ယွမ်၏ အနည်းငယ်​​ကြောင်အမ်းသွားပုံကို မြင်လိုက်ရ​တော့ ဒီပြဿနာကို​ဖြေရှင်းဖို့ သုံးချက်ကပင် မလုံ​လောက်​သေးဘူးဟု ကျန်းရုန် ခံစားလိုက်ရသည်။
 
လု​ပေါ်ယွမ်က ခဏ​လောက် အံ့အားသင့်သွားခဲ့​သည်မှာ မှန်​​သော်လည်း သူက အလျင်အမြန်ပင် အမူအရာကို ပြန်ထိန်းချုပ်လိုက်သည်။
 
သူက​ပြောလာသည်။
 
“ကိုယ့်ဘာသာပြန်ခွဲခြားဆက်ဆံရမှာလား?”
 
ကျန်းရုန် : “……………………”
 
​နေဦး ​နေဦး
 
သူ​ပြောတာကို​သေချာမကြားလိုက်သလိုပဲ
 
​သေချာ​ပေါက်နားကြားလွဲတာ​နေမယ် မဟုတ်မှ တစ်ခုခုနားလည်မှုလွဲတာများလား
 
ကျန်းရုန် တိုးတိုး​လေး ပြန်​မေးကြည့်လိုက်သည်။
 
“…..ဘာ​ပြောလိုက်တာ?”
 
ကျန်းရုန်၏စကားသံတိုးတိုးမှာ XIU၏အသံ​​အောက်တွင် ​ပျောက်​ပျောက်သွားပြီး လု​ပေါ်ယွမ်ပင် မျက်​မှောင်ကျုံ့လာ​တော့သည်။
 
ကျန်းရုန်လည်း အသံကိုပိုကျယ်လိုက်ပြီး ထပ်​မေးလိုက်သည်။
 
“ခုဏကဘာ​ပြောလိုက်တာ…..”
 
သူစကား​ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သီချင်းသံကလည်းပိတ်သွားပြီး ကျန်းရုန်နှင့်သိပ်မ​ဝေးသည့်​နေရာမှ ​ကောင်မ​လေးတစ်​ယောက်က ကွက်တိဆိုသလို မိုက်ခ်ကိုဖွင့်လိုက်သည်။
 
“ခုဏက….
 
ဘာ​ပြော….
 
​ပြော…..”
 
ကျန်းရုန်၏အသံမှာ သီးသန့်အခန်းထဲ ပဲ့တင်ထပ်သွား​လေသည်။
 
အခန်းထဲရှိလူတိုင်းက သူ့ကိုလှမ်းကြည့်လာကြသည်။ ကျန်းရုန်မှာ လု​ပေါ်ယွမ်၏​ဘေးတစ်​စောင်းပုံရိပ်ကို ​ငေးကြည့်​နေရင်း ဒီKTVကပြန်သည်နှင့် ဟွမ်ဖူမြစ်ဆီ တက်စီငှားကာ သွား​တော့မည်ဟု ဆုံးဖြတ်လိုက်​တော့သည်။
 
ခွင့်ပြုချက်မရှိဘဲ သီချင်းကိုပိတ်လိုက်သည့်UUက ပထမဦးဆုံး ဣ​​န္ဒြေပြန်ဆည်သွားသူပင်။ သူက မိုက်ခ်Stand​ဘေးနားကသူကို လှမ်းဆဲလိုက်သည်။
 
“သူများ​​တွေနားလည်နိုင်မယ့်သီချင်းပဲ ဆိုလို့မရဘူးလား?”
 
XIUကမိုက်ခ်ကိုကိုင်ထားလျက်ဖြင့်
 
“….မင်းဘာသိလို့လဲ။ ဒါကိုhip hopလို့​ခေါ်တယ်ကွ!!!”
 
“ဘာ​တွေ​စောက်ရမ်းhype​နေတာလဲ။ သူများ​တွေRapရွတ်ရင် အဲ့တာhip hop မင်းဟာကစာကျက်​နေတဲ့အတိုင်းပဲ။ အသံထွက်​တောင်လွဲ​နေပြီး​တော့”
 
XIUက ပွစိပွစိ​ပြောရင်း မိုက်ခ်ကိုချသွားသည်။ သိပ်မကြာခင်မှာပဲ ခပ်​အေး​အေးသီချင်းတစ်ပုဒ်ကို ​ပြောင်းဖွင့်လိုက်ပြီး လူတိုင်းမှာ အခုမှပင် နားဒုက္ခ​​ဘေးမှ လွတ်​မြောက်သွား​တော့သည်။
 
ထိုလူတိုင်းဆိုသည့်အထဲတွင် ကျန်းရုန်​တော့မပါ​ချေ။
 
အခုအချိန်တွင် တစ်​​ယောက်​ယောက်သာ သူ့နားရွက်ကြားထဲသို့ စီးကရက်တစ်လိပ် လာထားပါက မီးထ​တောက်​လောက်မည့် အ​နေအထားသို့ ​ရောက်​နေ​ပေသည်။
 
XIUက သူတို့ဆီ​လျှောက်လာရင်း UUကိုပါ လည်ပင်းဖက်လျက် ဆွဲ​ခေါ်လာသည်။ ပါးစပ်ကလည်း မ​ကျေမနပ်နှင့် တစ်ဗျစ်​တောက်​တောက်​ပြော​နေဆဲ။
 
“​ခွေးသား ငါသတိထားမိတာကြာပြီ။ မင်းနဲ့​တွေ့တိုင်း သီချင်းလည်း​ကောင်း​ကောင်းမဆိုရ စကားလည်း​ကောင်း​ကောင်းမ​ပြောရနဲ့။ ဒီညမင်းကိုအ​သေမူး​အောင်မတိုက်နိုင်ရင် ​နောက်ထပ်လာမယ့်ငါ့ပြိုင်ပွဲမှာ အာရုံစိုက်နိုင်မှာမဟုတ်ဘူး”
 
XIUနှင့်UUတို့နှစ်​ယောက် သူတို့ဆီ​ရောက်မလာခင် လု​ပေါ်ယွမ်က အ​စောပိုင်းကစကားလုံး​တွေကို ပိုပြီးတိကျပြတ်သားစွာဖြင့် ထပ်​ပြောလာခဲ့သည်။
 
“ကိုယ်​ယောကျာ်း​တွေကိုကြိုက်တယ်လို့​​ပြောတာ”
 
သူကဆက်​ပြောသည်။
 
“အခုချိန်မှာ​​ပေါ့”
 
ကျန်းရုန်တစ်​ယောက် အံ့သြမှင်သပ်​နေရာမှ ပြန်ရုန်းမထွက်နိုင်​သေးခင် XIUက လု​ပေါ်ယွမ်​ဘေးရှိ ထိုင်ခုံပု​လေးပေါ်တွင် ထိုင်ချလိုက်သည်။
 
XIUကအရက်တစ်ခွက်ငှဲ့လိုက်ပြီး
 
“ခု​ဏကတုန်းက ငါဟိုက​နေလှမ်းကြည့်​တော့ မင်းတို့နှစ်​ယောက်နမ်း​နေတယ်ထင်သွားတာ”
 
ကျန်းရုန် : “………..”
 
UU : “?”
 
လု​ပေါ်ယွမ်က နဂိုပုံစံအတိုင်း ​ကိုယ်ကို​​နောက်ပြန်ဆုတ်သွားသည်။
 
သို့​​သော်လည်း တစ်​ယောက်နှင့်တစ်​ယောက် အလွန်နီး​နေဆဲဟု ကျန်းရုန်ခံစား​နေရသည်။ သူ့ရင်ခုန်သံ​တွေကို လု​ပေါ်ယွမ်ကြားသွားမှာစိုးသည်​ကြောင့် သူ့ရင်ဘတ်​ပေါ်ရှိကုတ်ကိုပါ အလိုအ​လျောက် ဆွဲစိ​နေမိ​လေသည်။
 
UUကလှမ်းစ,သည်။
 
“ရူး​နေလား။ ​ယောကျာ်းကြီးနှစ်​ယောက်က ဘယ်လိုနမ်းမှာလဲ?”
 
တစ်စုံတစ်ရာအား မ​တော်တဆ ထုတ်​ပြောမိသည်ကို နားလည်သွားသည်နှင့် XIUက လည်​ချောင်းရှင်းလိုက်ပြီး
 
“ဘာလို့နမ်းမရမှာလဲ? မင်းကဘိုး​တော်ဘုရား​ခေတ်ကလူလား? ကိတ်ကလည်းဘာလို့မ​ရောက်​သေးပါလိမ့် ​စောင့်​နေရတာတစ်သက်​လောက်ရှိပြီ”
 
“ဧည့်သည်များတဲ့ပိတ်ရက်​လေကွာ။ ဝိတ်တာလာဖို့​တောင်မနည်း​စောင့်လိုက်ရတာ။ နည်းနည်း​စောင့်လိုက်ဦး။ ဘာ​တွေ​လော​နေတာလဲ?”
 
UUက လု​ပေါ်ယွမ်၏​နောက်ကလူကို ပြုံးပြလာသည်။
 
“Soft ကိုယ့်ကိုကိုယ်ထိန်းမထားနဲ့။ အရက်မ​သောက်နိုင်ရင် သီချင်းဆို​လေ။ သွား သီချင်းတစ်ပုဒ်သွား​ရွေး တန်းစီစရာမလိုဘူး”
 
အခန်းထဲကအလင်း​ရောင်က မှုန်ပျပျဖြစ်​နေ၍သာ ​တော်​​တော့သည်။
 
ကျန်းရုန် ​ခေါင်းငုံ့ကာ မျက်နှာကိုဝှက်ထားရင်း ဝိုးတဝါး ပြန်​ဖြေလိုက်၏။
 
“​တော်ပြီ သီချင်းမဆိုတတ်ဘူး”
 
UUက မျက်ခုံးပင့်သွားသည်။
 
“မင်းstreamerမဟုတ်ဘူးလား? သီချင်းမဆိုတတ်ဘူး​ပေါ့?”
 
“သူ့Livestreamမှာက ပရိသတ်ပိုများ​အောင် သီချင်းဆိုပြစရာမှမလိုတာ”
 
XIUကUUခွက်ထဲကို အရက်အပြည့်ငှဲ့​ပေးလိုက်ပြီး
 
“​လျှောက်​မွှေမ​နေနဲ့​တော့။ ​သောက်စရာရှိ​သောက်”
 
လု​ပေါ်ယွမ်၏ခွက်သည်လည်း အပြည့်ဖြည့်ခံလိုက်ရသည်။ သူက ဘာမှမ​ပြောဘဲ ခွက်ကိုကိုင်လိုက်ကာ XIU၏ခွက်နှင့် တိုက်လိုက်သည်။
 
​ခေါင်းငုံ့လျက်သားနှင့်ပင် ကျန်းရုန် အလျင်အမြန် စိတ်ပြန်ငြိမ်သွားသည်။
 
လု​ပေါ်ယွမ်သာ ​ယောကျာ်း​တွေကိုကြိုက်တယ်ဆို…...ဘယ်သူ့ကိုကြိုက်တာလဲ။
 
စစချင်းမှာ​တော့ ကျန်းရုန် သူကိုယ်တိုင်ဟု ထင်သွားသည်။
 
သို့​သော်လည်း ဆိုဖာ​ပေါ်မှီကာ စကား​တွေမလိုအပ်ဘဲ တစ်​ယောက်နှင့်တစ်​ယောက် အထာနပ်စွာဖြင့် XIUနှင့်ခွက်ချင်းတိုက်​နေ​သော လု​ပေါ်ယွမ်ကို မြင်ပြီးသည့်​နောက်….သူ​အ​တွေးလွန်​နေသလို ခံစားလိုက်ရသည်။
 
သူတို့​လောက၏အားလုံးနီးပါးက ​ယောကျာ်း​လေး​တွေဖြစ်သည်။ အသစ်ဝင်လာသူ​တွေ၊ သင်တန်းသား​တွေသာမက သူတို့အသင်း၏အစားထိုးJunglerသည်ပင် လု​ပေါ်ယွမ်၏ပရိသတ်​ပင်။ LPL၏ ​နာမည်ကြီးကစားသမား​တွေနှင့်လည်း လု​ပေါ်ယွမ်က ရင်းနှီးပြီး သူနှင့်တွဲဖက်ကစားချင်သည့် အနုပညာရှင်တစ်ချို့ပင် ရှိသည်။
 
သူတို့​​တွေထဲကမည်သူ့ကိုမဆို လု​ပေါ်ယွမ် သ​​ဘောကျနိုင်သည်။
 
ပြီး​တော့ အရက်​တွေလည်း​သောက်ထားပြီး မူး​နေပုံလည်းရတာမို့ ရုတ်တရက် ကျန်းရုန်ဆီ သူ့လိင်တိမ်းညွှတ်မှုကို ဖွင့်​ပြောမိသွားသည်က မထူးဆန်း​ပေ။
 
ကျန်းရုန်၏နှလုံးခုန်သံ​တွေက မြန်​နေဆဲဆို​ပေမယ့် သူ့အမူအရာက​တော့ ပြန်လည်တည်ငြိမ်သွား​ချေပြီ။ လု​ပေါ်ယွမ်က XIUနှင့်စကား​ပြော​နေသည့်အချက်ကို အခွင့်​ကောင်းယူလိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။
 
XIUက စကားလမ်း​ကြောင်းဦးတည်ရာကို ​ပြောင်းသွားသည်။
 
“​သြော် ဟုတ်သား….ပြီးခဲ့တဲ့အပတ်က ငါတို့ပြိုင်ပွဲပြီးသွား​တော့ Saviorက မင်းရဲ့Mid Lanerအ​​ကြောင်း ​တောက်​လျှောက်​ပြော​နေတာ”
 
သူ့အသံကမကျယ်​ပေ။ သို့​သော် လက်ရှိဖွင့်ထားသည့်သီချင်းက တိုး​​ဖျော့​ဖျော့မို့ ကျန်းရုန် သူ​ပြောသည်ကို ကြားနိုင်​သေးသည်။
 
​လေး​လေးနက်နက် ဆင်ခြင်သုံးသပ်မှု​တွေကြားတွင် ကျန်းရုန် သူ့စကား​တွေကို နားမ​ထောင်အားသည်မို့ XIUက ‘မင်းရဲ့Mid Laner’ဟု ​ရွေးချယ်သုံးနှုန်းလိုက်သည်အား မကြားလိုက်ရှာ​ပေ။
 
လု​ပေါ်ယွမ်က သူ့အရက်ခွက်မှ တစ်ငုံ​သောက်လိုက်သည်။
 
“ဘာ​တွေ​ပြောတာလဲ?”
 
“​နောက်တစ်​ခေါက်ကျရင် ကျန်းရုန်ကို Midမှာ​သေချာ​ပေါက်နိုင်မယ်လို့ ​​ပြော​နေတာပဲ”
 
XIUက​တော့ ကျန်းရုန်ဆီမှ သ​ရော်သံ​တွေကို လက်ခံရရှိဖို့ ကြိုတင်ပြင်ဆင်ပြီးသွား​​ချေပြီ။ သို့​​သော်လည်း သူမ​မျှော်လင့်ထားသည်က သူတို့စကားဝိုင်းမှအဓိကဇာတ်​ဆောင်မှာ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ အ​ဝေးကို​ငေး​ကြောင်​ကြောင်ကြည့်​နေပြီး ယုတ်စွအဆုံး နှာမှုတ်သံ​လေးတစ်ချက်ပင် ​ပေးမလာခဲ့။
 
“စိတ်ကူးယဥ်​နေပြန်ပြီ”
 
XIUက အံ့အားသင့်သွားပြီး လု​ပေါ်ယွမ်ကို ကြည့်လာသည်။
 
“ဘာ​ပြောတာ?”
 
အခန်းတံခါးကပွင့်သွားသည်။​ဘောလုံးနှစ်လုံးချည်ထားသည့် တွန်းလှည်း​ပေါ်တွင် ကိတ်မုန့်ကိုတင်ထားပြီး ဝန်ထမ်းတစ်​ယောက်က တွန်းလှည်းကိုတွန်းကာဖြင့် ဝင်လာသည်။
 
“Playoffsထိ​​စောင့်လိုက်ဦး”
 
လု​ပေါ်ယွမ်က သူ့ကိုပုခုံးပုတ်လိုက်ပြီး
 
“ဖ​​ယောင်းတိုင်သွားမှုတ်လို့ရပြီ”
 
XIU : “…….”
 
​သောက်ကျိုးနည်း။ မသိရင် ပုခုံးပုတ်လိုက်ပုံက ‘သားကြီး မင်းရဲ့​နောက်ဆုံးခရီးမတိုင်ခင် ဒါ​နောက်ဆုံး​ကျွေးနိုင်တဲ့တစ်နပ်ကွာ’လို့ ​ပြော​နေသလိုပဲ။
 
ဖ​ယောင်းတိုင်​တွေကိုမှုတ်ပြီး​နောက် ကျန်းရုန်လည်း ကိတ်တစ်ပိုင်းရလိုက်သည်။ ခရင်မ်​ပေါ်က ချယ်ရီသီး​​လေးကိုစားလိုက်ပြီး ကျန်သည့်ကိတ်ကို​တော့ လုံးဝမထိပါ​ချေ။
 
လု​​ပေါ်ယွမ်နှင့်UU​တို့​​ပြော​နေသမျှ အတိတ်အ​ကြောင်း​တွေကိုသာ ငြိမ်နား​ထောင်​နေပြီး သတင်းအသစ်​တွေကို မှတ်သား​နေလိုက်သည်။
 
အခန်းတစ်ခုလုံးက အနားယူထားသည့်ကစားသမား​တွေနှင့် ပြည့်နှက်​နေကာ လု​ပေါ်ယွမ်နှင့်XIUကလွဲလျှင် အခြားသူများက အနားယူသွားကြပြီပင်။ သူတို့​တွေက ပြိုင်ပွဲနယ်ပယ်ကိုမ​ရောက်ခင်ကတည်းက သိလာကြသူ​တွေဖြစ်ပြီး တရားမဝင်အင်တာနက်ဆိုင်​တွေမှာ အတူတူကစားလာကြသူများ ဖြစ်သည်။ ထိုအချိန်တုန်းက လု​ပေါ်ယွမ်နှင့်သူ့အ​ဖေက ပြဿနာတတ်​နေသည်​ကြောင့် လု​ပေါ်ယွမ်က အင်တာနက်ဆိုင်တွင်သာ ​နေသည်ဟု​ပြောရမည်….
 
အံ့သြထိတ်လန့်စွာဖြင့် ကျန်းရုန်တစ်​ယောက် ချက်ချင်း အ​တွေးနွံထဲက ထွက်လာ​တော့သည်။
 
UUက​တော့ အတိတ်အ​ကြောင်း​တွေကို ပြန်​ပြောပြ​နေဆဲ။
 
“​နေ့တိုင်း အိပ်ဖို့ငါအိမ်ပြန်ရင် သူက အင်တာနက်ဆိုင်မှာ Rankကစား​​နေတုန်း။ ငါနိုးလာရင်လည်း အင်တာနက်ဆိုင်မှာ Rankကစား​နေတုန်းပဲ။ မင်းနဲ့ဟိုခိုးခိုးပြီးစာလုပ်တဲ့ ထိပ်ဆုံး​ကျောင်းသား​တွေနဲ့ ဘာများကွာ​တော့လို့လဲ?”
 
လု​ပေါ်ယွမ်က ဝင်ခနဲ့သည်။
 
“ငါသာခိုးပြီး​လေ့ကျင့်ချင်တယ်ဆို မင်းရှာ​တွေ့မယ်များထင်​နေတာလား?”
 
“စကားမစပ် အဲဒီတုန်းက သူ့အ​ဖေသူ့ကို အင်တာနက်ဆိုင်မှာလာလာရှာရင် ဝတ်စုံပြည့်​တွေနဲ့လူ​တွေကိုလည်း ​ခေါ်​ခေါ်လာတာ​လေ။ ငါ​ဆို​ကြောက်လိုက်တာမှ”
 
“ဟုတ်ပ ငါမှတ်မိပြီ။ အဲဒီအင်တာနက်ဆိုင်​သေး​သေး​လေး​ရှေ့မှာ ​စျေးကြီးကြီးကား​တွေအတန်းလိုက်ကြီး ရပ်ထားတာ​လေ။ လမ်းသွားလမ်းလာ​တွေဆို ရပ်ရပ်ပြီးပါကြည့်ကြတာ!”
 
“ငါ့မိသားစုရဲ့စီးပွား​ရေးအ​ခြေအ​​နေသာ ဒီလိုဆိုရင် ငါ​တော့ဂိမ်းကစားမ​နေ​တော့ဘူး….”
 
ကျန်းရုန်မှာ​တော့ ဆက်နား​ထောင်​လေ​လေ ထိတ်လန့်​လာလေ​​လေ ဖြစ်​နေ​တော့သည်။
 
လု​ပေါ်ယွမ်၏မိသားစု ချမ်းသာသည်ကို​တော့ သူသိသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ပါပါးလု​ရော မာမားလုနှစ်​ယောက်လုံးက ပညာတတ်လူချမ်းသာ​တွေမှန်း သိသာ​ပေသည်။ ဒါ​​ပေမယ့်…..လု​ပေါ်ယွမ်က အိမ်​ပေါ်ကဆင်းဖူးတာလား?
 
သူ ​ခေါင်းငုံ့လျက်နား​ထောင်​နေတုန်း ခရင်မ်​​ပေ​နေသည့်ချယ်ရီသီးတစ်လုံးက သူ့ကိတ်မုန့်​ပေါ် ​ရောက်ရှိလာသည်။
 
လု​ပေါ်ယွမ်က သူ့သူငယ်ချင်း​​တွေနှင့် ဆက်လက်စကား​ပြော​နေသည်။ သူ့ချယ်ရီသီးကို​ပေးလိုက်ပြီး​နောက် ကိတ်မုန့်ကိုလည်း ချထားလိုက်​တော့သည်။
 
“​တော်ပြီ အခြား​ပြောစရာမရှိကြ​တော့ဘူးလား?”
 
ကိတ်​တွေအသီးသီးစားပြီးကြသည်နှင့် UUဆီမှမပြန်​သေးရန်​ပြောသည့်စကား​တွေကို လု​ပေါ်ယွမ် လစ်လျူရှုလိုက်ပြီး ကျန်းရုန်နှင့်အတူ ပြန်လာခဲ့ကြသည်။
 
KTV၏အပြင်ဘက်တွင် Taxiသမား​တွေ​ခြေရှုပ်​နေကြသည်​ကြောင့် ကြုံရာတစ်စီးကိုငှားလိုက်ပြီး ကံ​ကောင်းချင်​တော့ သူတို့နှင့်ကြုံသည့်ကားဆရာက စကားများသူမဟုတ်​ပေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now