အပိုင်း(၁၉)

4.7K 743 68
                                    

[Unicode]

မင်းကကိုယ်​ထောက်ခံ​ပေးထားတဲ့သူ

"အဲ့တာကိုသူဘယ်လိုပြန်​ဖြေလဲမင်းစဥ်းစားကြည့်!!"

​နောက်တစ်​နေ့မနက်ခင်း၊​ ​လေ့ကျင့်​ရေးခန်းထဲ၌ ​ရှောင်ပိုင်တစ်​ယောက် သူ့ခုံကိုPineရဲ့​ဘေးကို​ရွှေ့သွားပြီး ညကသူ့ရဲ့အ​ကြောင်းကို စားမြုံ့ပြန်​နေ​လေသည်။

Pineက နားကြပ်တစ်ဖက်တည်းတပ်ထား​သော်ငြား ​ရှောင်ပိုင်​ပြော​နေသည်ကိုလည်း အရေးစိုက်မ​နေ။ထိုအစား သူကစား​နေတဲ့team fight battleမှာသာ အာရုံစိုက်ထား၏။

​ရှောင်ပိုင်ကလည်း Pineသူ့ကိုလစ်လျူရှုထားသည်အား မသိချင်​ယောင်ထားသည်။သူစား​နေသည့်အီကြာ​ကွေးကို မြိုချလိုက်ပြီး သူကဆက်​ပြော​နေ၏။ "သူကလည်းတကယ်ကြီး "good evening"ဆိုပြီးပြန်​ပြောသွားတယ်​​လေ!!!"

"ငါနားကြားမှားတာ​တော့မဖြစ်နိုင်ဘူး။သူ့အသံကအ​တော်​လေး ​ပေါ့ပျက်ပျက်ဖြစ်နေ​ပေမယ့်လည်း "good evening"လို့ သူတကယ်ကြီးပြန်​ပြောသွားတာ!"

(T/n သူတို့​ပြောတာက "晚上好"ဆိုပြီး​ပြောတာပါ အင်းဂိတ်လို​ပြော​နေကြတာမဟုတ်ဘူး​နော် ဘားမားလိုကျ "မဂ်လာရှိ​သောည​နေခင်း"ပါလို့ပဲ ထွမ်းလို့ရမှာ​လေ​နော်😭 အဲ့​တော့အင်းဂလိလိုချထားတာ)

Pineက ဂိမ်းထဲကသူ့အသင်းရဲ့baseဆီပြန်လာ​နေပြီး ​ရှောင်ပိုင်"good evening"ဆိုတဲ့စကားကို သုံးကြိမ်​မြောက်မ​ပြောခင် သူဖြတ်​ပြောလိုက်သည်။ "မင်း​ပြော​တော့ မင်းတို့နှစ်​ယောက်ကအ​စေးမကပ်ဘူးဆို?"

"ဟမ်?" ​ရှောင်ပိုင်ကခဏရပ်လိုက်ပြီးမှ ​ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်​လေ"

Pine: "အခုကျ​တော့လည်း မင်းပုံစံက သူနဲ့​ဘောင်းဘီဆင်တူပါ ဝတ်ချင်​နေတဲ့ပုံပဲ"

​ရှောင်ပိုင်: "......"

​Pineကအရင်အတိုင်း အမူအယာမဲ့စွာနဲ့ ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်​နေဆဲ။ "မင်းကိုယ်မင်း ဟိုအုပ်စုနဲ့တအားတူ​နေတယ်လို့ မခံစားမိဖူးလား?"

​ရှောင်ပိုင်: "ဘယ်အုပ်စုလဲ?"

Pine: "သူ့Livestream​အောက်က အရူးအုပ်စုနဲ့​လေ"

||Complete|| I Can Do It [MM Translation]Where stories live. Discover now