အပိုင်း(၃၃)

5.2K 800 125
                                    


[Unicode]

[Doufuကိုနိုင်ရင် မင်းကသခင်ကြီး၊ မနိုင်ရင်​တော့ ငါတို့ကိုအ​ဖေလို့လာမ​ခေါ်ပဲ လစ်လိုက်​တော့]

"သူကျွန်​တော့်ကို​စောက်ပိန်းလို့​ခေါ်သွားတယ်!!"

Squidရဲ့နား​နေခန်းထဲ၌ တို့ဖူးမှာ ​​ဒေါသ​ကြောင့် လည်းပင်းပင်ရဲရဲတွတ်​နေ​သည်။ သူက​ပြောလာ၏။ "မင်းတို့တစ်​ယောက်မှမကြားလိုက်ဘူးလား?"

သူ့စကား​ကြောင့် အသင်းသား​တွေ တစ်​ယောက်နဲ့တစ်​ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ နည်းပြက​ပြောလာသည်။ "မင်းတအားစိတ်လှုပ်ရှား​နေလို့ ကြားချင်တာ​တွေ​လျှောက်ကြား​နေတာ ဖြစ်ပါလိမ့်မယ်....."

"တစ်​ယောက်​ယောက်က ကျွန်​တော့်ကို "​စောက်ပိန်း"လို့​ခေါ်မှာကို ကျွန်​တော်ကကြားချင်​နေတယ်​ပေါ့??" တို့ဖူးမှာ ​စိတ်ကုန်လွန်းလို့ ​အော်ပင်ရီလိုက်မိသည်။

"ဒါဆိုဘာလဲ" အသင်းမန်​နေဂျာက မျက်​မှောင်ကျုံ့လျက် "LPLကိုသွားပြီး "Softကကျွန်​တော့်ကို ​စောက်ပိန်းလို့ တိတ်တိတ်​လေးဆဲပါတယ် ဘယ်သူမှမကြားလိုက်​ပေမယ့် သူဆဲတယ်ဆိုတာ ကျွန်​တော်ကျိန်ရဲတယ် သူ့ကိုအပြစ်​ပေးလို့ရမလားဗျ"လို့ သွား​တိုင်မလို့လား?"

တို့ဖူး : "........"

တစ်ခုခုကို မြိုသိပ်ထားရတာက သူ့ကိုမသက်မသာဖြစ်​စေသည်မို့ တို့ဖူးမှာ Softသူ့ကိုဆဲလာတဲ့အချိန် ချက်ချင်းပြန်ပြီးမတုံ့ပြန်လိုက်မိသည့် ကိုယ့်ကိုကိုယ်သာ ​ဒေါသလှိမ့်ထွက်လာ​တော့သည်။ ဘယ်သူက​ရော ​စောက်ကျိုးနည်း မကြာ​သေးခင်ကမှ ဒဏ်​ငွေ​ဆောင်ထားရတဲ့Softက လူမြင်ကွင်းကြီး backstageမှာဆဲလာမယ်လို့ ထင်ထားပါ့မလဲ။

"မင်း​ပြော​တော့သူကအရပ်တအားပုတယ်ဆို?" တို့ဖူးမှ သူ့ရဲ့Supportကို ​မေးလိုက်ခြင်း၏။ "တကယ်​တော့သူကငါ့ထက်​တောင်ရှည်​​​​နေတယ်​လေ?"

Squidရဲ့Supportက ရိုးရိုးသားသား ပြန်​ဖြေလာ​လေသည်။ "ကျွန်​​တော်သူ့ကို အပြင်မှာတစ်ခါမှမမြင်ဖူးဘူး​​လေ သူ့ပရိတ်သတ်​တွေ သူ့ကိုလူပု​​လေးတိုင်းပြည်ကလာတယ်လို့ ​ပြောတာကိုပဲ ကြားဖူးတာ.....ဒါမှမဟုတ် TTCကလူ​တွေက အရပ်တအားရှည်ကြ​တော့ သူကပု​နေသလိုဖြစ်​နေတာများလား?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now