အပိုင်း(၁၁)

4.9K 770 77
                                    

အခုချိန်မှာ​တော့ငါကသူ့ရဲ့ Jungler​လေ

​ကြောင်က​လေးက ​အေး​အေး​ဆေး​ဆေးနဲ့​ကျေနပ်အားရစွာ Camileရဲ့​နောက်ကို​လျှောက်လိုက်​နေပြီး ဂိမ်းမျက်နှာပြင်ကပင် အရင်ကထက်ကြည့်ရတာနှစ်လိုဖွယ်ရာ​ပိုကောင်း​နေသည်။

အသုံးမဝင်တဲ့ADCကိုထားခဲ့ပြီးသည့်​နောက် ကျန်းရုန် ​နောက်ဆုံး​တော့ barrageနှင့်အပြန်အလှန်စကား​ပြောဆိုဖို့စိတ်ပြန်ပါလာပြီဖြစ်သည်။

[​စောက်ကျိုးနည်းကို "အို့"လား ဒီ​လောင်ဇီကမင်းကို​တောင်းဆို​နေတယ်လို့သ​ဘောထားပြီး​တော့ fountainကိုပြန်ပြီးသူ့ကိုဆဲပစ်လိုက် ဟုတ်ပြီလား?]

[မင်းဘာ​တွေလုပ်​နေတာလဲ?စာရိုက်တဲ့ဂိမ်းကစား​နေတာလား?]

[ဒီဂိမ်းအတွက်မျှ​​ဝေခံစား​ပေးရမယ့်လယ်ဗယ်က​တော်​တော်မြင့်တယ်ထင်တယ် ငါက​တော့အဲ့ဒီအတွဲအတွက်အုတ်ဂူပါတူး​နေပြီ]

[မင်းကီးဘုတ်မှာဘာလို့backspaceခလုတ်ရှိ​နေတာလဲ?trollစစ်​စစ်တစ်​ယောက်က ဘယ်​တော့မှ​နောက်ပြန်မဆုတ်ဘူး နားလည်လား?]

[အမှတ်​တွေက​နောက်ဆိုပြန်ရတယ် ​စောက်ပိန်းတစ်​ကောင်ကို​တော့ဒီတိုင်းလွှတ်မ​ပေးသင့်ဘူးလို့ ​ပြောတာလည်းမင်းပဲမဟုတ်ဘူးလား?ဘာလဲ ကိုယ့်စကားကိုယ်မတည်တာလား??]

ကျန်းရုန် သူ့ရဲ့ in-game micကိုပိတ်လိုက်ပြီး livestream roomကိုဖွင့်ကာ Roadရှိမ​နေတာ​သေချာ​တော့မှ ပျင်းရိစွာနဲ့စကား​ပြောလာ၏။

"ကျစ်.....ဒီနှစ်ပိုင်း​တွေထဲ ဂိမ်း​လောကကြီးအရမ်း​ပေါ့ပျက်ပျက်ဖြစ်လာတာ မင်းတို့လိုကစားတဲ့သူ​တွေ​ကြောင့်​ပေါ့" ကျန်းရုန်​ပြောလာ၏။ "ကိုယ့်အသင်း​ဖော်က အမှား​သေး​သေး​လေးလုပ်မိတာကို ဘယ်လို​တောင်သူ့မိဘ​တွေကိုပါဆဲနိုင်ကြတာလဲ? အစ်ကိုတို့အစ်မတို့ အင်တာနက်​ပေါ်မှာလည်းထိန်းထိန်းသိမ်းသိမ်း​နေကြစမ်းပါ အို​ခေ? မင်းတို့​တွေအ​နေနဲ့ သ​ဘောထားကြီးကြီးထားပြီး အခင်အမင်မပျက်​ရအောင်​နေသင့်တယ် ကိုယ့်အသင်း​ဖော်​လေးကို ရင့်ကျက်လာဖို့အခွင့်အ​ရေး​​တော့ပေးသင့်တယ်​​လေ"

||Complete|| I Can Do It [MM Translation]Where stories live. Discover now