အပိုင်း(၇)

5K 779 48
                                    

(Unicode)

အပိုင်း(၇) : အဲ့တုန်းကကစားတဲ့တစ်​ယောက်ကကိုယ်ပါ

ကောင်လေးက အတော်လေးပိန်သည့်အထဲပါပြီး ခေါင်းငုံ့လိုက်သည့်အချိန်တွင် ပေါ်ထွက်လာသည့် အင်္ကျီကော်လာထဲမှ ထွက်ပေါ်နေသော သူ၏ဂုတ်ပိုးတစ်ပိုင်းတစ်စလေးက အလွန်ဖြူဖွေးသည်။ အပြင်လောကမှ'သူ'နှင့် Livestreamထဲမှပုံစံကြားတွင် ကွာဟချက်မရှိသည့်အတွက် မျက်နှာသွယ်စေသည့် ၊ မျက်ဝန်းကြီးစေသည့် ဖစ်တာ(Filter)တွေမသုံးထားမှန်း သိသာသည်။

ပထမဆုံးအကြိမ် Livestreamလွှင့်ခဲ့တုန်းက Filterတွေကိုအဆုံးစွန်ထိတင်ခဲ့ဖူးသည့် ရှောင်ပိုင်နှင့်တော့ မတူချေ။ ထိုအချိန်တုန်းက ပရိသတ်တွေမှာ သူ့ကြောင့်အူတက်ရလွန်းလို့ Hot Searchပေါ်ပင် တင်ပေးခဲ့ကြသေးသည်။

ကျန်းရုန်ပြောသည်ကို ကြားလိုက်သည်နှင့် ရှစ်လျို့ကရယ်လိုက်ပြီး

"သူကအဲ့လောက်တော့မဆိုးပါဘူး....မင်းRoadကိုတကယ်ကြီးကြိုက်တာပဲ"

"ကျွန်တော်ကအချက်အလက်နဲ့ပြောတာ"

ကျန်းရုန်က မျက်မှောင်ကျုံ့သွားလျက်

“PUDရဲ့Junglerမှာ အားနည်းချက်တွေက အထင်းသားပဲ။ gankတာနဲ့ team fightတွေမှာဆို သူကအဆင်ပြေသေးပေမယ့် Jungleထဲကျူးကျော်ရပြီဆို ပျော့လွန်းတယ်။ ပြီးတော့ အသင်းသားတွေ ကူညီထောက်ပံ့မှာကို  တအားယုံကြည်ကိုးစားလွန်းနေတယ်။ အသင်းသားတွေသာ သူ့နောက်မှာပါမလာရင် အကုန်ဂယောက်ဂယက်တွေဖြစ်ကုန်ရော”

ရှစ်လျို့လည်း စဥ်းစားကြည့်လိုက်တော့ တကယ်ကို ထိုသို့ဖြစ်နေမှန်း လက်ခံလိုက်ရသည်။

ဒီတစ်ခေါက်မှာ ကျန်းရုန်ကို သူနှင့်အတူပွဲကြည့်ဖို့ ခေါ်လာခဲ့သည့်အကြောင်းရင်းကလည်း ဒီလိုမျိုးအရာတွေအတွက် ကျန်းရုန်၏ပြောစကားတွေကို သူနားထောင်ချင်သောကြောင့်ပင်။ သူမေးကြည့်လိုက်သည်။

"ဒါဆိုRoadကရော?"

ကျန်းရုန်က ခေါင်းမော့ကာ စက္ကန့်အနည်းငယ်လောက် ချင့်ချိန်တွေးတောနေသည်။

လုပေါ်ယွမ် သူ့(ကျန်းရုန်)မျက်တောင်တွေက အလွန်ရှည်ကြောင်း မြင်လိုက်ရသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now