PBye (3)

1.8K 348 23
                                    

ကိုယ့်ကိုကိုယ် တစ်ကမ္ဘာလုံးမှာ ထိုးနှက်ခံရဖို့မလွယ်ဆုံး​ယောကျာ်းဟု သတ်မှတ်ထားသည့် ​ရှောင်ပိုင်တစ်​ယောက် နှလုံးသားထဲအထိ ထိုးနှက်ခံလိုက်ရသည်။

[Bye : ...သူ့Livestreamကို ကြည့်​နေတာလား?]

[XIU : ငါတို့ADCကြည့်​နေတာ သူစပီကာဖွင့်ထားလို့]

[XIU : ဝမ်းနည်းမ​နေနဲ့။ Pineက ​ကောင်မ​လေး​တွေနဲ့ဂိမ်းကစားရင် မင်းလည်းပြန်ကစားပြလိုက်​ပေါ့ကွ]

ကျွမ်းရိပိုင် ​ခြောက်ကပ်ကပ် 'haha'ဟု စာပြန်လိုက်၏။

ပါတီဖိတ်​ခေါ်စာတစ်ခု ​ပေါ်ထွက်လာသည်။

[XIU : လာ ငါ့ဆီဝင်လိုက် လူတစ်​ယောက်လို​နေတာနဲ့ အ​တော်ပဲ]

[Bye : ပါတီထဲ ဘာလို့လူ​လေး​ယောက်ရှိ​နေတာလဲ?]

[XIU : တွဲကစား​ဖော် ​ကောင်မ​လေးသုံး​ယောက် ​​ခေါ်ထားတာ​လေ။ ကားထွက်လို့ရ​အောင် မြန်မြန်တက်လိုက်စမ်းပါ!]

အနည်းငယ် ​တွေးတောပြီး​နောက် ကျွမ်းရိပိုင်လည်း ပါတီထဲဝင်ဖြစ်သွားသည်။

XIU​​ခေါ်ထားသည့်​ကောင်မ​​လေးတိုင်းက အသံချိုချို​လေးများနှင့်ပင်။ သူတို့အ​ခေါ် 'ပိုင်​ကော' နှင့် 'ကမ္ဘာ့နံပါတ်တစ်Support' ဆိုသည့် အသံများက အလွန်တရာ ချိုမြိန်လှသည်။

ကျွမ်းရိပိုင်က​တော့ Dariusကို ​ရွေးချလိုက်ပြီး အ​ပေါ်လမ်းတွင် တစ်​ကောင်ကြွက် သွားလုပ်​တော့သည်။

​ရှောင်ပိုင် ချုံပုတ်ထဲတွင် ​ယောင်လည်လည်လုပ်​နေရင်း ရန်သူ့Top Laner လမ်းထဲ​ရောက်လာမည့်အချိန်ကို ​စောင့်​နေလိုက်၏။ ဂိမ်းထဲရှိ သူ့ကင်မရာဦးတည်ရာက ကြုံသလို ​လျှောက်ပြောင်း​နေသည်။

စိတ်ထဲက​နေ သူ​​ပြော​နေသမျှ ပွစိပွစိအသံ​တွေကိုသာ ကျန်းယွီစုန့် ကြားနိုင်ပါက နားညီးလွန်းလို့ ​သေသွား​လောက်​ချေပြီ။

—ဒီADC ဘာကိစ္စ ငါဝယ်လာတဲ့အသားကင်​တွေကို မစားတာလဲ?

—တွဲကစား​​ဖော်​ကောင်မ​လေးနဲ့ အတူကစားရတာက ငါ့အသားကင်​တွေထက်​တောင် ပိုအ​ရေးပါတာလား?

||Complete|| I Can Do It [MM Translation]Where stories live. Discover now