အပိုင်း(၉၃)

4.3K 734 59
                                    

(Unicode)

LPL၏ အင်အားအကြီးဆုံး အသင်းနှစ်သင်းက ဘုရားကျောင်းသို့ ဆုတောင်းရန် အတူတကွ သွားခဲ့ကြသည်။

ထိုကဲ့သို့သတင်းမျိုးက အင်တာနက်ပေါ်တွင် အလျင်အမြန်ပင် ပျံ့နှံ့သွားကာ ဖြတ်သွားဖြတ်လာတွေ ရိုက်ကူးထားသည့် ဓါတ်ပုံတွေသည်လည်း Weiboထက်သို့ရောက်ရှိသွားကြတော့သည်။

ခိုးပြီးရိုက်ထားရသည့် ဓါတ်ပုံများဖြစ်သဖြင့် အရည်အသွေးကညံ့ကာ အသင်းသားတွေ၏မျက်နှာတွေကို သေချာ မရိုက်မိထားချေ။

သတင်းက ဤသို့ပေါ်ထွက်လာသည့်နောက် WFတွေနှင့်ပရိသတ်တွေမှာ နားလည်ရခက်ကုန်​တော့သည်။

ဒီအသင်းနှစ်သင်း၏ပရိသတ်တွေမှာ အပြန်အလှန် ကြုံရင်ကြုံသလို တိုက်ခိုက်တတ်ကြသည်မှာ နှစ်တွေအတော်ကြာပြီဖြစ်ပြီး တစ်ဖက်ကရှုံးလျှင် အခြားတစ်ဖက်က မီးရှူးမီးပန်းတွေဖောက်၍ အပျော်ဆင်နွှဲရန်အတွက် Tiebaပေါ်တွင် ဟုန်ပေါင်းတွေဝေသည့် အဆင့်အထိ ရောက်နေချေပြီ။ အဲဒီတော့ ဘယ်လိုများဖြစ်လို့ အခုနောက်ပိုင်း ဒီအသင်းနှစ်သင်းက တပူးပူးတတွဲတွဲ သတင်းတွေပေါ်မှာ ပေါ်လာနေတာတုန်း?

သို့ဖြစ်ရာ LPL၏ရှိသမျှအသင်းတိုင်းကို အချင်းချင်း ရင်းနှီးကြလျက် နိုင်ငံခြားအသင်းတွေကို ညီညွတ်စွာ စုပေါင်းတိုက်ခိုက်စေချင်သည့် သူများနှင့်အတူ ပေါက်ပေါက်ဝင်စားသည့် WFများက လတ်တလောတွင် တိုက်ရိုက်ထုတ်လွှင့်နေသည့် Softဆီ အပြေးအလွှား သွားကြလေသည်-

“ဟုတ်တယ် မီးသွားပူဇော်ခဲ့သေးတယ်”

ပီကေဝါးနေသည့်ခေါင်းပြာလေးက မြေပုံအသေးလေးကိုကြည့်နေပြီး သူ့လေသံကတော့ ထုံးစံအတိုင်း အထက်စီးဆန်နေမြဲ။

“ဘာကို…..PUDလား? ငါတို့သိပ်မရင်းနှီးဘူး”

[အဲ့လိုဘာသာရေးအယူတွေကို မင်းမယုံလောက်ဘူးလို့ ငါထင်နေတာ။ အရင်၂နှစ်တုန်းကဆို နှစ်သစ်ကူးပိတ်ရက်ကြီးတောင် ၁၅ရက်ဆက်တိုက် Livestreamလွှင့်ပြီး မီးသွားမပူဇော်ဘူးလေ။ ဒီနေ့ကျမှ တကယ်ကြီး ဘုရားကျောင်းကိုသွားခဲ့တယ်လား?!]

||Complete|| I Can Do It [MM Translation]Where stories live. Discover now