အပိုင်း(၇၀)

4.3K 703 96
                                    

(Unicode)

ကျန်းရုန် မလုံမလဲစိတ်ဖြင့် နားရွက်ကိုထိလိုက်မိသည်။ နားရွက်တွေကမီးတောက်လုမတတ်။

‘ပူလို့’ဆိုသည့် အကြောင်းပြချက်ကို အကြိမ်ရေမနည်းသုံးပြီးသွားပြီဖြစ်တာကြောင့် သူ့ကိုယ်သူအားတင်းလိုက်ပြီး ပြောလိုက်သည်။

“နားတွေရဲတာက ဒီငနုADCကိုတအားဒေါသထွက်လို့ ဒီလောက်အသုံးမကျတဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူး…ကျွန်တော်သည်းမခံနိုင်တော့လို့”

လုပေါ်ယွမ်က ထိုADC၏IDကို အမှတ်ရလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆိုလာခဲ့သည်။

“ခုဏကပွဲတုန်းကသူနဲ့ဆုံဖူးတယ်မဟုတ်လား?”

“……”

ကျန်းရုန်ရပ်တန့်သွား၏။

“ဒီတစ်ခေါက် သူကကျွန်တော့်အသင်းမှာဆိုတော့ လက်ခံနိုင်ဖို့နည်းနည်းခက်နေတာ”

[သေတာပဲ ဟားဟား]

[အစတုန်းက ငါထင်လိုက်တာ Roadက ဟိုငတုံးလေးကို မဆဲတော့ဖို့ပြောမယ်ပေါ့ သူကတပြန်ပြန်လှောင်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး]

[အခုတလော ရှောင်ပိုင်နဲ့ချန်ကောဆိုလည်း Streamနေရင်း အသင်းဖော်တွေကို မထိတထိဝေဖန်ရတာ သဘောတွေ့နေပုံပဲ]

[ရှောင်ပိုင်နဲ့အခြားသူတွေကိုထားဦး မင်းတို့ကောင်တွေ Pineဆဲတာမြင်ဖူးလို့လား? ပုံမှန် သူတစ်ညလုံးStreamရင်တောင် ဘာမှသိပ်ပြောတာမဟုတ်ဘူး အခုဆို အသင်းဖော်တွေကို စာရိုက်ပြီးဘယ်လိုသရော်ရမလဲဆိုတာတောင်သိနေပြီ]

[ဘုရား ဘုရား ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ကုန်ပြီ!]

[အမ်း…….ငါအခုပဲတို့ဖူးရဲ့Livestreamဆီ သွားကြည့်လာခဲ့တာ။ ရှောင်ရှာပိကို သူဆက်တိုက်စကားပြောနေတာသိလား ကံမကောင်းချင်တော့ ဟိုကသူ့ကိုmuteထားတာဖြင့်ကြာပြီ]

[စတောင်သရုပ်ဆောင်နေပြီပဲ ဘာများပြောစရာကျန်သေးလို့လဲ? ဘာလဲ သူက ရှောင်ရှာပိရဲ့ပိုက်ဆံအိတ်ကို ထိပါးရုံနဲ့တင်မကျေနပ်လို့ ရှောင်ရှာပိကို ဒေါသထွက်သေစေချင်နေတာလား?]

||Complete|| I Can Do It [MM Translation]Where stories live. Discover now