အပိုင်း(၅၃)

5K 780 94
                                    


(Unicode)

"မင်း​ခြေအိတ်​တွေ ကိုယ့်ဂျက်ကတ်ထဲ ကျန်ခဲ့တယ်"

ကြံရာမရသည့်အဆုံး ကျန်းရုန်မှာ ကြမ်းပြင်​​ပေါ်လှဲချပြီး ကုတင်​အောက်ကိုပင် ရှာကြည့်​သေးသည်။ သို့​သော်လည်း အနှီ​ခြေအိတ်တစ်စုံကား ​ပျောက်ချင်းမလှ​ပျောက်​နေ​လေသည်။

ကျန်းရုန် သစ်သားကြမ်းခင်း​ပေါ် ထိုင်ချလိုက်ပြီး ​သေချာပြန်​တွေး​တောကြည့်လိုက်၏။ ပထမဆုံး သူ့စိတ်ထဲမှာ​ပေါ်လာသည်က​တော့ လု​ပေါ်ယွမ်၏လက်ထဲ၌ သူ့​ခြေအိတ်​တွေကို ကိုင်ထားသည့်ပုံရိပ်ပင် ဖြစ်သည်။

အဲ့ဒီ​တော့မှ ကျန်းရုန် ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိရင်း မှတ်ဥာဏ်​တွေထဲ ပြန်ရှာ​ဖွေကြည့်လိုက်၏။ လု​ပေါ်ယွမ်က ​ခြေအိတ်​တွေကို ဆိုဖာ​ပေါ်ကိုချလိုက်ကာ သူက ​ကောက်ကိုင်ပြီးပြန်ဝတ်လိုက်....​နေဦး မဟုတ်​သေးဘူး၊ သူပြန်မဝတ်လိုက်ဘူးမလား? အဲ့အစား သူက ဂျက်ကတ်ရဲ့အိတ်ကပ်ထဲ ထည့်လိုက်သည်ပင်။

တစ်နည်းဆိုရလျှင် လု​ပေါ်ယွမ်၏ဂျက်ကတ်ထဲကို ထည့်လိုက်မိခြင်း။

ကျန်းရုန် ​နောက်ထပ်တစ်ကြိမ် ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိပြန်သည်။

​သေလိုက်ပါ​တော့—​ပြန်မ​ပေးခင် သူအများကြီးစစ်​ဆေးကြည့်လိုက်ပါတယ်။ ​ကော်လာ​တွေ​​ရော၊ ဂျက်ကတ်အနား​လေး​တွေ​တောင် မချန်ခဲ့ဘူး​လေ။ အိတ်ကပ်​တွေကို စစ်ကြည့်ဖို့မှ ​မေ့ရတယ်လို့။

အိတ်ကပ်ထဲကိုထည့်လိုက်စဥ်က အမှုမဲ့အမှတ်မဲ့ဖြစ်သွားပြီးတော့ ခြေအိတ်တစ်ဖက်စီကို တစ်အိတ်စီတွင် ထည့်လိုက်ခြင်းဖြစ်သည်။ အစကတည်းက ပါးသည့်ခြေအိတ်မှာ အိတ်ကပ်ပေါ်က အလှဆင်ထားသည့်အစတို့က ဖုံးထားသလိုဖြစ်နေသည်ကြောင့် အလွယ်တကူမမြင်ရတော့။

ကျန်းရုန် လုပေါ်ယွမ်ကို စာလှမ်းပို့မည်ဟု ရည်ရွယ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။

“ခေါင်းဆောင် ကျွန်တော့်ခြေအိတ်တွေ ခေါင်းဆောင်ရဲ့ဂျက်ကတ်အိတ်ထဲမှာ ကျန်နေခဲ့တယ်”

ကျန်းရုန်ရဲ့လက်ချောင်းထိပ်တို့ တုံ့ခနဲရပ်သွား၏။

ဘယ်လိုဖြစ်လို့ ဒီလေသံကအရမ်းထူးဆန်းနေတာပါလိမ့်??

||Complete|| I Can Do It [MM Translation]Where stories live. Discover now