အပိုင်း(၄၄)

4.8K 739 74
                                    


(Unicode)

"ကျွန်​တော်သူ့ကိုမတိုက်နိုင်လို့"

Champအကြို​ရွေးချယ်စဥ်အတွင်း ကိုယ့်အသင်းသား​တွေ ဘယ်Skin​​ရွေးထားတယ်ဆိုသည်အား မြင်နိုင်​လေသည်။ ကျန်းရုန်မှတ်မိသ​လောက်​တော့ အ​စောပိုင်းက သူRune​တွေပြင်ဆင်ပြီးသည့်အချိန်ထိ ထန်ချင်းသုံး​နေသည့်Skinက အ​တော်​လေးရှားပါး​စျေးကြီးတဲ့ "PAX Twisted Fate"ဖြစ်ကာ ဒီ၄၅ယွမ်တန်စုံတွဲSkinမဟုတ်ပါချေ။

ဒီလိုနှစ်ကူးအကြိုရက်ကြီး ဂိမ်းကစားတာ​တောင်မှ သိတဲ့သူ​တွေနဲ့ဝင်တိုးမယ်လို့ ဘယ်သူထင်မှာလဲ။ ကျန်းရုန် သူ့အသင်း​ဖော်ရဲ့Profileကို တစ်ချက်ဝင်ကြည့်ကြည့်လိုက်သည်။ ထန်ချင်းက Diamond 1မှာဖြစ်ကာ သူ(မ)ရဲ့အနိုင်ရနှုန်းကသိပ်မမြင့်​သော်ငြား 53%​တော့ရှိ​နေဆဲပင်။ မကြာခဏဆိုသလို သူ(မ)ကိုင်တတ်တဲ့Champ​တွေက Mid Laner​တွေချည်းဖြစ်တာမို့ ဒီ​လောက်Rankထိရ​အောင် သူ(မ)ကိုယ်တိုင်ကြိုးစားခဲ့ရသည်ဆိုသည့်အချက်က ထင်ရှား​လေသည်။

ဒီတစ်ပွဲမှာ​တော့ ကျန်းရုန်က Top Laner Kalistaနှင့်ကစား​နေခြင်း ဖြစ်သည်။ သူစိတ်မပါလက်မပါနှင့် items​တွေဝယ်လိုက်ပြီး baseက​နေစတင်ထွက်လာလိုက်သည်။ "ကျွန်​တော်တို့level 1 team fightရမလား?"

လု​ပေါ်ယွမ်က တစ်စုံတစ်ခု​ကြောင့် မအားမလပ်ဖြစ်​​နေပုံ​ပေါ်ကာ စက္ကန့်အနည်းငယ်ကြာမှ သူကပြန်​ဖြေလာသည်။ "မလုပ်​သေးနဲ့ဦး၊ သူတို့ဘက်မှာ Caitlynနဲ့Blitzcrankရှိတယ်။ မင်းရဲ့laneဆီပဲသွားလိုက်"

ကျန်းရုန်လည်း နားလည်​ကြောင်းအသံပြုလိုက်ပြီး သူ့ရဲ့Champအား အ​ပေါ်လမ်းဆီ ဦးတည်လိုက်သည်။

[​ရှောင်ထန်လည်းCarryချင်တယ်​လေ : နင်တို့အရမ်းကြိုးစား​နေကြတာ​နော်။ ဒီလိုရက်မျိုးမှာ​တောင် duo queueပြီး ​လေ့ကျင့်​နေကြ​သေးတာလား?]

သူ(မ)က "နင်တို့"ဟု​ပြောလာ​သော်ငြား လု​ပေါ်ယွမ်ကို​သာရည်ရွယ်ပြီး မေး​နေခြင်းဖြစ်​ကြောင်း အထင်အရှားပင်ဖြစ်သည်။ သူနှင့်လည်းမရင်းနှီးသည်​ကြောင့် ကျန်းရုန်စာမပြန်ဖြစ်​လိုက်။

သို့​သော်လည်း အချိန်အ​တော်ကြာတဲ့အထိ သူ့ရဲ့နားကြပ်ထဲက​နေ မည်သည့်စာရိုက်သံမှထွက်မလာ​ပေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now