အပိုင်း✨🍁(၁)

38.2K 2.1K 228
                                    

“စိတ်မဆိုးနဲ့နော် ...ခွင့်လွှတ်ပါကွယ်...
ကိုယ်ရိုင်းနေရင်....
ကိုယ်စိတ်ကအရင်ဒီလို ...မဟုတ်ဘူးကွဲ့မင်းနဲ့မှ...ပြောင်းလဲကုန်ပြီ...ကျစ်...ဒီအရောင်မဟုတ်သေးဘူး....”

ဧကလေး ဘေးမှချထားသည့် စာကပ်ထားသော ဆေးပုံးများကိုကြည့်ရင်း စုတ်တံကို ခွက်နှုတ်ခမ်းပေါ်တင်လိုက်သည်။
Auroraအလင်းတန်းတွေပုံကိုဆွဲနေတာ တစ်ပတ်ရှိပြီ ခုထိသူ့စိတ်ကြိုက်မရသေး။
တပ်ထားသည့်မျက်မှန်ကိုချွတ်ပစ်လိုက်သည်။
ခုဆို သူ့အသက်20ပြည့်ခါနီးလာပြီဖြစ်ပြီး ဘွဲ့ယူရန်စောင့်ဆိုင်းနေသော အချိန်‌လည်းဖြစ်သည်။
အေးဆေးပဲနေချင်၍ စီးပွားရေးအဝေးသင်ယူပြီး ပန်းချီတွေပဲဆွဲနေဖြစ်သည်။
ကုမ္ပဏီသွားဖို့ရာကလည်း သိပ်စိတ်မပါသဖြင့် မသွားဖြစ်။
ဖောင်းဖောင်းလေးကလည်း အိမ်မှာပဲကိုကိုစိတ်ကြိုက် ပုံဆွဲနေပါဟုဆိုသောကြောင့် စိတ်မပါတာနှင့်ကွက်တိဖြစ်သွားသည်။

Colours Blindဖြစ်တာ သေချာသွားသည့်အချိန်မှစ၍ အကုန်လုံးက သူ့အတွက်သေချာဂရုစိုက်ပေးကြသည်။
ညီလေးဆို သူဝါသနာမပါသည့်ဆေးစပ်သည့်‌နည်းကိုပါသင်ခဲ့သေးသည်။
ဒယ်ဒီတို့ကလည်း ကိုယ်ပိုင် ပန်းချီပြခန်းလေးဖွှင့်ပေးထားသော်လည်း ဧက‌ တစ်ခါမှ မပြသဖြစ်။အခန်းထဲမှာပဲ ဆွဲထားသည့်ပုံများကိုထားဖြစ်သည်။

အရောင်ခွဲ‌မျက်မှန်ကိုတပ်ပြီးဆွဲသော်လည်း သူ့ပုံတွေကအမြဲတမ်းတစ်ခုခုလိုနေသလိုခံစားရသည်။
ဘာလိုလို့လိုမှန်းမသိသည့် ပန်းချီကားတွေကို သူဒီအတိုင်းပဲထားလိုက်သည်။
သူ့စိတ်ထဲ ဒီပန်းချီကားတွေဟာ သူ့အတွက်ပြီးပြည့်စုံမှူမရှိသေးဘူးဟုပဲအမြဲခံစားနေရသည်။ဧကလေး လူပုံမဆွဲဖြစ်တာ ၁၀နှစ်တောင်ပြည့်တော့မည်ပဲဖြစ်သည်။
ပြည့်စုံမှုမရှိသည့်ရှူခင်းပုံတွေကြားထဲမှာ သူဟာဘယ်လိုစွန့်စားမှုမျိူးနဲ့များ လူပုံကိုဆွဲကြည့်ရပါ့မလဲ။

ထို့နောက် စိတ်မကြည်မလင်ဖြစ်လာမှုကြောင့် မျက်မှန်ကိုဖြုတ်လိုက်ပြီး ခုံပေါ်တင်လိုက်ကာ ဆက်မဆွဲတော့ပဲ ထလာပြီး ရေချိုးဖို့ပြင်လိုက်သည်။
ဝတ်ထားသည့် shirtအင်္ကျီကိုဆွဲချွတ်လိုက်၍ အဝတ်ခြင်းထဲ လှမ်းထည့်လိုက်ကာ ကိုယ်လုံးပေါ်မှန်ရှေ့ ကိုယ့်ကိုကိုယ်ကြည့်လိုက်သည်။
ကျစ်လျစ်စွာထွက်နေသောsix packသေးသေးလေးကို ဂုဏ်ယူစွာကြည့်ရင်း နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now