အပိုင်း✨🍁(၁၆)

10.7K 1K 64
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၆)

“ဟင်....အရှင်...”
ဧကလေး သူ့ရှေ့တည့်တည့်မှ အရှင့်ကိုပြူးကြည့်နေမိသည်။
*ငါ...ငါအခြေအနေအတော်ဆိုးနေတာပဲ...အစက ပေလွှာထဲပဲ မြင်ယောင်မိတာ ခုအပြင်မှာပါ အကောင်လိုက်ကြီးမြင်ယောင်နေပြန်တယ်...ဟ...သွားပြီ... မင်းဘဝလေးတော့ သွားရှာပြီ မင်းမြတ်ဧကဦးမာန်ရေ...သွားရှာပြီဟ...*
ဧကလေး၏ မျက်ဝန်းပြာများက ပြူးလျှက်ပင် ကြည့်နေမိပြီး စိတ်ထဲမှာလည်း ကြိတ်မနိုင်ခဲမရ ပြောနေမိသည်။
ဒီလူက သူ့အတွက် တကယ်ပဲ ဘာလဲ။

“အဟွန်း!!”

ဒဝီဦးခိုက် သူ့အား ပြူးကြောင်လျက်ကြည့်နေပါသော ရှေ့မှ မျက်ဝန်းပြာလေးကို ကြည့်ပြီး သဘောကျစွာ ရယ်လိုက်မိသည်။
တကယ်ကို သျှင်းငယ်လေးက တစ်မျိုးလေးပင်။သူ၏အမူအယာတစ်ခုချင်းဆီက အစ ဒဝီဦးခိုက်ကို တဖြည်းဖြည်းချင်းကိုင်လှုပ်နေလေသည်။
အံဩနေဟန်အပြည့်နှင့်မျက်ဝန်းပြာဝိုင်းဝိုင်းတောက်တောက်လေးများ၊အနည်းငယ်ပွင့်ဟသွားသော နှုတ်ခမ်းပါးလေးဆီက ထွက်လာသော အသံသေးသေးလေးနှင့်အတူ ဖြစ်ပျက်သွားသည့်အမူအရာလေးများကအစ သူ့စိတ်ကို ညံသက်နေစေခဲ့သည်။
*ဒီကောင်လေးဟာ တကယ်ပဲ ဘယ်လိုအစွမ်းမျိူးတွေများရှိနေတာပါလိမ့် ....*

ထပ်တူညီသောအတွေးနှစ်ခုက အဖြေတစ်ခုထဲဆီကိုပဲ ဦးတည်နေခဲ့သည်ဆိုတာ နှစ်ယောက်စလုံး လက်သင့်မခံချင်လည်းခံခဲ့ရသည်။

“အရှင် ...အရှင်လား...ကျွန်တော် အမြင်မှားနေတာလား...”

ဧကလေး၏ မဝံ့မရဲ ခပ်တိုးတိုးအသံလေးထွက်လာခဲ့သည်။ခုချိန်ထိ သူဟာထိုင်နေရာမှ မထရသေးသလို ကိုယ်လုံးလေးဟာလည်း တစ်ခြမ်းစောင်းလျက်ပင် ရှိနေတုန်းဖြစ်သည်။

“အဟွန်း!!သျှင်းငယ် အမြင်မမှားပါဘူး ကိုယ်တော်ပါ....”

“ဟင်...တကယ်ပဲလား...”

“ဝုန်း!!!”
လူတင်မဟုတ် အသံပါကြားလိုက်ရသည့်အခိုက် ထိုအခါမှ အသိဝင်လာပြီးဧကလေး ခုံပေါ်မှာ အမြန်ထလိုက်ကာ ဦးညွှတ်လိုက်သည်။

“ဦးညွတ်ပါတယ် အရှင်...ကျွန်တော်မျိုး၏ မလေးစားသလိုဖြစ်သွားရသည့် အပြုအမူကို နားလည်ပေးတော်မူပါ....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now