အပိုင်း✨🍁(၂၄)

9.9K 929 150
                                    


ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၄)

ဧကလေးတို့နေရာအနှံ့လည်ပတ်ပြီးနောက်လူလည်းမောလာသလို ထမင်းဆာလာသည်။တစ်နေ့လုံး တိုလီမုတ်စလေးတွေစားနေခြင်းက သိသိသာသာဗိုက်မပြည့်ပေ။
အေးတာတစ်ခုခုဖြစ်ဖြစ် အမောပြေစေမည့်ဖျော်ရည်တစ်ခုခုဖြစ် သောက်ချင်လာမိသည်။‌သို့သော်လည်းပျူခေတ်မှာအအေးမရနိုင်သည့်အတွက် ထိုစိတ်ကိုကြိတ်မှိတ်မြိုချထားရသည်။
*ဘဝကြီးကမသာယာလိုက်တာ..*

ဧကလေးနည်းတူ သက္ကမှာလည်း ဗိုက်ဆာနေပြီဖြစ်သောကြောင့်
"သခင်လေး....ရေဝန်းငယ်ဆိုတဲ့ ဆိုင်က စားသောက်ဖွယ်ရာတွေအတော်လေးအရသာရှိတယ်တဲ့...အပျိုတော်တွေပြောနေတာကြားဖူးတယ်....."

"ဟုတ်လား...ငါလည်း ဗိုက်ဆာနေတာနဲ့အတော်ပဲ...ဒါပေမယ့် ချဉ်ချဉ်လေးတစ်ခုခုသောက်ချင်နေတယ်..."

"ဟိုဘက်နားမှာ မန်ကျည်းသီးကိုအရည်ဖျော်ပြီး ဆားလေး ထန်းလျက်ရေလေးနဲ့ ရောရောင်းတဲ့ဆိုင်လေးရှိတယ်..."

"ဟုတ်လား...ငါ သောက်ချင်လို့...ဗိုက်လည်းဆာနေပြီ..."
ဧကလေး နှာခေါင်းလေးကိုရှုံ့ပြီးပြောလိုက်သည်။

"ကျွန်တော်မျိုးသွားဝယ်လိုက်မယ်လေ..."

"ရတယ် ရတယ် မင်းနေရာသာသွားဦးနေလိုက် ငါ့ဘာသာဝယ်လိုက်မယ်..."

"ဟုတ်ကဲ့ သခင်လေး..."

ဧကလေးပြောပြီး နောက်မှအထုပ်ကိုယ်စီဖြင့် လာနေသော အရှင်နှစ်ပါးနားသွားလိုက်သည် ။

"အရှင် အထဲကထိုင်စောင့်နေနော်...ကျွန်တော် ဟိုနားတင် မန်ကျည်းသီးဖျော်ရည်ဆိုလား သွားဝယ်မလို့..."

"ကိုယ်တော်လိုက်ခဲ့မယ်..."

"အာ ရတယ် ကျွန်တော့်ဘာသာသွားလိုက်မယ်... ဆိုင်ကဟိုမှာမြင်နေရတာကို... အရှင်တို့က အထုပ်တွေနဲ့မို့ အထဲကပဲစောင့်နော်..."

ဒဝီဦး‌ခိုက် ထိုဆိုင်ငယ်လေးဘက်ဆီသို့ ‌မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ဘယ်လောက်ပဲ နီးတယ်ဆိုပါစေဦး လူတွေအများကြီးထဲ တစ်ယောက်ထဲ လွှတ်လိုက်ဖို့ စိတ်မချဖြစ်နေသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now