Extra✨🍁(1)

11.3K 853 42
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အချပ်ပို✨🍁(၁)

“မောင် ကျွန်တော်တို့ ဘယ်နေ့ပြန်မှာလဲဟင်...”
ဧကလေး မောင့်စာကြည့်ခန်းထဲမှ ခဲပန်းချီလေးများအား အသာစီထပ်ရင်း မေးလိုက်သည်။ဘာလိုလိုနှင့် သူမင်းမဟာဟော်နန်းသို့ရောက်သည်မှာ တစ်ပတ်ပြည့်တော့မည်ဖြစ်သည်။ပြဿနာအားလုံးလည်းဖြေရှင်းပြီးပြီဖြစ်သောကြောင့် Daddyနှင့်ပါးပါးဆီက ခွင့်ပြုချက်ရဖို့ပဲလိုတော့သည်။

“မာန် ပြန်ချင်ပြီလား...အဲ့ဒါဆို မောင်တို့မနက်ဖြန်ပြန်ကြမလား...”
ကမ္ဘာ လုပ်လက်စများကိုရပ်လျှက် ချစ်ရသူ၏မျက်နှာလေး ကြည့်ရင်းမေးလိုက်သည်။

“ပြန်ချင်လို့မဟုတ်ပါဘူး...ကျွန်တော်ကမေးကြည့်တာ အကယ်၍ မောင်မပြန်သေးဘူးဆိုရင်... ကျွန်တော်တို့ မရောက်ဖူးသေးတဲ့နေရာတွေကျန်‌သေးတယ်လေ အကုန်လျှောက်လည်လို့ရတာပေါ့..ဟိုကောင် ထူးခြားလည်းပျင်းနေပြီထင်တယ် သူနဲ့အပြင်သွားလည်မလို့လေ...”

“မောင် လိုက်ပို့‌ပေးမယ်..သဘက်ခါကျရင်ပြန်မယ်လေ..ညနေကျရင် မောင့်ဝမ်းကွဲအစ်ကိုလာမှာ သူရော မောင်တို့နဲ့ပြန်လိုက်မယ်ထင်တယ်...”

“ဝမ်းကွဲအကို...”

“အွန်း မယ်မယ်ရဲ့ဆွေးမျိုးနီးစပ်ပါ...ဟော်နန်းအနွယ်ဝင်မဟုတ်ဘူး...သူကသွေးနှော...ပြည်ပမှာနေတာ..မနက်ဖြန် ပြန်လာမယ်ပြောတယ်..”

“ဟုတ် မောင် ...အာ...ဒါနဲ့လေ ...”
ဧကလေး အရင်နေ့တွေကတည်းကမေးချင်ပေမယ့် မေးသင့်၊မမေးသင့်ချင့်ချိန်နေသည်နှင့် မမေးဖြစ်သည့်အကြောင်းအရာကို အခုမနေနိုင်တော့၍ မေးဖို့ပြင်လိုက်သည်။

“မာန် ဘာပြောချင်လို့လဲဗျ..မောင် နားထောင်နေပါတယ်ခင်ဗျ..”

“မောင့်ကိုမေးစရာရှိလို့...”

“မေးပါဗျ...မာန့်အတွက်ဆို မဖြေနိုင်တဲ့မေးခွန်းမရှိစေရဘူးဗျာ...”

“မောင်နော်...”

“အဟွန်း!!!”

“ကျွန်တော် အတည်မေးမလို့...မောင် ဟိုလူကြီးကိုမမုန်းဘူးလားဟင်..ဦးစောဖလုံလေ သူကအတိတ်မှာဟိုအမတ်မဟုတ်လား...အစွဲအလမ်းကြီးတယ်ပဲဆိုဆို အငြှိုးအတေးကြီးတယ်ပဲပြောပြော ကျွန်တော်ကတော့ မောင့်ကိုထိခိုက်အောင်လုပ်တဲ့လူတိုင်းကိုဘယ်ဘဝနေနေမုန်း‌မိတယ်...”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now