အပိုင်း✨🍁(၂၂)

10.6K 1K 174
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၂)

"သတိရနေခဲ့တာ..."

"....."

ရုတ်တရက်ဆွဲဖက်လိုက်သော သန်မာသည့်လက်မောင်း‌များကြားထဲတွင် အံ့ဩလန့်ထိတ်စိတ်ဖြင့် ဧကလေးကိုယ်လေးမှာ အတောင့်လိုက်လေးဖြစ်နေသည်။
ဘယ်လိုတုန့်ပြန်မှုမျိုးပြန်ပေးရမလဲမသိဖြစ်နေခိုက်တွင် နားနားကပ်၍ ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသည့် အသံတိုးတိုးလေးဟာဆိုရင်ဖြင့် ဧကလေး၏အာရုံငါးပါးကို တိမ်းမှောက်သွားစေလေ‌တော့သည်။

"သျှင်းငယ်ကို...."

ဒဝီဦးခိုက် ရင်ခွင်ထဲ ခပ်တောင့်တောင့်လေးဖြစ်နေသော ကိုယ်လုံးသေးသေးလေးကို ပိုတိုးဖက်လိုက်ရင်း ကိုယ့်ရဲ့
ရုတ်တရက်ဆန်သောအပြုအမူများအောက်တွင် ရင်ခွင်ထဲမှကောင်လေးဟာတော့ အတောင့်လေးလိုက်မလှုပ်မယှက်ကြောင်နေသည်ကို သဘောကျစွာ ရယ်မိပြန်သည်။

"အဟွန်း!!!"

ဧကလေးလည်း ရုန်းထွက်ဖို့သတိမရသလို ဒဝီဦးခိုက်ကလည်းလွှတ်မပေးသဖြင့် အိပ်ဆောင်ထဲတွင် အချိန်ခဏမျှကြာသွားလေသည်။

"သခင်လေး အဲ...."

သက္ကမှာလည်း သခင်လေးမထွက်လာသေးသဖြင့် ဝင်လာရာ အရှင့်ရင်ခွင်ထဲမှ သခင်လေးအားတွေ့လိုက်ရသဖြင့် ပြောလက်စစကားတောင်ရပ်သွားရသည်။
သခင်လေးက အပေါက်ဝဘက်ကျောပေးထားသောကြောင့် မိမိအားမမြင်ရသော်လည်း အရှင်ကမူ မိမိနှင့်မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် မြင်လိုက်ရရာ ပယင်းရောင်မျက်ဝန်းများ၏စူးရှရှ အေးစက်စက်အကြည့်တွေက သက္ကအား ထွက်သွားဟုပြောနေသလိုပင်။
ကြက်သီးမွှေးညှင်းတွေပါထလာပြီးနောက် သက္က လာရာလမ်းအတိုင်း အသာဆုတ်ခွာရတော့လေသည်။
သူ့အသက်ငယ်ငယ်လေးဖြင့် နတ်ပြည်နတ်နန်းမကြွမြန်းချင်သေးပါ။
*ဘုရင်နဲ့ယောက်ဖတော်က အဲ့လောက်ထိဖက်လှဲတကင်းရင်းနှီးတာ ခုမမြင်ဖူးတာပဲ....တခြားဘုရင်နဲ့ယောက်ဖတော်တွေရောအဲ့ဒီလိုပဲလား...*
ဟုသက္ကအတွေးနယ်ချဲ့ရင်း မနီးမဝေးမှ စောင့်နေလိုက်သည်။

နွေးထွေးလုံခြုံတောင့်တင်းသောရင်ခွင်ကျယ်ထဲတွင်လူကအကြားအလပ်မရှိအဖက်ခံထားရသည့်အပြင် ပတ်ဝန်းကျင်ကတိတ်ဆိတ်‌နေရာ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် အရှိန်ပြင်းစွာတုန်ခါနေသော မိမိရင်ဘက်ထဲမှ နှလုံးရထားကြီး၏ခုတ်မောင်းသံ‌ကြားသောအခါမှ ဧကလေး အသိဝင်လာသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now