အပိုင်း✨🍁(၃၃)

8K 838 98
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၃)

မှောင်မိုက်နေသောညတစ်ခု၊အလင်းရောင်နှင့်တူသည်မှာ ပိုးစုန်းကြူးတစ်ကောင်ပင်မရှိသော တစ်ခုထဲသောညတွင် ညောင်စောင်းပေါ်မှ ပယင်းရောင်မျက်ဝန်းများပိုင်ရှင်သည် ငြိမ်သက်စွာအိပ်မောကျနေသည်။
ထိုအချိန်တွင် အခန်းတွင်းသို့ လေပွေအေးအေးတစ်ချို့က ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာပြီး ပယင်းရောင်မျက်ဝန်းတစ်စုံနားကိုဝေ့သီနေလေ၏။

လက်ခနဲတစ်ချက်ဖြစ်သွားသော လက်မှပယင်းကြိုးလေးနှင့်အတူ လေပွေလေးသည်လည်း ရုပ်လုံးကြွပေါ်လာသည်မှာ တဖြည်းဖြည်းနှင့် လူတစ်ယောက်၏ပုံရိပ်ပုံစံဖြစ်လာသည်။ထိုအဖြူရောင်ပုံရိပ်ဟာ အချိန်အတော်အတန်ကြာအောင်ထိ ရပ်ကြည့်နေပြီးနောက် အိပ်နေသည့်ပယင်း‌ ရောင်မျက်ဝန်းများပိုင်ရှင်ဆီသို့ အဖြူရောင်အလင်းတန်းတစ်ချို့ ထုတ်လွှတ်လိုက်ကာ ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့်အပြင်သို့ပြန်ထွက်ခွာသွားလေသည်။

တစ်ခဏမျှအချိန်ကြာပြီးနောက် ထိုအိပ်နေသော ပယင်းရောင်မျက်ဝန်းပိုင်ရှင်သည် ချွေးသီးချွေးပေါက်များပြန်လာကာ သွေးကြောများထောင်ထနေသော လက်တစ်စုံက စောင်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မျက်‌မှောင်တော်ကြုတ်၍ တစ်စုံတစ်ခုကိုငြင်းဆန်တားမြစ်နေသည်။
ထို့အခိုက် ပယင်းရောက်မျက်ဝန်းများက ဆတ်ခနဲပွင့်လာကာ ညောင်စောင်းပေါ်မှ အမြန်ထထိုင်လိုက်ပြီးနောက် ဘေးဘီကိုအမြန်ကြည့်၍ တစ်စုံတစ်ခုကိုရှာဖွေလိုက်သည်။
ပယင်းရောင်မျက်ဝန်းတစ်စုံက ဘေးမှ အသက်ရှူသံ‌ခပ်နွေးနွေးဖြင့် အိပ်ပျော်နေသော ချစ်မြတ်နိုးရသူကောင်ငယ်လေးကိုတွေ့လိုက်ရသည့်အခါမှ စိတ်ချသွားသလို သက်ပြင်းကိုအသာရှိုက်လိုက်မိသည်။

ဒဝီဦးခိုက် သက်ပြင်းကိုကြိတ်ရှိုက်ရင်း သျှင်းငယ်ကိုယ်ပေါ်မှ စောင်အပါးလေးကိုရင်ဘက်ထိဆွဲတင်ပေးလိုက်ကာ..

*အိမ်မက်ဆိုးတွေမက်နေတာပဲ...ဒါပေမဲ့ ထူးဆန်းတယ်..အိမ်မက်ထဲကအဖြစ်အပျက်မျိုးအပြင်မှာဖြစ်ခဲ့ဖူးသလိုခံစားနေရတယ်...အဲ့ဒီလူကဘယ်သူလဲ...ထူးထူးဆန်းဆန်းအဝတ်အစား‌တွေနဲ့အဲ့လူကဘယ်သူလဲ...တကယ်ပဲသူပြောပြသလို ကိစ္စတွေအများကြီးကဖြစ်ပျက်ခဲ့ပြီး သံသရာစက်ဝန်းတစ်ပတ်ပြန်လည်ကာ သျှင်းငယ်က ဒီကိုရောက်လာတာလား....ငါက သျှင်းငယ်ကို အတိတ်တစ်ခုမှာနာကျင်စေခဲ့တာလား...ဘာကိုအသိပေးချင်တာလဲ...*

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now