အပိုင်း✨🍁(၁၂)

11.7K 1.2K 72
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း ✨🍁(၁၂)

ခတ္တရာနှင့်ဧကလေးတို့ အစ်ကိုတော်သီဟရာဇာအား သူ၏အဆောင်တော်ကိုလိုက်ပို့ပေးရင်း အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေမိသည်။
လျှောက်လမ်းတစ်လျှောက် စကားတစ်ခွန်းမပြောပဲ တိတ်ဆိတ်စွာလျှောက်လာသော မောင်နှစ်မသုံးယောက်၏ ရင်ထဲတွင် တူညီနေသည့်အတွေးတစ်ခုဟာတော့ ဒီတစ်ခေါက်တွေ့စုံမှုပြီးလျှင် နောက်ထပ်တွေ့နိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းသည်ဆိုတာကိုပင်ဖြစ်သည်။

သီဟရာဇာ တိတ်ဆိတ်နေသော ညီငယ်နှင့်ညီမ‌ငယ်လေးအားကြည့်ကာ ပြုံးလိုက်ပြီး

“အစ်ကိုတော်နဲ့ဗိဿနိုးပြန်လိုက်ချင်လား...ခတ္တရာလေးနဲ့သျှင်းလေး....”

“ခတ္တရာ‌ပြုံးလိုက်ပြီး...
လိုက်ချင်ပေမယ့် လိုက်လို့မှမဖြစ်ပါပဲ အစ်ကိုတော်ရယ်....”

“သျှင်းလေးကရော....”

“ဗိဿနိုးလား...လိုက်တော့လိုက်ချင်ပါတယ်...ဒါပေမယ့် မလိုက်တော့ပါဘူး...
ကျွန်တော် ဒီမှာပဲ အစ်မတော်နဲ့နေခဲ့ပါ့မယ်...”
ဧကလေး ဗိဿနိုးက ဘယ်လိုဘယ်ပုံရှိသလဲမသိပေမယ့် အကြောင်းစုံမသိမချင်းသရေခေတ္တရာကလည်း ခွာလို့မဖြစ်သဖြင့်
စဉ်းစားရင်းပြောလိုက်သည်။

“ကောင်းပါပြီ...သတိရရင် လာချင်ရင် အစ်ကိုတော်ဆီကို အကြောင်းကြားလိုက်ပါ...
အစ်ကိုတော် အခေါ်တော်လွှတ်လိုက်ပါ့မယ်...မကြာမကြာလည်း အစ်ကိုတော်စာလွှာပါးလိုက်ပါ့မယ်....”

“ဟုတ်...”

“ခမည်းတော်ကိုနှုတ်ဆက်ဦးမလား...”

သီဟရာဇာ၏အမေးစကားအောက်မှာ ခတ္တရာငြိမ်သွားပြီး မောင်ငယ်လေးမျက်နှာကိုလှမ်းကြည့်လိုက်သည်။

ဧကလေး သူ့ကိုတစ်မျိုးလေး သနားသလို အားနာသလိုစသည့်အကြည့်မျိုးဖြင့် ကြည့်လာသော အစ်မတော်ကြောင့် ကြောင်တောင်တောင်လေးဖြစ်မိသွားရသည်။
အလားတူအကြည့်မျိုးဟာ အစ်ကိုတော်ဆီမှာပါ တွေ့လိုက်ရသဖြင့် အနည်းငယ်အမ်းသွားရသည်။သူ့အာရုံက သူတို့စကားဝိုင်းထဲမှာမရှိပဲ အစ်ကိုတော်လက်ထဲက အမိန့်ပြားဆီမှာသာ ရှိကြောင်းက သူအသိဆုံးပင်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Donde viven las historias. Descúbrelo ahora